စက်တင်ဘာလအတွင်း ဗြိတိန်အတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်း ၃၀ ရမည်

စက်တင်ဘာလအတွင်း ဗြိတိန်အတွက် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး သန်း ၃၀ ရမည်

အစောဆုံးအနေဖြင့် စက်တင်ဘာလတွင် ကာကွယ်ဆေး သန်းပေါင်းများစွာရရှိမည့် စံချိန်တင်သဘောတူညီချက်ကို ဗြိတိန်ဝန်ကြီးများက ကြေညာပြီး အစိုးရသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအတွက် နောက်ထပ် ပေါင် ၈၄ သန်း ထပ်မံရင်းနှီးမြှုပ်နှံလိုက်သည်။

ထိုသို့ နောက်ထပ် ငွေကြေးစိုက်ထုတ်ခြင်းသည် ကမ္ဘာတဝှမ်း ကူးစက်ရောဂါကို နောက်ဆုံးတွင် အဆုံးသတ်ပေးမည့် ကာကွယ်ဆေးရှာဖွေရန် ကမ္ဘာတဝှမ်းအားထုတ်မှုတွင် ပါဝင်နေသည့် အောက်စ်ဖို့ဒ် တက္ကသိုလ်နှင့် လန်ဒန် အင်ပီရီယယ်ကောလိပ်မှ အဖွဲ့များကို ပံ့ပိုးရန်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်း ဝန်ကြီး အလော့ ရှားမား က ပြောသည်။

အောက်စ်ဖို့ဒ်သည် တစ်ချိန်တည်းတွင် ကမ္ဘာတဝှမ်း ကာကွယ်ဆေး သန်း ၁၀၀ ထုတ်လုပ်ရန် AstraZeneca နှင့်လည်း စာချုပ်ချုပ်ထားပြီး ကာကွယ်ဆေးအောင်မြင်ပါက ၎င်းတို့အနက်မှ သန်း ၃၀ ကို ဗြိတိန်က ရရှိမည်ဖြစ်သည်။

“ဗြိတိန်နိုင်ငံဟာ ပထမဆုံးရရှိမှာဖြစ်ပေမယ့် ဒီနိုင်ငံကလူတွေအတွက်အပြင် ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူတွေအတွက် အသက်သာဆုံး ဈေးနှုန်းနဲ့ရနိုင်အောင် ကျနော်တို့ လုပ်ဆောင်ပေးမယ်” ဟု သူက နေ့စဉ် No.10 သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထိုကြေညာချက်သည် ကာကွယ်ဆေးတွေ့ရှိရန် မျှော်လင့်ချက်ကို အားတက်စေသော်လည်း ဆက်လက်လုပ်ဆောင်စရာ များစွာရှိသေးကြောင်းနှင့် ထိုကာကွယ်ဆေးရှာဖွေမှုသည် မအောင်မြင်ဘဲလည်း အဆုံးသတ်သွားနိုင်ကြောင်း ဘောရစ်ဂျွန်ဆင် က အစောပိုင်းတွင် သတိပေးခဲ့သည်။

တနင်္ဂနွေနေ့က The Mail တွင် ရေးသားရာ၌ ဘောရစ်ဂျွန်ဆင် က “အများကြီး ရှေ့ဆက်လုပ်ဖို့လိုသေးတယ်။ပွင့်ပွင့်လင်းလင်းပြောရရင် ကာကွယ်ဆေးက အကောင်အထည်ပေါ်ချင်မှလည်း ပေါ်လာမယ်” ဟု သူဖေါ်ပြခဲ့သည်။

သို့သော် အောက်စ်ဖို့ဒ်မှ ကာကွယ်ဆေးသည် ယခုအပါတ်အစောပိုင်းက အဆင့် ၁ တွင် ပါဝင်စမ်းသပ်ခံသူများတွင် ကောင်းစွာအောင်မြင်တိုးတက်မှုရှိနေကြောင်း ရှားမား က ပြောသည်။

“ဒီရှုပ်ထွေးတဲ့ စမ်းသပ်မှုကို အောက်စ်ဖို့ဒ်တက္ကသိုလ်က လုပ်နေတဲ့နှုန်းက အရင်တစ်ခါမှ မကြုံဖူးလောက်အောင်မြန်တယ်” ဟု ရှားမား က ပြောသည်။

သုတေသနအတွက် နောက်ထပ် ရန်ပုံငွေ ထောက်ပံ့ခြင်းသည် အောင်မြင်ပါက ဗြိတိန်နိုင်ငံသားများ ချက်ခြင်းကာကွယ်ဆေးထိုးနိုင်ရန် အများအပြားထုတ်လုပ်ရာတွင် အထောက်အကူပြုမည်ဟု သူကပြောသည်။

ထို့အပြင် အစိုးရသည် ဗြိတိန်နိုင်ငံ၏ ပထမဆုံး ကာကွယ်ဆေးထုတ်လုပ်မှု တီထွင်ဆန်းသစ်ရေးဌာန ပြီးစီးရေးအတွက် အရှိန်အဟုန်မြှင့်တင်ရန် ပေါင် ၉၃ သန်း အသုံးပြုမည်ဖြစ်ကြောင်းလည်း သူကပြောသည်။

လက်ရှိတည်ဆောက်နေပြီဖြစ်သော အောက်စ်ဖို့ဒ်ရှိုင်းယားမှ ဟာဝဲလ်ရှိ ထိုဌာနကို သတ်မှတ်ချိန်ထက် တစ်နှစ်စောပြီး ၂၀၂၁ ခုနှစ် နွေရာသီတွင် ဖွင့်လှစ်နိုင်မည်ဟု မျှော်လင့်ရသည်။

ထိုဌာနလုပ်ငန်းလည်ပတ်သည်နှင့်ညတပြိုင်နက် ၆ လအတွင်း ဗြိတိန်တစ်နိုင်ငံလုံးမှ လူများအတွက် ကာကွယ်ဆေးများကို ထုတ်လုပ်နိုင်သော စွမ်းရည်ရှိမည်ဟု ဆိုသည်။

ထိုထက်စောပြီး ကာကွယ်ဆေးတွေ့ရှိပါက အစိုးရသည် အလျှင်အမြန် ကာကွယ်ဆေးထုတ်လုပ်ရေး စက်ရုံတစ်ခုတည်ဆောက်ရန် ပေါင် ၃၈ သန်း သုံးမည်ဟုဆိုသည်။ထိုစက်ရုံသည် လာမည့်နွေရာသီတွင် သူ့အတိုင်းအတာနှင့်သူ စတင်ထုတ်လုပ်နိုင်မည်ဟုလည်း သူကပြောသည်။

“ဗြိတိန်အစိုးရဟာ ကမ္ဘာ့ကာကွယ်ရေး ရှာဖွေရေးလုပ်ငန်းမှာ ဆက်လက်ဦးဆောင်နေပြီး အမြန်ဆုံးထုတ်လုပ်နိုင်ရေးအတွက် အစိုးရက ပညာရှင်တွေကို ထောက်ခံအားပေးနေတယ်” ဟု သူကပြောသည်။

သို့သော် ထိုကာကွယ်ဆေးရှာဖွေခြင်း မအောင်မြင်ပါက လက်တွေ့စမ်းသပ်ကုသနေသည့် အခြားဆေး ၆ မျိုး ရှိသေးကြောင်း လည်း သူကပြောသည်။

ကျန်းမာရေးဌာန၏ စာရင်းများအရ စနေနေ့ညနေ ၅ နာရီအထိ လူ ၃၄၆၃၆ ဦး ရောဂါပိုးတွေ့ရှိ သေဆုံးကြောင်းနှင့် သေဆုံးသူအရေအတွက်သည် ယခင်တစ်ရက်ကထက် ဦးရေ ၁၇၀ ပိုမိုများပြားလာချိန်တွင် အထက်ပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

Linko
Ref : irishnews.com
လန်ဒန်၊ မေ - ၁၈

( Zawgyi )

အေစာဆုံးအေနျဖင့္ စက္တင္ဘာလတြင္ ကာကြယ္ေဆး သန္းေပါင္းမ်ားစြာရရွိမည့္ စံခ်ိန္တင္သေဘာတူညီခ်က္ကို ၿဗိတိန္ဝန္ႀကီးမ်ားက ေၾကညာၿပီး အစိုးရသည္ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးအတြက္ ေနာက္ထပ္ ေပါင္ ၈၄ သန္း ထပ္မံရင္းႏွီးျမႇဳပ္ႏွံလိုက္သည္။

ထိုသို႔ ေနာက္ထပ္ ေငြေၾကးစိုက္ထုတ္ျခင္းသည္ ကမာၻတဝွမ္း ကူးစက္ေရာဂါကို ေနာက္ဆုံးတြင္ အဆုံးသတ္ေပးမည့္ ကာကြယ္ေဆးရွာေဖြရန္ ကမာၻတဝွမ္းအားထုတ္မႈတြင္ ပါဝင္ေနသည့္ ေအာက္စ္ဖို႔ဒ္ တကၠသိုလ္ႏွင့္ လန္ဒန္ အင္ပီရီယယ္ေကာလိပ္မွ အဖြဲ႕မ်ားကို ပံ့ပိုးရန္ျဖစ္ေၾကာင္း စီးပြားေရးလုပ္ငန္း ဝန္ႀကီး အေလာ့ ရွားမား က ေျပာသည္။

ေအာက္စ္ဖို႔ဒ္သည္ တစ္ခ်ိန္တည္းတြင္ ကမာၻတဝွမ္း ကာကြယ္ေဆး သန္း ၁၀၀ ထုတ္လုပ္ရန္ AstraZeneca ႏွင့္လည္း စာခ်ဳပ္ခ်ဳပ္ထားၿပီး ကာကြယ္ေဆးေအာင္ျမင္ပါက ၎တို႔အနက္မွ သန္း ၃၀ ကို ၿဗိတိန္က ရရွိမည္ျဖစ္သည္။

“ၿဗိတိန္ႏိုင္ငံဟာ ပထမဆုံးရရွိမွာျဖစ္ေပမယ့္ ဒီႏိုင္ငံကလူေတြအတြက္အျပင္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြက လူေတြအတြက္ အသက္သာဆုံး ေဈးႏႈန္းနဲ႔ရႏိုင္ေအာင္ က်ေနာ္တို႔ လုပ္ေဆာင္ေပးမယ္” ဟု သူက ေန႔စဥ္ No.10 သတင္းစာရွင္းလင္းပြဲတြင္ ေျပာသည္။

ထိုေၾကညာခ်က္သည္ ကာကြယ္ေဆးေတြ႕ရွိရန္ ေမွ်ာ္လင့္ခ်က္ကို အားတက္ေစေသာ္လည္း ဆက္လက္လုပ္ေဆာင္စရာ မ်ားစြာရွိေသးေၾကာင္းႏွင့္ ထိုကာကြယ္ေဆးရွာေဖြမႈသည္ မေအာင္ျမင္ဘဲလည္း အဆုံးသတ္သြားႏိုင္ေၾကာင္း ေဘာရစ္ဂြၽန္ဆင္ က အေစာပိုင္းတြင္ သတိေပးခဲ့သည္။

တနဂၤေႏြေန႔က The Mail တြင္ ေရးသားရာ၌ ေဘာရစ္ဂြၽန္ဆင္ က “အမ်ားႀကီး ေရွ႕ဆက္လုပ္ဖို႔လိုေသးတယ္။ပြင့္ပြင့္လင္းလင္းေျပာရရင္ ကာကြယ္ေဆးက အေကာင္အထည္ေပၚခ်င္မွလည္း ေပၚလာမယ္” ဟု သူေဖၚျပခဲ့သည္။

သို႔ေသာ္ ေအာက္စ္ဖို႔ဒ္မွ ကာကြယ္ေဆးသည္ ယခုအပါတ္အေစာပိုင္းက အဆင့္ ၁ တြင္ ပါဝင္စမ္းသပ္ခံသူမ်ားတြင္ ေကာင္းစြာေအာင္ျမင္တိုးတက္မႈရွိေနေၾကာင္း ရွားမား က ေျပာသည္။

“ဒီရႈပ္ေထြးတဲ့ စမ္းသပ္မႈကို ေအာက္စ္ဖို႔ဒ္တကၠသိုလ္က လုပ္ေနတဲ့ႏႈန္းက အရင္တစ္ခါမွ မႀကဳံဖူးေလာက္ေအာင္ျမန္တယ္” ဟု ရွားမား က ေျပာသည္။

သုေတသနအတြက္ ေနာက္ထပ္ ရန္ပုံေငြ ေထာက္ပံ့ျခင္းသည္ ေအာင္ျမင္ပါက ၿဗိတိန္ႏိုင္ငံသားမ်ား ခ်က္ျခင္းကာကြယ္ေဆးထိုးႏိုင္ရန္ အမ်ားအျပားထုတ္လုပ္ရာတြင္ အေထာက္အကူျပဳမည္ဟု သူကေျပာသည္။

ထို႔အျပင္ အစိုးရသည္ ၿဗိတိန္ႏိုင္ငံ၏ ပထမဆုံး ကာကြယ္ေဆးထုတ္လုပ္မႈ တီထြင္ဆန္းသစ္ေရးဌာန ၿပီးစီးေရးအတြက္ အရွိန္အဟုန္ျမႇင့္တင္ရန္ ေပါင္ ၉၃ သန္း အသုံးျပဳမည္ျဖစ္ေၾကာင္းလည္း သူကေျပာသည္။

လက္ရွိတည္ေဆာက္ေနၿပီျဖစ္ေသာ ေအာက္စ္ဖို႔ဒ္ရႈိင္းယားမွ ဟာဝဲလ္ရွိ ထိုဌာနကို သတ္မွတ္ခ်ိန္ထက္ တစ္ႏွစ္ေစာၿပီး ၂၀၂၁ ခုႏွစ္ ေႏြရာသီတြင္ ဖြင့္လွစ္ႏိုင္မည္ဟု ေမွ်ာ္လင့္ရသည္။

ထိုဌာနလုပ္ငန္းလည္ပတ္သည္ႏွင့္ညတၿပိဳင္နက္ ၆ လအတြင္း ၿဗိတိန္တစ္ႏိုင္ငံလုံးမွ လူမ်ားအတြက္ ကာကြယ္ေဆးမ်ားကို ထုတ္လုပ္ႏိုင္ေသာ စြမ္းရည္ရွိမည္ဟု ဆိုသည္။

ထိုထက္ေစာၿပီး ကာကြယ္ေဆးေတြ႕ရွိပါက အစိုးရသည္ အလွ်င္အျမန္ ကာကြယ္ေဆးထုတ္လုပ္ေရး စက္႐ုံတစ္ခုတည္ေဆာက္ရန္ ေပါင္ ၃၈ သန္း သုံးမည္ဟုဆိုသည္။ထိုစက္႐ုံသည္ လာမည့္ေႏြရာသီတြင္ သူ႔အတိုင္းအတာႏွင့္သူ စတင္ထုတ္လုပ္ႏိုင္မည္ဟုလည္း သူကေျပာသည္။

“ၿဗိတိန္အစိုးရဟာ ကမာၻ႔ကာကြယ္ေရး ရွာေဖြေရးလုပ္ငန္းမွာ ဆက္လက္ဦးေဆာင္ေနၿပီး အျမန္ဆုံးထုတ္လုပ္ႏိုင္ေရးအတြက္ အစိုးရက ပညာရွင္ေတြကို ေထာက္ခံအားေပးေနတယ္” ဟု သူကေျပာသည္။

သို႔ေသာ္ ထိုကာကြယ္ေဆးရွာေဖြျခင္း မေအာင္ျမင္ပါက လက္ေတြ႕စမ္းသပ္ကုသေနသည့္ အျခားေဆး ၆ မ်ိဳး ရွိေသးေၾကာင္း လည္း သူကေျပာသည္။

က်န္းမာေရးဌာန၏ စာရင္းမ်ားအရ စေနေန႔ညေန ၅ နာရီအထိ လူ ၃၄၆၃၆ ဦး ေရာဂါပိုးေတြ႕ရွိ ေသဆုံးေၾကာင္းႏွင့္ ေသဆုံးသူအေရအတြက္သည္ ယခင္တစ္ရက္ကထက္ ဦးေရ ၁၇၀ ပိုမိုမ်ားျပားလာခ်ိန္တြင္ အထက္ပါေၾကညာခ်က္ ထြက္ေပၚလာျခင္းျဖစ္သည္။

Linko
Ref : irishnews.com
လန္ဒန္၊ ေမ - ၁၈