ဆိုက်ဘေးရီးယားတောမီးငြှိမ်းသတ်ရေး စစ်တပ်အကူအညီပေးဖို့ ရုရှားသမ္မတပူတင်အမိန့်ပေး

ဆိုက်ဘေးရီးယားတောမီးငြှိမ်းသတ်ရေး စစ်တပ်အကူအညီပေးဖို့ ရုရှားသမ္မတပူတင်အမိန့်ပေး

ဆိုက်ဘေးရီးယားတောမီးလောင်ကျွမ်းမှုကို စစ်တပ်ကူညီငြှိမ်းသတ်ပေးဖို့ ဇူလိုင် ၃၁ ရက်နေ့မှာ သမ္မတ ဗလာဒီမာပူတင် အမိန့်ပေးလိုက် ပါတယ်။ ရုရှားပြည်နယ်တစ်ခုဖြစ်တဲ့ ဆိုက်ဘေးရီးယားမှာ မြေဟက်တာ ၃ သန်း လောက် တောမီးအကြီးအကျယ် ကူးစက်လောင်ကျွမ်းနေတာ ဖြစ်ပါတယ်။

ဆိုက်ဘေးရီးယားတောမီးကို ထိန်းချုပ်နိုင်ဖို့ သမ္မတပူတင်အမိန့်နဲ့ စစ်တပ်ကူညီငြှိမ်းသတ်မယ်ဆိုပေမဲ့ အလျင်အမြန်ထိန်းချုပ်ဖို့ မလွယ်ဘူး လို့လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့တွေက ဆိုပါတယ်။ ဘယ်လ်ဂျီယံတစ်နိုင်ငံစာလောက်ရှိတဲ့ ဆိုက်ဘေးရီးယားတောမီးကြောင့် ဒေသတစ်ခုလုံးမီးခိုးလုံးတွေ ဖုံးအုပ်နေပြီး၊ နယ်မြေအများစုမှာ အရေးပေါ်အခြေအနေကြေညာထားရပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက ဒီတောမီးကို ဂေဟစနစ်ကပ်ဘေးအဖြစ် သတ်မှတ်ပြီး၊ အွန်လိုင်းလှုပ်ရှားမှုကတဆင့် လူစုပြီး၊ ပိုမိုကိုင်တွယ်ဖြေရှင်းပေးဖို့ အစိုးရဆီ အသနားခံစာတင်ခဲ့တာဖြစ်ပါတယ်။ တောမီးလောင်ကျွမ်းမှုအဆိုးဆုံးနယ်မြေတစ်ခုဖြစ်တဲ့ Irkutskဒေသမှာ မီးသတ်တပ်ဖွဲ့ခွဲတစ်ခု ပုံမှန်ချထားဖို့နဲ့ စစ်တပ်ကလည်း ကူညီငြှိမ်းသတ်ပေးဖို့ ဇူလိုင် ၃၁ရက်နေ့မှာ သမ္မတပူတင်က ကာကွယ်ရေးဝန်ကြီးဌာနကို အမိန့်ပေးခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း မီးငြှိမ်းသတ်ရေးကိရိယာတွေတပ်ဆင်ထားတဲ့ စစ်လေယာဉ် ၁၀ စင်း၊ ရဟတ်ယာဉ် ၁၀ စင်းနဲ့ တပ်ဖွဲ့တွေေ စလွှတ်ထားတယ်လို့ ဆိုပါတယ်။ တောမီးအဆိုးဆုံးလောင်ကျွမ်းရာ Irkutskဒေသနဲ့ တခြားဒေသက မြေဟက်တာ ၁၀၇,၀၀၀လောက်ကို မီးသတ်တပ်ဖွဲ့ဝင်တွေက ကြိုးစားငြှိမ်းသတ်နေပါတယ်။

နောက်ထပ်ကျန်ရှိတဲ့ဒေသတွေ ကတော့ လူသူမရှိဝေးလံတဲ့ဒေသတွေဖြစ်လို့ စောင့်ကြည့်ရုံကလွဲပြီး မီးငြှိမ်းသတ်ဖို့အစီအစဉ်မရှိကြောင်း ဒေသအာဏာပိုင်တွေဘက်က ပြောပါတယ်။ မီးငြှိမ်းသတ်ရေးအတွေ့အကြုံမရှိတဲ့ စစ်တပ်ကိုကူညီခိုင်းတာဟာ ထိရောက်မှုမရှိဘူးလို့လည်း သဘာဝပတ်ဝန်းကျင်ရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ Greenpeaceက ပြောပါတယ်။

ရည်မွန်
Ref: trtworld
 မော်စကို၊ သြဂုတ် ၁

(  Zawgyi  )

 ဆိုက္ေဘးရီးယားေတာမီးေလာင္ကြၽမ္းမႈကို စစ္တပ္ကူညီျငႇိမ္းသတ္ေပးဖို႔ ဇူလိုင္ ၃၁ ရက္ေန႔မွာ သမၼတ ဗလာဒီမာပူတင္ အမိန႔္ေပးလိုက္ ပါတယ္။ ႐ုရွားျပည္နယ္တစ္ခုျဖစ္တဲ့ ဆိုက္ေဘးရီးယားမွာ ေျမဟက္တာ ၃ သန္း ေလာက္ ေတာမီးအႀကီးအက်ယ္ ကူးစက္ေလာင္ကြၽမ္းေနတာ ျဖစ္ပါတယ္။

ဆိုက္ေဘးရီးယားေတာမီးကို ထိန္းခ်ဳပ္ႏိုင္ဖို႔ သမၼတပူတင္အမိန႔္နဲ႔ စစ္တပ္ကူညီျငႇိမ္းသတ္မယ္ဆိုေပမဲ့ အလ်င္အျမန္ထိန္းခ်ဳပ္ဖို႔ မလြယ္ဘူး လို႔လည္း သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး အဖြဲ႕ေတြက ဆိုပါတယ္။ ဘယ္လ္ဂ်ီယံတစ္ႏိုင္ငံစာေလာက္ရွိတဲ့ ဆိုက္ေဘးရီးယားေတာမီးေၾကာင့္ ေဒသတစ္ခုလုံးမီးခိုးလုံးေတြ ဖုံးအုပ္ေနၿပီး၊ နယ္ေျမအမ်ားစုမွာ အေရးေပၚအေျခအေနေၾကညာထားရပါတယ္။

သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႕ေတြက ဒီေတာမီးကို ေဂဟစနစ္ကပ္ေဘးအျဖစ္ သတ္မွတ္ၿပီး၊ အြန္လိုင္းလႈပ္ရွားမႈကတဆင့္ လူစုၿပီး၊ ပိုမိုကိုင္တြယ္ေျဖရွင္းေပးဖို႔ အစိုးရဆီ အသနားခံစာတင္ခဲ့တာျဖစ္ပါတယ္။ ေတာမီးေလာင္ကြၽမ္းမႈအဆိုးဆုံးနယ္ေျမတစ္ခုျဖစ္တဲ့ Irkutskေဒသမွာ မီးသတ္တပ္ဖြဲ႕ခြဲတစ္ခု ပုံမွန္ခ်ထားဖို႔နဲ႔ စစ္တပ္ကလည္း ကူညီျငႇိမ္းသတ္ေပးဖို႔ ဇူလိုင္ ၃၁ရက္ေန႔မွာ သမၼတပူတင္က ကာကြယ္ေရးဝန္ႀကီးဌာနကို အမိန႔္ေပးခဲ့ပါတယ္။

ကာကြယ္ေရးဝန္ႀကီးဌာနအေနနဲ႔လည္း မီးျငႇိမ္းသတ္ေရးကိရိယာေတြတပ္ဆင္ထားတဲ့ စစ္ေလယာဥ္ ၁၀ စင္း၊ ရဟတ္ယာဥ္ ၁၀ စင္းနဲ႔ တပ္ဖြဲ႕ေတြေ စလႊတ္ထားတယ္လို႔ ဆိုပါတယ္။ ေတာမီးအဆိုးဆုံးေလာင္ကြၽမ္းရာ Irkutskေဒသနဲ႔ တျခားေဒသက ေျမဟက္တာ ၁၀၇,၀၀၀ေလာက္ကို မီးသတ္တပ္ဖြဲ႕ဝင္ေတြက ႀကိဳးစားျငႇိမ္းသတ္ေနပါတယ္။

ေနာက္ထပ္က်န္ရွိတဲ့ေဒသေတြ ကေတာ့ လူသူမရွိေဝးလံတဲ့ေဒသေတြျဖစ္လို႔ ေစာင့္ၾကည့္႐ုံကလြဲၿပီး မီးျငႇိမ္းသတ္ဖို႔အစီအစဥ္မရွိေၾကာင္း ေဒသအာဏာပိုင္ေတြဘက္က ေျပာပါတယ္။ မီးျငႇိမ္းသတ္ေရးအေတြ႕အႀကဳံမရွိတဲ့ စစ္တပ္ကိုကူညီခိုင္းတာဟာ ထိေရာက္မႈမရွိဘူးလို႔လည္း သဘာဝပတ္ဝန္းက်င္ေရး တက္ႂကြလႈပ္ရွားသူမ်ားအဖြဲ႕ Greenpeaceက ေျပာပါတယ္။

ရည္မြန္
Ref: trtworld
 ေမာ္စကို၊ ၾသဂုတ္ ၁