ဆီယာလီယွန်တွင် အဆောက်အအုံပြိုကျရာ ပိတ်မိသူများထဲမှ ၁၂ ဦး ကယ်ဆယ်နိုင်

ဆီယာလီယွန်တွင် အဆောက်အအုံပြိုကျရာ ပိတ်မိသူများထဲမှ  ၁၂ ဦး ကယ်ဆယ်နိုင်

ဆီယာလီယွန်မှာ သုံးထပ်အဆောက်အဦး တည်ဆောက်နေစဉ် ပြိုကျခဲ့တဲ့အတွက် အလုပ်သမားများ အပျက်အစီးအောက် ပိမိနေခဲ့ကာ ကယ်ဆယ်ရေးသမားများက ၁၂ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူမရှိသေးတဲ့ ကြာသပတေးနေ့ကဖြစ်ခဲ့တဲ့ အဆိုပါ မတော်တဆမှုက အနောက်အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ ဆီယာလီယွန်နိုင်ငံက ဒုတိယအကြီးဆုံးဖြစ်တဲ့ တောင်ပိုင်းမြို့ ဘိုမြို့မှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။

တောင်ပိုင်းပြည်နယ်ရဲတပ်ဖွဲ့မှ လက်ထောက်အရာရှိ ဗိုလ်ချုပ် ကပါရီဆိုင် ဒူကာမာရာ က ဆိုရာမှာ လေးဦးက ဆေးရုံမှ ဆင်းသွားပြီး ကျန်ရှစ်ဦးကို ကုသနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။၎င်းက ဆိုရာမှာ ဗုဒ္ဓဟူးနေ့က အဆောက်အဦး သုံးလွှာကြမ်းခင်းကို ကွန်ကရစ်လောင်းခဲ့ပြီး အောက်ခြေတိုင်တွေ မခိုင်တဲ့အတွက် အဆောက်အဦးပြိုကျခဲ့တာလို့ ဆိုပါတယ်။ဆောက်လုပ်ရေး အလုပ်သမားအများစုက ဘိုကီ နီမာ အဝေးပြေးလမ်းမတစ်လျှောက် ထွက်ပြေးခဲ့လို့ လွတ်သွားတယ် ဆိုပါတယ်။

တောင်ပိုင်းဒေသ အဆောက်အအုံစစ်ဆေးသူ ဂျိုးဇက်ကတ်ပန်ဘွန်း က  ယခုပြိုကျတဲ့ အဆောက်အဦးက ဆိုးဝါးတဲ့ ဆောက်လုပ်ရေးဖြစ်ပြီး ခပ်ညံ့ညံ့ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေကို သုံးထားတယ်လို့ ဒေသတွင်းသတင်းစာ POLITICO ကို ပြောခဲ့ပါတယ်။

အဆောက်အအုံပြိုကျတဲ့အချိန်မှာ အဆိုပါ အဆောက်အဦး လုပ်ငန်းခွင်ထဲမှာ ဆောက်လုပ်ရေး အလုပ်သမား ၈၀ ကျော် အလုပ်လုပ်နေကြတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အနောက်အာဖရိက နိုင်ငံတစ်ခုဖြစ်တဲ့ ဆီရာလီယွန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။

Linko
Ref : aljazeera.com
ဖရီးတောင်း၊ စက်တင်ဘာ - ၂၇

( Zawgyi )

ဆီယာလီယြန္မွာ သုံးထပ္အေဆာက္အဦး တည္ေဆာက္ေနစဥ္ ၿပိဳက်ခဲ့တဲ့အတြက္ အလုပ္သမားမ်ား အပ်က္အစီးေအာက္ ပိမိေနခဲ့ကာ ကယ္ဆယ္ေရးသမားမ်ားက ၁၂ ဦးကို ကယ္ထုတ္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

ေသဆုံးသူမရွိေသးတဲ့ ၾကာသပေတးေန႔ကျဖစ္ခဲ့တဲ့ အဆိုပါ မေတာ္တဆမႈက အေနာက္အာဖရိကႏိုင္ငံတစ္ခုျဖစ္တဲ့ ဆီယာလီယြန္ႏိုင္ငံက ဒုတိယအႀကီးဆုံးျဖစ္တဲ့ ေတာင္ပိုင္းၿမိဳ႕ ဘိုၿမိဳ႕မွာ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ေတာင္ပိုင္းျပည္နယ္ရဲတပ္ဖြဲ႕မွ လက္ေထာက္အရာရွိ ဗိုလ္ခ်ဳပ္ ကပါရီဆိုင္ ဒူကာမာရာ က ဆိုရာမွာ ေလးဦးက ေဆး႐ုံမွ ဆင္းသြားၿပီး က်န္ရွစ္ဦးကို ကုသေနဆဲျဖစ္တယ္လို႔ ဆိုပါတယ္။၎က ဆိုရာမွာ ဗုဒၶဟူးေန႔က အေဆာက္အဦး သုံးလႊာၾကမ္းခင္းကို ကြန္ကရစ္ေလာင္းခဲ့ၿပီး ေအာက္ေျခတိုင္ေတြ မခိုင္တဲ့အတြက္ အေဆာက္အဦးၿပိဳက်ခဲ့တာလို႔ ဆိုပါတယ္။ေဆာက္လုပ္ေရး အလုပ္သမားအမ်ားစုက ဘိုကီ နီမာ အေဝးေျပးလမ္းမတစ္ေလွ်ာက္ ထြက္ေျပးခဲ့လို႔ လြတ္သြားတယ္ ဆိုပါတယ္။

ေတာင္ပိုင္းေဒသ အေဆာက္အအုံစစ္ေဆးသူ ဂ်ိဳးဇက္ကတ္ပန္ဘြန္း က  ယခုၿပိဳက်တဲ့ အေဆာက္အဦးက ဆိုးဝါးတဲ့ ေဆာက္လုပ္ေရးျဖစ္ၿပီး ခပ္ညံ့ညံ့ ေဆာက္လုပ္ေရးလုပ္ငန္းသုံး ပစၥည္းေတြကို သုံးထားတယ္လို႔ ေဒသတြင္းသတင္းစာ POLITICO ကို ေျပာခဲ့ပါတယ္။

အေဆာက္အအုံၿပိဳက်တဲ့အခ်ိန္မွာ အဆိုပါ အေဆာက္အဦး လုပ္ငန္းခြင္ထဲမွာ ေဆာက္လုပ္ေရး အလုပ္သမား ၈၀ ေက်ာ္ အလုပ္လုပ္ေနၾကတယ္လို႔ ရဲတပ္ဖြဲ႕က ဆိုပါတယ္။

အေနာက္အာဖရိက ႏိုင္ငံတစ္ခုျဖစ္တဲ့ ဆီရာလီယြန္ႏိုင္ငံဟာ ကမာၻေပၚမွာ အဆင္းရဲဆုံး ႏိုင္ငံေတြထဲက တစ္ႏိုင္ငံျဖစ္ပါတယ္။

Linko
Ref : aljazeera.com
ဖရီးေတာင္း၊ စက္တင္ဘာ - ၂၇