ဆန္ဒပြပွဲကိုနှိမ်နင်းရန် စစ်တပ်ကိုခေါ်ယူမည်ဟု ထရမ့် ပြောပြီးနောက် ရဲလေးဦး ပစ်ခတ်ခံရ

ဆန္ဒပြပွဲကိုနှိမ်နင်းရန် စစ်တပ်ကိုခေါ်ယူမည်ဟု ထရမ့် ပြောပြီးနောက် ရဲလေးဦး ပစ်ခတ်ခံရ

ပျံ့နှံ့နေသော ဆန္ဒပြပွဲများကို နှိမ်နင်းရန်အတွက် စစ်တပ်ကို ခေါ်ယူမည်ဟု အမေရိကန် သမ္မတ ထရမ့်ကပြောကြားလိုက်ပြီး နာရီအတန်ကြာ တနင်္လာနေ့ညတွင် စိန့်လူးဝစ်ရှိ ရဲတပ်ဖွဲ့ဝင် လေး ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ အိမ်ဖြူတော် နှင်းဆီဥယာဉ်တွင် ထရမ့် စကားပြောကြားပြီးနောက် ဘုရားကျောင်းသို့သွားရာလမ်းတွင် ဆန္ဒပြသူများကို ရှင်းလင်းရန်အတွက် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများနှင့် ရာဘာကျည်များကို အသုံးပြုခဲ့ရသည်။ ဘုရားကျောင်းသို့ရောက်သော အခါ သမ္မာကျမ်းစာအုပ်ကိုကိုင်ပြီး ဘုရားကျောင်းရှေ့တွင် ဓါတ်ပုံရိုက်ခံပြီး ထရမ့်က ဆန္ဒပြသူများ၏ ဒေါသကို ပိုမိုပြင်းထန်အောင်လုပ်ဆောင်ခဲ့သည်။ ဆန္ဒပြသူများက လော့စ်အိန်ဂျယ်လိရှိ ဈေးဆိုင်တန်းတခုကို မီးရှို့ပြီး နယူးယောက်ရှိ စတိုးဆိုင်များကို လုယက်ကာ မစ်ဆိုရီပြည်နယ်စိန့်လူးဝစ်ရှိ ရဲများနှင့် တိုက်ခိုက်ကြသောကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာရသွားသည်။ “ရဲတပ်ဖွဲ့ဝင်တွေ မြို့လယ်မှ အပစ်ခံနေရတုန်းပဲ။ သတင်းသိရရင်း ထပ်မျှဝေပေးမယ်” ဟု စိန့်လူးဝမ်းမှ ရဲတဦးက တွစ်တာတွင်ရေးသားသည်။ ထရမ့်က အသက် ၄၆ နှစ်အရွယ် ဂျော့ဖလွိုက်သေးဆုံးရခြင်းကို ရှုတ်ချပြီး သူ့အတွက် တရားမျှတမှုဖြစ်စေမည်ဟု ကတိပေးသည်။ “မြို့တော်ဝန်တွေ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ အကြမ်းဖက်မှုတွေ ငြိမ်သွားအောင် တရားဥပဒေစိုးမိုမှု ထူထောင်ရမယ်။ မြို့တမြို့ ဒါမှမဟုတ် ပြည်နယ်တခုက ဒေသခံတွေရဲ့ အသက်အိုးအိမ်ကိုကာကွယ်ဖို့ လုပ်ဆောင်ဖို့ပျက်ကွက်ရင် စစ်တပ်ကို ချထားပြီး ပြဿနာကို အမြန်ဆုံးရှင်းရမယ်” ဟု ထရမ့်ပြောသည်။ ထိုသို့ပြောကြားပြီးနောက် ထရမ့်သည် ရဲများကရှင်းထားသည့် လမ်းအတိုင်းလျှောက်ပြီး အနီးရှိ St. John’s Episcopal Churchဘုရားကျောင်းသို့သွားကာ သူ၏သမီး အိုင်ဗင်ကာ၊ ရှေ့နေချုပ် ဝီလျှံဘားတို့နှင့်အတူ ဓါတ်ပုံရိုက်ခံသည်။ သမိုင်းဝင် ဘုရားကျောင်းကို ဓါတ်ပုံရိုက်ရန်နေရာအဖြစ်ရွေးချယ်သောကြောင် ထရမ့်ကို ဝေဖန်သူများတွင် Episcopal Church မှ ဂိုဏ်းချုပ် မိုက်မယ် ကာရီလည်းပါဝင်သည်။ “ဒီလိုလုပ်တာဟာ ဘုရားကျောင်းအဆောက်အအုံနဲ့ သမ္မာကျမ်းစာကို နိုင်ငံရေးအတွက် အသုံးချတာပဲ” ဟု ထို ဂိုဏ်းချုပ်ဘုန်းတော်ကြီးက တွစ်တာတွင်ရေးသည်။ ထိုဘုရားကျောင်းသည် တနင်္လာနေ့ညက မီးအနည်းငယ်လောင်ကာ ပျက်စီးသွားသည်။ နာရီအနည်းငယ်ကြာသောအခါ ဘရွတ်ကလင်းမှ လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြပြီး တရားမျှတမှုကို တောင်းဆိုကြသည်။ ကားများကလည်း ထိုလူထုကို ထောက်ခံသောအားဖြင့် ဟွန်းများတီးကြသည်။ ည ၁၁ နာရီ ညမထွက်ရ အမိန့်မတိုင်မီ မန်ဟက်တန်ရှိ ပဉ္စမရိပ်သာလမ်းတလျှောက်ရှိ ဆိုင်များကို လူအုပ်က လုယက်ကြသည်။ အင်္ဂါနေ့တွင် ညမထွက်ရအမိန့်ကို ည ၈ နာရီပြောင်းလဲသတ်မှတ်မည်ဟု မြို့တော်ဝန် ဘလက်စီယိုပြောသည်။ နယူးယောက် ဘတ်ဖဲလိုးတွင် တနင်္လာနေ့ညက ရဲတပ်ဖွဲ့ဝင်နှစ်ဦး ကားဖြင့်အတိုက်ခံရသည်။ ကားမောင်းသူနှင့်လိုက်ပါလာသူကို ရဲ့ ဖမ်းထားသည်ဟု ယူဆရသည်။ ထိုဖြစ်ရပ်တည် တမင်ရည်ရွယ်တိုက်ခိုက်ခြင်းဟုတ်မဟုတ် မသိရသေးပေ။ ဟောလီးဝုဒ်တွင် ဆေးဆိုင်တခုကို လူဒါဇင်များစွား လုယက်နေသည်ကိုရုပ်သံကပြသသည်။ အနီးရှိ Starbucks ဆိုင်နှင့် စားသောက်ဆိုင်များလည်း ဖျက်ဆီးခံထားရသည်။

Linko

Ref : Reuters

ဝါရှင်တန်၊ ဇွန် - ၂

 

( Zawgyi )

ပ်ံ႕ႏွံ႔ေနေသာ ဆႏၵျပပြဲမ်ားကို ႏွိမ္နင္းရန္အတြက္ စစ္တပ္ကို ေခၚယူမည္ဟု အေမရိကန္ သမၼတ ထရမ့္ကေျပာၾကားလိုက္ၿပီး နာရီအတန္ၾကာ တနလၤာေန႔ညတြင္ စိန႔္လူးဝစ္ရွိ ရဲတပ္ဖြဲ႕ဝင္ ေလး ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံခဲ့ရသည္။ အိမ္ျဖဴေတာ္ ႏွင္းဆီဥယာဥ္တြင္ ထရမ့္ စကားေျပာၾကားၿပီးေနာက္ ဘုရားေက်ာင္းသို႔သြားရာလမ္းတြင္ ဆႏၵျပသူမ်ားကို ရွင္းလင္းရန္အတြက္ ရဲတပ္ဖြဲ႕ဝင္မ်ားက မ်က္ရည္ယိုဗုံးမ်ားႏွင့္ ရာဘာက်ည္မ်ားကို အသုံးျပဳခဲ့ရသည္။ ဘုရားေက်ာင္းသို႔ေရာက္ေသာ အခါ သမၼာက်မ္းစာအုပ္ကိုကိုင္ၿပီး ဘုရားေက်ာင္းေရွ႕တြင္ ဓါတ္ပုံ႐ိုက္ခံၿပီး ထရမ့္က ဆႏၵျပသူမ်ား၏ ေဒါသကို ပိုမိုျပင္းထန္ေအာင္လုပ္ေဆာင္ခဲ့သည္။ ဆႏၵျပသူမ်ားက ေလာ့စ္အိန္ဂ်ယ္လိရွိ ေဈးဆိုင္တန္းတခုကို မီးရႈိ႕ၿပီး နယူးေယာက္ရွိ စတိုးဆိုင္မ်ားကို လုယက္ကာ မစ္ဆိုရီျပည္နယ္စိန႔္လူးဝစ္ရွိ ရဲမ်ားႏွင့္ တိုက္ခိုက္ၾကေသာေၾကာင့္ ရဲတပ္ဖြဲ႕ဝင္ ၄ ဦး ဒဏ္ရာရသြားသည္။ “ရဲတပ္ဖြဲ႕ဝင္ေတြ ၿမိဳ႕လယ္မွ အပစ္ခံေနရတုန္းပဲ။ သတင္းသိရရင္း ထပ္မွ်ေဝေပးမယ္” ဟု စိန႔္လူးဝမ္းမွ ရဲတဦးက တြစ္တာတြင္ေရးသားသည္။ ထရမ့္က အသက္ ၄၆ ႏွစ္အ႐ြယ္ ေဂ်ာ့ဖလြိဳက္ေသးဆုံးရျခင္းကို ရႈတ္ခ်ၿပီး သူ႔အတြက္ တရားမွ်တမႈျဖစ္ေစမည္ဟု ကတိေပးသည္။ “ၿမိဳ႕ေတာ္ဝန္ေတြ အုပ္ခ်ဳပ္ေရးမႉးေတြအေနနဲ႔ အၾကမ္းဖက္မႈေတြ ၿငိမ္သြားေအာင္ တရားဥပေဒစိုးမိုမႈ ထူေထာင္ရမယ္။ ၿမိဳ႕တၿမိဳ႕ ဒါမွမဟုတ္ ျပည္နယ္တခုက ေဒသခံေတြရဲ႕ အသက္အိုးအိမ္ကိုကာကြယ္ဖို႔ လုပ္ေဆာင္ဖို႔ပ်က္ကြက္ရင္ စစ္တပ္ကို ခ်ထားၿပီး ျပႆနာကို အျမန္ဆုံးရွင္းရမယ္” ဟု ထရမ့္ေျပာသည္။ ထိုသို႔ေျပာၾကားၿပီးေနာက္ ထရမ့္သည္ ရဲမ်ားကရွင္းထားသည့္ လမ္းအတိုင္းေလွ်ာက္ၿပီး အနီးရွိ St. John’s Episcopal Churchဘုရားေက်ာင္းသို႔သြားကာ သူ၏သမီး အိုင္ဗင္ကာ၊ ေရွ႕ေနခ်ဳပ္ ဝီလွ်ံဘားတို႔ႏွင့္အတူ ဓါတ္ပုံ႐ိုက္ခံသည္။ သမိုင္းဝင္ ဘုရားေက်ာင္းကို ဓါတ္ပုံ႐ိုက္ရန္ေနရာအျဖစ္ေ႐ြးခ်ယ္ေသာေၾကာင္ ထရမ့္ကို ေဝဖန္သူမ်ားတြင္ Episcopal Church မွ ဂိုဏ္းခ်ဳပ္ မိုက္မယ္ ကာရီလည္းပါဝင္သည္။ “ဒီလိုလုပ္တာဟာ ဘုရားေက်ာင္းအေဆာက္အအုံနဲ႔ သမၼာက်မ္းစာကို ႏိုင္ငံေရးအတြက္ အသုံးခ်တာပဲ” ဟု ထို ဂိုဏ္းခ်ဳပ္ဘုန္းေတာ္ႀကီးက တြစ္တာတြင္ေရးသည္။ ထိုဘုရားေက်ာင္းသည္ တနလၤာေန႔ညက မီးအနည္းငယ္ေလာင္ကာ ပ်က္စီးသြားသည္။ နာရီအနည္းငယ္ၾကာေသာအခါ ဘ႐ြတ္ကလင္းမွ လူေထာင္ေပါင္းမ်ားစြာ ခ်ီတက္ဆႏၵျပၿပီး တရားမွ်တမႈကို ေတာင္းဆိုၾကသည္။ ကားမ်ားကလည္း ထိုလူထုကို ေထာက္ခံေသာအားျဖင့္ ဟြန္းမ်ားတီးၾကသည္။ ည ၁၁ နာရီ ညမထြက္ရ အမိန႔္မတိုင္မီ မန္ဟက္တန္ရွိ ပၪၥမရိပ္သာလမ္းတေလွ်ာက္ရွိ ဆိုင္မ်ားကို လူအုပ္က လုယက္ၾကသည္။ အဂၤါေန႔တြင္ ညမထြက္ရအမိန႔္ကို ည ၈ နာရီေျပာင္းလဲသတ္မွတ္မည္ဟု ၿမိဳ႕ေတာ္ဝန္ ဘလက္စီယိုေျပာသည္။ နယူးေယာက္ ဘတ္ဖဲလိုးတြင္ တနလၤာေန႔ညက ရဲတပ္ဖြဲ႕ဝင္ႏွစ္ဦး ကားျဖင့္အတိုက္ခံရသည္။ ကားေမာင္းသူႏွင့္လိုက္ပါလာသူကို ရဲ႕ ဖမ္းထားသည္ဟု ယူဆရသည္။ ထိုျဖစ္ရပ္တည္ တမင္ရည္႐ြယ္တိုက္ခိုက္ျခင္းဟုတ္မဟုတ္ မသိရေသးေပ။ ေဟာလီးဝုဒ္တြင္ ေဆးဆိုင္တခုကို လူဒါဇင္မ်ားစြား လုယက္ေနသည္ကို႐ုပ္သံကျပသသည္။ အနီးရွိ Starbucks ဆိုင္ႏွင့္ စားေသာက္ဆိုင္မ်ားလည္း ဖ်က္ဆီးခံထားရသည္။

Linko

Ref : Reuters

ဝါရွင္တန္၊ ဇြန္ - ၂