ဆိုမာလီယာရှိ အယ်လ်ရှာဘတ်စ်သွေးကြွများအား လေကြောင်းမှ တိုက်ခိုက်ခတ်ဖြတ်ခဲ့ဟု အမေရိကန် ဆို

ဆိုမာလီယာရှိ အယ်လ်ရှာဘတ်စ်သွေးကြွများအား လေကြောင်းမှ တိုက်ခိုက်ခတ်ဖြတ်ခဲ့ဟု အမေရိကန် ဆို

ဆိုမာလီယာနိုင်ငံ ကင်ညူဘဲရိုးနေရာတစ်ဝိုက်ရှိ အယ်လ်ရှာဘတ် စစ်သွေးကြွတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်ကဆိုပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ အမေရိကန်စစ်တပ် အာဖရိကစစ် ဌာနချုပ်နဲ့ ဆိုမာလီယာဖက်ဒရယ် အစိုးရ တို့ ညှိနိုင်းပြီး အင်္ဂါနေ့က လေကြောင်း ကနေ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ဒီလေကြောင်းတိုက်ခိုက်မှုထဲမှာ အရပ်သားမဟုတ်တဲ့ သူတွေကို လေကြောင်းကနေ ထိခိုက်သေကြေေ အာင် တိုက်ခိုက်စေခဲ့ပါတယ်။

အမေရိကန်စစ်တပ်ရဲ့ အာဖရိက စစ်ဌာနချုပ် အကြီးအကဲနဲ့ ဒီအော်ပရေးရှင်းဒါရိုက်တာ ဗိုလ်ချုပ်ကြီးဝီလျံဂေးယာက ဒီတိုက်ခိုက်မှုက အမေရိကန်စစ်တပ်အာဖရိက စစ်ဌာနချုပ် အယ်ကေးဒါးလ်လိုလားတဲ့ အယ်ရှာ်ဘတ်အပါအဝင် အကြမ်းဖက်ကွန်ရက်တွေကို ဖိအားပေးလိုက်တဲ့ ဥပမာတစ်ခုဘဲ လို့ ပြောခဲ့ပါတယ်။

ဂေးယာက ပြောခဲ့ရာမှာ စစ်သွေးကြွတွေရဲ့လွတ်မြောက်ရေးလှုပ်ရှားမှုကို ကန့်သတ်ဖို့၊ သူတို့ရဲ့ ကွန်ရက်ကို ရှုပ်ထွေးစေဖို့နဲ့ ဆိုမာလီယာ မှာရှိတဲ့ မိတ်ဘက်တွေ အယ်ရှာဘတ်အဖွဲ့ကိုတိုက်ခိုက်နေတာ ဆက်ထောက်ခံဖို့အတွက် မဆုတ်မနစ် ဖိအားပေးတာလို့် ပြောခဲ့ပါတယ်။

Linko
Ref:modbee.com
မိုဂါဒစ်ရှုး၊သြဂုတ် ၂၀

(  Zawgyi  )

 ဆိုမာလီယာႏိုင္ငံ ကင္ညဴဘဲ႐ိုးေနရာတစ္ဝိုက္ရွိ အယ္လ္ရွာဘတ္ စစ္ေသြးႂကြေတြကို ပစ္မွတ္ထားၿပီး ေလေၾကာင္းကေနတိုက္ခိုက္ခဲ့တယ္လို႔ အေမရိကန္စစ္တပ္ကဆိုပါတယ္။

ထုတ္ျပန္ခ်က္ထဲမွာေတာ့ အေမရိကန္စစ္တပ္ အာဖရိကစစ္ ဌာနခ်ဳပ္နဲ႔ ဆိုမာလီယာဖက္ဒရယ္ အစိုးရ တို႔ ညႇိႏိုင္းၿပီး အဂၤါေန႔က ေလေၾကာင္း ကေန တိုက္ခိုက္ခဲ့တာလို႔ ဆိုပါတယ္။ဒီေလေၾကာင္းတိုက္ခိုက္မႈထဲမွာ အရပ္သားမဟုတ္တဲ့ သူေတြကို ေလေၾကာင္းကေန ထိခိုက္ေသေၾကေ အာင္ တိုက္ခိုက္ေစခဲ့ပါတယ္။

အေမရိကန္စစ္တပ္ရဲ႕ အာဖရိက စစ္ဌာနခ်ဳပ္ အႀကီးအကဲနဲ႔ ဒီေအာ္ပေရးရွင္းဒါ႐ိုက္တာ ဗိုလ္ခ်ဳပ္ႀကီးဝီလ်ံေဂးယာက ဒီတိုက္ခိုက္မႈက အေမရိကန္စစ္တပ္အာဖရိက စစ္ဌာနခ်ဳပ္ အယ္ေကးဒါးလ္လိုလားတဲ့ အယ္ရွာ္ဘတ္အပါအဝင္ အၾကမ္းဖက္ကြန္ရက္ေတြကို ဖိအားေပးလိုက္တဲ့ ဥပမာတစ္ခုဘဲ လို႔ ေျပာခဲ့ပါတယ္။

ေဂးယာက ေျပာခဲ့ရာမွာ စစ္ေသြးႂကြေတြရဲ႕လြတ္ေျမာက္ေရးလႈပ္ရွားမႈကို ကန႔္သတ္ဖို႔၊ သူတို႔ရဲ႕ ကြန္ရက္ကို ရႈပ္ေထြးေစဖို႔နဲ႔ ဆိုမာလီယာ မွာရွိတဲ့ မိတ္ဘက္ေတြ အယ္ရွာဘတ္အဖြဲ႕ကိုတိုက္ခိုက္ေနတာ ဆက္ေထာက္ခံဖို႔အတြက္ မဆုတ္မနစ္ ဖိအားေပးတာလို႔္ ေျပာခဲ့ပါတယ္။

Linko
Ref:modbee.com
မိုဂါဒစ္ရႈး၊ၾသဂုတ္ ၂၀