ဆီးရီးယားစစ်တပ် တူရကီသိမ်းပိုက်ရေးတပ်နဲ့ ထိပ်တိုက်တွေ့

ဆီးရီးယားစစ်တပ် တူရကီသိမ်းပိုက်ရေးတပ်နဲ့ ထိပ်တိုက်တွေ့

လက်ရှိတူရကီထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဆီးရီးယားမြောက်ပိုင်းမှာ ဆီးရီးယားစစ်တပ်ကလည်း နေရာအများစုကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်လို့ တူရကီသိမ်းပိုက်ရေးတပ်တွေနဲ့ ထိပ်တိုက်တွေ့တော့မယ့်အခြေဆိုက်နေတယ်လို့ ဆီးရီးယားတိုင်းမ်စ်သတင်းစာက ဖော်ပြပါတယ်။ ဆီးရီးယားအရှေ့မြောက်ပိုင်း Tel Tamer ဒေသ Kozleh၊ Tel Labanစတဲ့မြို့တွေမှာ တူရကီသိမ်းပိုက်ရေး တပ်တွေရဲ့တိုက်ခိုက်မှုနဲ့ ဆီးရီးယားစစ်တပ် ထိပ်တိုက်ရင်ဆိုင်နေရတယ်လို့ ဆီးရီးယားနိုင်ငံပိုင် ဆာနာရုပ်သံကလည်း ထုတ်ပြန်ပါတယ်။

တူရကီကြေးစားစစ်သားတွေက Kozlehမြို့၊ ဆီးရီးယားစစ်စခန်းတွေကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ သေဆုံးဒဏ်ရာရတာတွေရှိတယ်လို့ ဒေသရုပ်သံက ပြောပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ တူရကီနဲ့နယ်စပ်မှာ ဆီးရီးယားစစ်တပ်က ကင်းစခန်း ၁၅ ခုနဲ့ စောင့်ကြည့် သွားမယ်လို့ မနေ့က ကြေညာလိုက်ပါတယ်။

ရည်မွန်
Ref: Syrian Observer
ဒါမတ်စကပ်၊ အောက်တိုဘာ ၂၅

(  Zawgyi  )

 လက္ရွိတူရကီထိုးစစ္ဆင္တိုက္ခိုက္ေနတဲ့ ဆီးရီးယားေျမာက္ပိုင္းမွာ ဆီးရီးယားစစ္တပ္ကလည္း ေနရာအမ်ားစုကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီျဖစ္လို႔ တူရကီသိမ္းပိုက္ေရးတပ္ေတြနဲ႔ ထိပ္တိုက္ေတြ႕ေတာ့မယ့္အေျခဆိုက္ေနတယ္လို႔ ဆီးရီးယားတိုင္းမ္စ္သတင္းစာက ေဖာ္ျပပါတယ္။ ဆီးရီးယားအေရွ႕ေျမာက္ပိုင္း Tel Tamer ေဒသ Kozleh၊ Tel Labanစတဲ့ၿမိဳ႕ေတြမွာ တူရကီသိမ္းပိုက္ေရး တပ္ေတြရဲ႕တိုက္ခိုက္မႈနဲ႔ ဆီးရီးယားစစ္တပ္ ထိပ္တိုက္ရင္ဆိုင္ေနရတယ္လို႔ ဆီးရီးယားႏိုင္ငံပိုင္ ဆာနာ႐ုပ္သံကလည္း ထုတ္ျပန္ပါတယ္။

တူရကီေၾကးစားစစ္သားေတြက Kozlehၿမိဳ႕၊ ဆီးရီးယားစစ္စခန္းေတြကို စတင္တိုက္ခိုက္ခဲ့တာျဖစ္ၿပီး၊ ေသဆုံးဒဏ္ရာရတာေတြရွိတယ္လို႔ ေဒသ႐ုပ္သံက ေျပာပါတယ္။႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ တူရကီနဲ႔နယ္စပ္မွာ ဆီးရီးယားစစ္တပ္က ကင္းစခန္း ၁၅ ခုနဲ႔ ေစာင့္ၾကည့္ သြားမယ္လို႔ မေန႔က ေၾကညာလိုက္ပါတယ္။

ရည္မြန္
Ref: Syrian Observer
ဒါမတ္စကပ္၊ ေအာက္တိုဘာ ၂၅