ဂျူးအသိုင်းအဝိုင်းက တရုတ်နိုင်ငံသားများကို မခွဲခြားဟု သဘောထားထုတ်ပြန်

ဂျူးအသိုင်းအဝိုင်းက တရုတ်နိုင်ငံသားများကို မခွဲခြားဟု သဘောထားထုတ်ပြန်

ဂျူးအသိုင်းအဝိုင်းအနေဖြင့် တရုတ်နိုင်ငံသားများကို မခွဲခြားဘဲအတူတကွ ရပ်တည်သွားမည်ဟု အတည်ပြု ပြောကြားထားသည့် စာတစ်စောင်ကို အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကျူတင်ကိုင်းထံသို့ ပြည်သူ့ရေးရာဂျူးကောင်စီအဖွဲ့က ပေးအပ်လိုက် ပါတယ်။

ဝါရှင်တန်မြို့ရှိ တရုတ်သံရုံး၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲသို့ အဆိုပါ ကောင်စီ၏ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌဖြစ်သူ ဒေးဗစ်ဘန်စတိန်း နှင့် အခြားသော အမေရိကန်ဂျူးကိုယ်စားလှယ်များလည်း တက်ရောက်ကာ ကော်ရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်လူမျိုးများ ခွဲခြားဆက်ဆံခဲ့ရမှု မြင့်တက်နေခြင်းအပေါ် ဆွေးနွေးခဲ့ကြပါတယ်။

ယင်းကဲ့သို့ အားပေးထောက်ခံမှုအပေါ် သံအမတ်ကြီးကျူက ကျေးဇူးတင်ကြောင်းနှင့် နှစ်ဖက်အသိုင်းအဝိုင်းကြား ဆက်လက် ပူးပေါင်း လက်တွဲသွားမည်ဟု ပြောကြားခဲ့ပါတယ်။တရုတ်ပြည်သူများနှင့် ၎င်းတို့၏ လုပ်ငန်းများကို မရှောင်ကြရန် ပြည်သူများအား တိုက်တွန်း သည့် စာတွင် ဂျူးအဖွဲ့ ၇၅ ဖွဲ့မှ လက်မှတ်ရေးထိုး၍ အမေရိကန်ရှိ အာရှအသိုင်းအဝိုင်း အကြီးအကဲများနှင့် အဖွဲ့အစည်းများထံသို့  ပေးပို့ခဲ့ပါတယ်။ဘန်စတိန်းက “တရုတ်ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ ချစ်ခြင်းမေတ္တာ၊ ညီညွတ်မှုနဲ့ ရင်းနှီးမှုကို သိစေချင်ပါတယ်” ဟု ပြောကြားပါတယ်။

ယခုရောဂါဖြစ်ပွားမှုဖြစ်စဉ်တွင် ဂျူးများအနေဖြင့် တရုတ်ပြည်သူများနှင့် ဆက်ဆံရေးပိုမိုကောင်းမွန်စေရန်နှင့် နှစ်ဖက်အသိုင်းအဝိုင်း အကြား ကာလရှည်ကြာ ဆက်ဆံရေးကို တိုးမြှင့်ရန် အခွင့်အရေးတစ်ရပ်ကို လုပ်ဆောင်လိုခြင်း ဖြစ်ပါတယ်။ဒုတိယ ကမ္ဘာစစ်အတွင်းက တရုတ်အစိုးရက ဂျူးဒုက္ခသည်များကို လက်ခံခဲ့ရာ အများစုသည် လက်ရှိအချိန်ထိ နိုင်ငံတွင်း နေထိုင်နေကြဆဲ ဖြစ်ပါတယ်။

World Journal တွင် ဖော်ပြချက်အရ ပြည်သူ့ရေးရာဂျူးကောင်စီနှင့် ပြည်သူ့ဆက်ဆံရေးဂျူကောင်စီဝင်များသည် ဖေဖော်ဝါရီ ၁၆ ရက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူများရှောင်နေကြသော နယူးယောက်မြို့ရှိ တရုတ်တန်းကို သွားရောက်ကာ စားသောက်ဆိုင်များတွင် စားသောက်ခြင်းဖြင့် တရုတ်အသိုင်းအဝိုင်းကို ထောက်ခံကြောင်း ပြသခဲ့ပါတယ်။  

Linko
Ref: CGTN
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၇

(  Zawgyi  )

 ဂ်ဴးအသိုင္းအဝိုင္းအေနျဖင့္ တ႐ုတ္ႏိုင္ငံသားမ်ားကို မခြဲျခားဘဲအတူတကြ ရပ္တည္သြားမည္ဟု အတည္ျပဳ ေျပာၾကားထားသည့္ စာတစ္ေစာင္ကို အေမရိကန္ႏိုင္ငံဆိုင္ရာ တ႐ုတ္သံအမတ္ႀကီးက်ဴတင္ကိုင္းထံသို႔ ျပည္သူ႔ေရးရာဂ်ဴးေကာင္စီအဖြဲ႕က ေပးအပ္လိုက္ ပါတယ္။

ဝါရွင္တန္ၿမိဳ႕ရွိ တ႐ုတ္သံ႐ုံး၌ ျပဳလုပ္ခဲ့သည့္ ေဆြးေႏြးပြဲသို႔ အဆိုပါ ေကာင္စီ၏ အမႈေဆာင္အရာရွိခ်ဳပ္ႏွင့္ ဥကၠ႒ျဖစ္သူ ေဒးဗစ္ဘန္စတိန္း ႏွင့္ အျခားေသာ အေမရိကန္ဂ်ဴးကိုယ္စားလွယ္မ်ားလည္း တက္ေရာက္ကာ ေကာ္႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္လူမ်ိဳးမ်ား ခြဲျခားဆက္ဆံခဲ့ရမႈ ျမင့္တက္ေနျခင္းအေပၚ ေဆြးေႏြးခဲ့ၾကပါတယ္။

ယင္းကဲ့သို႔ အားေပးေထာက္ခံမႈအေပၚ သံအမတ္ႀကီးက်ဴက ေက်းဇူးတင္ေၾကာင္းႏွင့္ ႏွစ္ဖက္အသိုင္းအဝိုင္းၾကား ဆက္လက္ ပူးေပါင္း လက္တြဲသြားမည္ဟု ေျပာၾကားခဲ့ပါတယ္။တ႐ုတ္ျပည္သူမ်ားႏွင့္ ၎တို႔၏ လုပ္ငန္းမ်ားကို မေရွာင္ၾကရန္ ျပည္သူမ်ားအား တိုက္တြန္း သည့္ စာတြင္ ဂ်ဴးအဖြဲ႕ ၇၅ ဖြဲ႕မွ လက္မွတ္ေရးထိုး၍ အေမရိကန္ရွိ အာရွအသိုင္းအဝိုင္း အႀကီးအကဲမ်ားႏွင့္ အဖြဲ႕အစည္းမ်ားထံသို႔  ေပးပို႔ခဲ့ပါတယ္။ဘန္စတိန္းက “တ႐ုတ္ျပည္သူေတြအေနနဲ႔ ကြၽန္ေတာ္တို႔ရဲ႕ ခ်စ္ျခင္းေမတၱာ၊ ညီၫြတ္မႈနဲ႔ ရင္းႏွီးမႈကို သိေစခ်င္ပါတယ္” ဟု ေျပာၾကားပါတယ္။

ယခုေရာဂါျဖစ္ပြားမႈျဖစ္စဥ္တြင္ ဂ်ဴးမ်ားအေနျဖင့္ တ႐ုတ္ျပည္သူမ်ားႏွင့္ ဆက္ဆံေရးပိုမိုေကာင္းမြန္ေစရန္ႏွင့္ ႏွစ္ဖက္အသိုင္းအဝိုင္း အၾကား ကာလရွည္ၾကာ ဆက္ဆံေရးကို တိုးျမႇင့္ရန္ အခြင့္အေရးတစ္ရပ္ကို လုပ္ေဆာင္လိုျခင္း ျဖစ္ပါတယ္။ဒုတိယ ကမာၻစစ္အတြင္းက တ႐ုတ္အစိုးရက ဂ်ဴးဒုကၡသည္မ်ားကို လက္ခံခဲ့ရာ အမ်ားစုသည္ လက္ရွိအခ်ိန္ထိ ႏိုင္ငံတြင္း ေနထိုင္ေနၾကဆဲ ျဖစ္ပါတယ္။

World Journal တြင္ ေဖာ္ျပခ်က္အရ ျပည္သူ႔ေရးရာဂ်ဴးေကာင္စီႏွင့္ ျပည္သူ႔ဆက္ဆံေရးဂ်ဴေကာင္စီဝင္မ်ားသည္ ေဖေဖာ္ဝါရီ ၁၆ ရက္က ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူမ်ားေရွာင္ေနၾကေသာ နယူးေယာက္ၿမိဳ႕ရွိ တ႐ုတ္တန္းကို သြားေရာက္ကာ စားေသာက္ဆိုင္မ်ားတြင္ စားေသာက္ျခင္းျဖင့္ တ႐ုတ္အသိုင္းအဝိုင္းကို ေထာက္ခံေၾကာင္း ျပသခဲ့ပါတယ္။  

Linko
Ref: CGTN
ဝါရွင္တန္၊ ေဖေဖာ္ဝါရီ ၂၇