ဆီးရီးယားတွင် လူအပြည့်အကျပ်တင်လာသည့် ကားပေါက်ကွဲသဖြင့် ၁၁ ဦးသေဆုံး

ဆီးရီးယားတွင် လူအပြည့်အကျပ်တင်လာသည့် ကားပေါက်ကွဲသဖြင့် ၁၁ ဦးသေဆုံး

မြောက်ပိုင်းဆီးရီးယားရှိ အလက်ပိုင်ခရိုင်အတွင်း သူပုန်များ ထိန်းချုပ်ထားတဲ့ အလက်ပိုမြို့ ကျေးလက်ခရိုင်ထဲမှာ တနင်္ဂနွေနေ့ လူပြည့်ကျပ်နေတဲ့ ထရပ်ကားတစ်စီး ပြင်းထန်စွာပေါက်ကွဲခဲ့တဲ့အတွက် လူ ၁၁ ဦးသေဆုံးခဲ့တယ်လို့ စစ်ပွဲစောင့်ကြည့်တဲ့အဖွဲ့နဲ့ အစိုးရပိုင် သတင်းဌာနဖြစ်တဲ့ SANA က ထုတ်ပြန်ခဲ့ပါတယ်။

SANA ထုတ်ပြန်ချက်မှာတော့ ထရပ်ကားဟာ အလက်ပို အရှေ့မြောက် ကျေးလက်ဖြစ်တဲ့ အယ်လ်ရိမ်းမြို့မှာ ပေါက်ကွဲခဲ့တာ ဆိုပါတယ်။၎င်းကဖော်ပြရာမှာ ဆေးရုံအနီး ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး အဆောက်အဦးတွေလဲ ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အဆိုပါနေရာတစ်ဝိုက်ရှိ နေအိမ်အဆောက်အဦးတွေ ကြီးကြီးမားမား ပျက်ဆီးခဲ့ရတယ်လို့  အစိုးရပိုင် သတင်းဌာနဖြစ်တဲ့ SANA က ဆိုပါတယ်။ဒါ့အပြင် ဗုံးကွဲမှုကြောင့် ထိခိုက်သူတွေထဲက အခြေအနေ စိုးရိမ်ရတဲ့သူတွေရှိတဲ့အတွက် သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။

တခြားတစ်ဘက်မှာတော့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တူရကီစစ်တပ်နဲ့ တူူရကီကျောထောက်နောက်ခံ သူပုန်တွေ ထိန်းချုပ်ထားတဲ့မြို့မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အတွက် ၁၁ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဗြိတိန်အခြေစိုက် စောင့်ကြည့်လေ့လာရေးအဖွဲ့ကတော့ ဒီဗုံးကွဲမှုကြောင့် တခြားဒေသခံခုနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုပြီး ဒီဗုံးခွဲမှု ဘယ်သူကျူးလွန်တယ်ဆိုတာ သိတယ်လို့ ပြောခဲ့ပါတယ်။

Linko
ဒမတ်စကတ်၊ စက်တင်ဘာ - ၁၆
Ref : Xinhua

( Zawgyi )

ေျမာက္ပိုင္းဆီးရီးယားရွိ အလက္ပိုင္ခ႐ိုင္အတြင္း သူပုန္မ်ား ထိန္းခ်ဳပ္ထားတဲ့ အလက္ပိုၿမိဳ႕ ေက်းလက္ခ႐ိုင္ထဲမွာ တနဂၤေႏြေန႔ လူျပည့္က်ပ္ေနတဲ့ ထရပ္ကားတစ္စီး ျပင္းထန္စြာေပါက္ကြဲခဲ့တဲ့အတြက္ လူ ၁၁ ဦးေသဆုံးခဲ့တယ္လို႔ စစ္ပြဲေစာင့္ၾကည့္တဲ့အဖြဲ႕နဲ႔ အစိုးရပိုင္ သတင္းဌာနျဖစ္တဲ့ SANA က ထုတ္ျပန္ခဲ့ပါတယ္။

SANA ထုတ္ျပန္ခ်က္မွာေတာ့ ထရပ္ကားဟာ အလက္ပို အေရွ႕ေျမာက္ ေက်းလက္ျဖစ္တဲ့ အယ္လ္ရိမ္းၿမိဳ႕မွာ ေပါက္ကြဲခဲ့တာ ဆိုပါတယ္။၎ကေဖာ္ျပရာမွာ ေဆး႐ုံအနီး ဗုံးေပါက္ကြဲခဲ့တာျဖစ္ၿပီး အေဆာက္အဦးေတြလဲ ပ်က္ဆီးခဲ့တယ္လို႔ ဆိုပါတယ္။

ဗုံးေပါက္ကြဲမႈေၾကာင့္ အဆိုပါေနရာတစ္ဝိုက္ရွိ ေနအိမ္အေဆာက္အဦးေတြ ႀကီးႀကီးမားမား ပ်က္ဆီးခဲ့ရတယ္လို႔  အစိုးရပိုင္ သတင္းဌာနျဖစ္တဲ့ SANA က ဆိုပါတယ္။ဒါ့အျပင္ ဗုံးကြဲမႈေၾကာင့္ ထိခိုက္သူေတြထဲက အေျခအေန စိုးရိမ္ရတဲ့သူေတြရွိတဲ့အတြက္ ေသဆုံးသူအေရအတြက္ တိုးလာႏိုင္တယ္လို႔ ျဖည့္စြက္ေျပာခဲ့ပါတယ္။

တျခားတစ္ဘက္မွာေတာ့ ဆီးရီးယား လူ႔အခြင့္အေရး ေစာင့္ၾကည့္ေရးအဖြဲ႕က တူရကီစစ္တပ္နဲ႔ တူူရကီေက်ာေထာက္ေနာက္ခံ သူပုန္ေတြ ထိန္းခ်ဳပ္ထားတဲ့ၿမိဳ႕မွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့တဲ့အတြက္ ၁၁ ဦးေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

ၿဗိတိန္အေျခစိုက္ ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ကေတာ့ ဒီဗုံးကြဲမႈေၾကာင့္ တျခားေဒသခံခုႏွစ္ဦး ထိခိုက္ဒဏ္ရာရခဲ့တယ္ဆိုၿပီး ဒီဗုံးခြဲမႈ ဘယ္သူက်ဴးလြန္တယ္ဆိုတာ သိတယ္လို႔ ေျပာခဲ့ပါတယ္။

Linko
ဒမတ္စကတ္၊ စက္တင္ဘာ - ၁၆
Ref : Xinhua