စစ်ဘက် ဂြိုဟ်တုတစ်လုံးကို အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ အောင်မြင်စွာ လွှတ်တင်

စစ်ဘက် ဂြိုဟ်တုတစ်လုံးကို အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ အောင်မြင်စွာ လွှတ်တင်

အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC) က စစ်ဖက်ဆိုင်ရာ ဂြိုဟ်တုတစ်လုံးကို ကမ္ဘာပတ် လမ်းကြောင်း အတွင်းသို့ အောင်မြင်စွာ ပစ်လွှတ်လိုက်ပါတယ်။

 Nur (အလင်းရောင်) ဟု အမည်ပေးထားသည့် ဂြိုဟ်တုသည် အဆင့် ၃ ဆင့်ပါ ဒုံးကျည်ဖြင့် သယ်ဆောင် ပစ်လွှတ်ပြီးနောက် အာကာသပတ်လမ်းအတွင်း အမြင့် ၄၂၅ ကီလိုမီတာ (၂၆၅ မိုင်)သို့ ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တစ်စောင်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲရိုက အီရန်အနေဖြင့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်သော ကြောင့် ယခုလုပ်ရပ်အပေါ် တာဝန်ယူရမည်ဟု ပြောကြားလိုက်ပါတယ်။အမေရိကန် သမ္မတဒေါ်တယ်ထရမ့်က အီရန်လက်နက်တပ် စစ်ရေယာဉ်များက နှောက်ယှက်မှု များကို လုပ်ဆောင်လာပါက ပစ်ခတ်ဖျက်ဆီးပစ်ရန် ရေတပ်ဖွဲ့ကို ညွှန်ကြားထားပြီး ဖြစ်သည်ဟု တွစ်တာမှာ ရေးသားခဲ့ပါတယ်။

 IRGC ၏ ရေယာဉ် ၁၁ စင်းသည် ပင်လယ်ကွေ့ဒေသတွင် အမေရိကန်ရေတပ်နှင့် ကမ်းရိုးတန်း စောင့် သင်္ဘော ၆ စင်းတို့ကို အကြိမ်များစွာ ချည်းကပ် နှောက်ယှက်ခဲ့ခြင်းအပေါ် ရည်ရွယ်၍ သမ္မတထရမ့်က ရည်ညွှန်းပြောကြားခဲ့ ခြင်း ဖြစ်ပါတယ်။

ယခုကဲ့သို့ ဂြိုဟ်တု လွှတ်တင်မှုကို အလယ်ပိုင်း သဲကန္တာရတွင် ဧပြီ ၂၂ ရက်က လွှတ်တင်ခဲ့ခြင်း ဖြစ်ကြောင်း IRGC က ထုတ်ပြန်ထားပါတယ်။ မဟာဗျူဟာမြောက် သတင်းအချက်အလက် စွမ်းရည် မြှင့်တင်ရေးအတွက် အဓိကကျသည့် ခြေလှမ်းတစ်ရပ်ကို လုပ်ဆောင်ခဲ့ခြင်း ဖြစ် ကြောင်း IRGC ၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ် ဟူစိန်ဆာလာမီက ပြောကြားပါတယ်။

“အခုဆိုရင် ကျွန်တော်တို့က ကမ္ဘာကြီးကို ကောင်းကင်ကနေ ကြည့်နိုင်ပါပြီ။ ကမ္ဘာအင်အားကြီး နိုင်ငံတစ်နိုင်ဖြစ်လာဖို့ အစပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့ပါတယ်။အီရန်အနေ ဖြင့် Zafar ဆက်သွယ်ရေးဂြိုဟ်တုကို ဖေဖော်ဝါရီလအတွင်းက လွှတ်တင်ခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့သလို ယမန်နှစ်က နှစ်ကြိမ်လွှတ်တင်မှုသည်လည်း မအောင်မြင်ခဲ့ပေ။

ဂြိုဟ်တုလွှတ်တင်ရာတွင် အသုံးပြုသည့် နည်းပညာသည် အီရန်အတွက် တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည် (ICBM) ထုတ်လုပ်ရေးအတွက် အထောက်အပံ့ဖြစ်စေနိုင်ကြောင်း အမေရိကန် အစိုးရ က သတိပေးထားပါတယ်။

Linko
Ref: BBC
တီဟီရန်၊ ဧပြီ ၂၃

(  Zawgyi  )

 အီရန္ ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕(IRGC) က စစ္ဖက္ဆိုင္ရာ ၿဂိဳဟ္တုတစ္လုံးကို ကမာၻပတ္ လမ္းေၾကာင္း အတြင္းသို႔ ေအာင္ျမင္စြာ ပစ္လႊတ္လိုက္ပါတယ္။

 Nur (အလင္းေရာင္) ဟု အမည္ေပးထားသည့္ ၿဂိဳဟ္တုသည္ အဆင့္ ၃ ဆင့္ပါ ဒုံးက်ည္ျဖင့္ သယ္ေဆာင္ ပစ္လႊတ္ၿပီးေနာက္ အာကာသပတ္လမ္းအတြင္း အျမင့္ ၄၂၅ ကီလိုမီတာ (၂၆၅ မိုင္)သို႔ ေရာက္ရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တစ္ေစာင္မွာ ေဖာ္ျပထားပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပဲ႐ိုက အီရန္အေနျဖင့္ ကုလသမဂၢ၏ ဆုံးျဖတ္ခ်က္ကို ခ်ိဳးေဖာက္ေသာ ေၾကာင့္ ယခုလုပ္ရပ္အေပၚ တာဝန္ယူရမည္ဟု ေျပာၾကားလိုက္ပါတယ္။အေမရိကန္ သမၼတေဒၚတယ္ထရမ့္က အီရန္လက္နက္တပ္ စစ္ေရယာဥ္မ်ားက ေႏွာက္ယွက္မႈ မ်ားကို လုပ္ေဆာင္လာပါက ပစ္ခတ္ဖ်က္ဆီးပစ္ရန္ ေရတပ္ဖြဲ႕ကို ၫႊန္ၾကားထားၿပီး ျဖစ္သည္ဟု တြစ္တာမွာ ေရးသားခဲ့ပါတယ္။

 IRGC ၏ ေရယာဥ္ ၁၁ စင္းသည္ ပင္လယ္ေကြ႕ေဒသတြင္ အေမရိကန္ေရတပ္ႏွင့္ ကမ္း႐ိုးတန္း ေစာင့္ သေဘၤာ ၆ စင္းတို႔ကို အႀကိမ္မ်ားစြာ ခ်ည္းကပ္ ေႏွာက္ယွက္ခဲ့ျခင္းအေပၚ ရည္႐ြယ္၍ သမၼတထရမ့္က ရည္ၫႊန္းေျပာၾကားခဲ့ ျခင္း ျဖစ္ပါတယ္။

ယခုကဲ့သို႔ ၿဂိဳဟ္တု လႊတ္တင္မႈကို အလယ္ပိုင္း သဲကႏၲာရတြင္ ဧၿပီ ၂၂ ရက္က လႊတ္တင္ခဲ့ျခင္း ျဖစ္ေၾကာင္း IRGC က ထုတ္ျပန္ထားပါတယ္။ မဟာဗ်ဴဟာေျမာက္ သတင္းအခ်က္အလက္ စြမ္းရည္ ျမႇင့္တင္ေရးအတြက္ အဓိကက်သည့္ ေျခလွမ္းတစ္ရပ္ကို လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ ေၾကာင္း IRGC ၏ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္မႉးခ်ဳပ္ ဟူစိန္ဆာလာမီက ေျပာၾကားပါတယ္။

“အခုဆိုရင္ ကြၽန္ေတာ္တို႔က ကမာၻႀကီးကို ေကာင္းကင္ကေန ၾကည့္ႏိုင္ပါၿပီ။ ကမာၻအင္အားႀကီး ႏိုင္ငံတစ္ႏိုင္ျဖစ္လာဖို႔ အစပဲ ျဖစ္ပါတယ္” ဟု ၎က ေျပာၾကားခဲ့ပါတယ္။အီရန္အေန ျဖင့္ Zafar ဆက္သြယ္ေရးၿဂိဳဟ္တုကို ေဖေဖာ္ဝါရီလအတြင္းက လႊတ္တင္ခဲ့ေသာ္လည္း ေအာင္ျမင္မႈ မရွိခဲ့သလို ယမန္ႏွစ္က ႏွစ္ႀကိမ္လႊတ္တင္မႈသည္လည္း မေအာင္ျမင္ခဲ့ေပ။

ၿဂိဳဟ္တုလႊတ္တင္ရာတြင္ အသုံးျပဳသည့္ နည္းပညာသည္ အီရန္အတြက္ တိုက္ခ်င္းပစ္ ပဲ့ထိန္း ဒုံးက်ည္ (ICBM) ထုတ္လုပ္ေရးအတြက္ အေထာက္အပံ့ျဖစ္ေစႏိုင္ေၾကာင္း အေမရိကန္ အစိုးရ က သတိေပးထားပါတယ္။

Linko
Ref: BBC
တီဟီရန္၊ ဧၿပီ ၂၃