ငြိမ်းချမ်းရေး ဆွေးနွေးပြီး နာရီပိုင်းအကြာတွင် အာဖဂန်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

ငြိမ်းချမ်းရေး ဆွေးနွေးပြီး နာရီပိုင်းအကြာတွင် အာဖဂန်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

အာဖဂန်နစ္စတန်တပ်ဖွဲ့များကို ကာကွယ်ပေးရန် တာလီဘန်တို့ကို ယမန်နေ့က လေကြောင်းတိုက်ခိုက်မှု တစ်ခု ပြုလုပ်ခဲ့ ကြောင်း အမေရိကန်စစ်တပ်တာဝန်ရှိသူတစ်ဦးက ပြောကြားပါတယ်။အမေရိကန်-အာဖဂန်ပူးတွဲတပ်ဖွဲ့ပြောခွင့်ရ ဆန်နီလက်ဂက်က ဟဲလ်မန်း ပြည်နယ်ရှိ အာဖဂန်တပ်ဖွဲ့များ၏ စစ်ဆေးရေးစခန်းများကို တိုက်ခိုက်လာသည့် တာလီဘန်တို့ကို ဟန့်တာ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောကြား ပါတယ်။

ယခုတိုက်ခိုက်မှုသည် ဟဲလ်မန်းပြည်နယ်တွင် ၁၁ ရက်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အမေရိကန်တပ်ဖွဲ့များ အာဖဂန်မှ ရုပ်သိမ်းရေးပါဝင်သည့် သမိုင်းဝင်သဘောတူညီချက်ကို ရေးထိုးပြီးနောက် သမ္မတ ဒေါ်နယ်ထရမ့်က တာလီဘန်နိုင်ငံရေးအကြီးအကဲနှင့် ဖုန်းပြောဆိုရာတွင် ဆက်ဆံရေးအဆင်ပြေသည်ဟု ပြောကြားခဲ့ပြီး နာရီပိုင်းအကြာတွင် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် စိုးရိမ်စရာလည်း ဖြစ်လာပါတယ်။

ကာတာနိုင်ငံတွင် လက်မှတ်ရေးထိုးပြီးချိန်မှစ၍ တာလီဘန်များသည် အာဖဂန်တပ်များအား တိုးမြှင့် တိုက်ခိုက်လာခဲ့ရာ  ရက်သတ္တပတ် ၁ ပတ်ခန့် တိုက်ပွဲများ ရပ်ဆိုင်းထားသောကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်ပူပန်မှုများ သက်သာခဲ့ရခြင်းသည်လည်း အဆုံးသတ် သွားခဲ့ပါတယ်။

မတ်လ ၃ရက်တစ်နေ့တည်း၌ပင် ဟဲလ်မန်းရှိ စစ်ဆေးရေးစခန်းများကို ၄၃ ကြိမ်အထိတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။၎င်းတို့၏ ညလုံးပေါက် တိုက်ခိုက်မှုကြောင့် အာဖဂန်စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးသွားကြောင်း အာဖဂန်အစိုးရက သတင်းထုတ်ပြန်ပါတယ်။

Linko
Ref: AFP
ကဘူးလ်၊ မတ် ၅

(  Zawgyi  )

 အာဖဂန္နစၥတန္တပ္ဖြဲ႕မ်ားကို ကာကြယ္ေပးရန္ တာလီဘန္တို႔ကို ယမန္ေန႔က ေလေၾကာင္းတိုက္ခိုက္မႈ တစ္ခု ျပဳလုပ္ခဲ့ ေၾကာင္း အေမရိကန္စစ္တပ္တာဝန္ရွိသူတစ္ဦးက ေျပာၾကားပါတယ္။အေမရိကန္-အာဖဂန္ပူးတြဲတပ္ဖြဲ႕ေျပာခြင့္ရ ဆန္နီလက္ဂက္က ဟဲလ္မန္း ျပည္နယ္ရွိ အာဖဂန္တပ္ဖြဲ႕မ်ား၏ စစ္ေဆးေရးစခန္းမ်ားကို တိုက္ခိုက္လာသည့္ တာလီဘန္တို႔ကို ဟန႔္တာ တိုက္ခိုက္ျခင္း ျဖစ္ေၾကာင္း ေျပာၾကား ပါတယ္။

ယခုတိုက္ခိုက္မႈသည္ ဟဲလ္မန္းျပည္နယ္တြင္ ၁၁ ရက္အတြင္း ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။ အေမရိကန္တပ္ဖြဲ႕မ်ား အာဖဂန္မွ ႐ုပ္သိမ္းေရးပါဝင္သည့္ သမိုင္းဝင္သေဘာတူညီခ်က္ကို ေရးထိုးၿပီးေနာက္ သမၼတ ေဒၚနယ္ထရမ့္က တာလီဘန္ႏိုင္ငံေရးအႀကီးအကဲႏွင့္ ဖုန္းေျပာဆိုရာတြင္ ဆက္ဆံေရးအဆင္ေျပသည္ဟု ေျပာၾကားခဲ့ၿပီး နာရီပိုင္းအၾကာတြင္ ယခုတိုက္ခိုက္မႈ ျဖစ္ပြားခဲ့ရာ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားအတြက္ စိုးရိမ္စရာလည္း ျဖစ္လာပါတယ္။

ကာတာႏိုင္ငံတြင္ လက္မွတ္ေရးထိုးၿပီးခ်ိန္မွစ၍ တာလီဘန္မ်ားသည္ အာဖဂန္တပ္မ်ားအား တိုးျမႇင့္ တိုက္ခိုက္လာခဲ့ရာ  ရက္သတၱပတ္ ၁ ပတ္ခန႔္ တိုက္ပြဲမ်ား ရပ္ဆိုင္းထားေသာေၾကာင့္ ေဒသခံမ်ားအေနျဖင့္ စိုးရိမ္ပူပန္မႈမ်ား သက္သာခဲ့ရျခင္းသည္လည္း အဆုံးသတ္ သြားခဲ့ပါတယ္။

မတ္လ ၃ရက္တစ္ေန႔တည္း၌ပင္ ဟဲလ္မန္းရွိ စစ္ေဆးေရးစခန္းမ်ားကို ၄၃ ႀကိမ္အထိတိုက္ခိုက္ခဲ့ေၾကာင္း ၎က ေျပာပါတယ္။၎တို႔၏ ညလုံးေပါက္ တိုက္ခိုက္မႈေၾကာင့္ အာဖဂန္စစ္သားႏွင့္ ရဲတပ္ဖြဲ႕ဝင္ ၂၀ ဦးထက္မနည္း ေသဆုံးသြားေၾကာင္း အာဖဂန္အစိုးရက သတင္းထုတ္ျပန္ပါတယ္။

Linko
Ref: AFP
ကဘူးလ္၊ မတ္ ၅