စမ်းသပ်ကုသမှုတွင် အသုံးပြုရန် ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေး ၂ မျိုးကို တရုတ်အစိုးရ ခွင့်ပြု

စမ်းသပ်ကုသမှုတွင် အသုံးပြုရန် ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေး ၂ မျိုးကို တရုတ်အစိုးရ ခွင့်ပြု

ကိုရိုနာဗိုင်းရပ် ရောဂါ ကုသရေးအတွက် စမ်းသပ်ကုသမှုတွင် အသုံးပြုရန်  ဆေးဝါး ၂ မျိုးအား တရုတ်အစိုးရက ခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဧပြီ ၁၄ ရက်မှာ ဖော်ပြလိုက်ပါတယ်။

ယင်းကာကွယ်ဆေးများကို ပေကျင်းမြို့အခြေစိုက် Sinovac Biotech နှင့် နိုင်ငံပိုင် China National Pharmaceutical Group ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် Wuhan Institute of Biological Products တို့က ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။

မတ်လအတွင်းကလည်း စစ်တပ်ဆေးသိပ္ပံနှင့် ဟောင်ကောင် မှတ်ပုံတင် ဇီဝနည်းပညာကုမ္ပဏီ CanSino Bio တို့မှ ထုတ်လုပ်သည့် ကာကွယ်ဆေးတစ်မျိုးကို စမ်းသပ်ရန် ခွင့်ပြုထားပြီး ဖြစ်ပါတယ်။

အမေရိကန် ဆေးဝါးကုမ္ပဏီ Moderna ကလည်း နိုင်ငံတော် ကျန်းမာရေးဌာနနှင့် ပူးပေါင်းကာ ကိုရိုနာဗိုင်းရပ် ကာကွယ်ဆေးကို လူသားများတွင် စမ်းသပ်နေကြောင်း  ထုတ်ပြန်ခဲ့ပါတယ်။

Linko
Ref: Reuters
ပေကျင်း၊ ဧပြီ ၁၄

(  Zawgyi  )

 ကို႐ိုနာဗိုင္းရပ္ ေရာဂါ ကုသေရးအတြက္ စမ္းသပ္ကုသမႈတြင္ အသုံးျပဳရန္  ေဆးဝါး ၂ မ်ိဳးအား တ႐ုတ္အစိုးရက ခြင့္ျပဳလိုက္ေၾကာင္း ႏိုင္ငံပိုင္ ဆင္ဟြာသတင္းဌာနက ဧၿပီ ၁၄ ရက္မွာ ေဖာ္ျပလိုက္ပါတယ္။

ယင္းကာကြယ္ေဆးမ်ားကို ေပက်င္းၿမိဳ႕အေျခစိုက္ Sinovac Biotech ႏွင့္ ႏိုင္ငံပိုင္ China National Pharmaceutical Group ၏ လုပ္ငန္းခြဲတစ္ခုျဖစ္သည့္ Wuhan Institute of Biological Products တို႔က ထုတ္လုပ္ျခင္း ျဖစ္ပါတယ္။

မတ္လအတြင္းကလည္း စစ္တပ္ေဆးသိပၸံႏွင့္ ေဟာင္ေကာင္ မွတ္ပုံတင္ ဇီဝနည္းပညာကုမၸဏီ CanSino Bio တို႔မွ ထုတ္လုပ္သည့္ ကာကြယ္ေဆးတစ္မ်ိဳးကို စမ္းသပ္ရန္ ခြင့္ျပဳထားၿပီး ျဖစ္ပါတယ္။

အေမရိကန္ ေဆးဝါးကုမၸဏီ Moderna ကလည္း ႏိုင္ငံေတာ္ က်န္းမာေရးဌာနႏွင့္ ပူးေပါင္းကာ ကို႐ိုနာဗိုင္းရပ္ ကာကြယ္ေဆးကို လူသားမ်ားတြင္ စမ္းသပ္ေနေၾကာင္း  ထုတ္ျပန္ခဲ့ပါတယ္။

Linko
Ref: Reuters
ေပက်င္း၊ ဧၿပီ ၁၄