ဆီးရီးယားတွင် အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်နှင့် တူရကီ သဘောတူညီချက်ရရှိ

ဆီးရီးယားတွင် အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်နှင့် တူရကီ သဘောတူညီချက်ရရှိ

ဆီးရီးယားမြောက်ပိုင်းတွင် ကာ့ဒ်သူပုန်များအား တူရကီတပ်များက တိုက်ခိုက်နေခြင်းနှင့် ပတ်သက်၍ တိုက်ပွဲများကို ရပ်တန့်ရန် အမေရိကန်နှင့် တူရကီတို့အကြား အောက်တိုဘာ ၁၇ ရက်က သဘောတူညီချက် ပြုလုပ်လိုက်ပါတယ်။

ယင်းသဘောတူညီချက်တွင် အမေရိကန်နှင့် တူရကီတို့အကြား နေတိုးမဟာမိတ် ဆက်ဆံရေးကို ဆက်လက်ထားရှိပြီး နိုင်ငံတောင်ပိုင်းတွင် တူရကီ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပိုင်ခွင့်ကို အမေရိက အသိအမှတ်ပြုပေးရန်၊ဘုံအကျိုးစီးပွားပေါ်အခြေခံ၍ဖြစ်ပေါ်နေသည့်အနေအထား အထူးသဖြင့် ဆီးရီးယား အရှေ့ မြောက်ပိုင်းရှိ အခြေအနေများအား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်၊ နေတိုးအဖွဲ့ဝင်နိုင်ငံ နယ်နမိတ်များနှင့် ပြည်သူများကို ဆက်လက်ကာကွယ်ပေးရန်၊ အသက်များ၊ လူ့အခွင့်အရေး၊ ဘာသာရေး၊ တိုင်းရင်းသားလူနည်းစုများကို ကာကွယ်ပေးရန်၊ ဆီးရီးယားအရှေ့ပိုင်းတွင် အကြမ်းဖက်သမားမျာကို နှိမ်နှင်းရန်၊  အကြမ်းဖက်တိုက်ဖျက်ရေးအစီအစဉ်များတွင် ၎င်းတို့၏ နေရာများ၊ စခန်းများ၊ လက်နက်များ၊ ယာဉ်များနှင် အသုံးအဆောင်ပစ္စည်းမျးကို သာပစ်မှတ်ထားရန် တို့ပါဝင်ပါတယ်။

ထို့ပြင် တူရကီတပ်များက ထိန်းချုပ်ထားသည့် အန္တရာယ်ကင်းဇုန်မှ အရပ်သားများအားလုံး၏ လုံခြုံရေးအပြင် အရပ်သားများနှင့် အရပ်ဖက် အဆောက်အဦများကို မထိခိုက်စေရန် တူရကီဘက်မှ ထပ်မံ အာမခံခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံ၏ နိုင်ငံရေး စည်းလုံးညီညွတ်ရေးနှင့် နယ်မြေမပြိုကွဲရေး၊ UNSCR 2254 နှင့်အညီ ဆီးရီးယားတိုက်ပွဲများ အဆုံးသတ်ရေးစေမည့် ကုလသမဂ္ဂ ဉီးဆောင်သော နိုင်ငံရေး လုပ်ငန်းစဉ်ကိုလည်း အမေရိကန်နှင့် ဆီးရီးယားတို့က ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

တူရကီ၏ လုံခြုံရေးစိုးရိမ်မှု မဖြစ်စေရန်၊ YPG တို့၏ လက်နက်ကြီးများကို လိုက်လံသိမ်းဆည်းရန်နှင့် ၎င်းတို့၏ တိုက်ခိုက်မှုများကို လျော့ပါးစေရေး တို့အတွက် အန္တရာယ်ကင်းဇုန်၏ အရေးကြီးမှုကို ဆက်လက် အသိအမှတ်ပြုရန်၊ ယင်းဇုန်ကို တူရကီတပ်ဖွဲ့များက တာဝန် ယူစောင့်ရှောက်ရန်နှင့် နည်းလမ်းပေါင်းစုံဖြင့် အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်ရန်၊ YPG တပ်များ အန္တရာယ် ကင်းဇုန်မှ နာရီ ၁၂၀ အတွင်း ထွက်ခွာပေးနိုင်ရန် Operation Peace Spring စစ်ဆင်ရေးကို တူရကီက ရပ်ဆိုင်းထားပေးရန်နှင့် တပ်ဖွဲ့များ ရုပ်သိမ်းပြီးပါက ယင်းစစ်ဆင်ရေးကို  ဖျက်သိမ်းရန်တို့လည်း ပါဝင်ပါတယ်။

အဆိုပါ စစ်ဆင်ရေးကို ရပ်ဆိုင်းပြီးနောက် အမေရိကန်ဘက်မှ ပိတ်ဆို့အရေးယူမှုများကို ဆက်လက် မလုပ်ဆောင်ရန်လည်း သဘောတူခဲ့ပြီး ယင်းသဘောတူညီချက်များ ဖြစ်မြောက်ရန် နှစ်ဖက်စလုံးက အကောင် အထည်ဖော်လုပ်ဆောင်သွားမှာဖြစ်ကြောင်း အမေရိကန်နှင့် တူရကီတို့က သဘောတူထားပါတယ်။

Linko
Ref: Fox News
ဝါရှင်တန်၊အောက်တိုဘာ ၁၈

(  Zawgyi  )

 ဆီးရီးယားေျမာက္ပိုင္းတြင္ ကာ့ဒ္သူပုန္မ်ားအား တူရကီတပ္မ်ားက တိုက္ခိုက္ေနျခင္းႏွင့္ ပတ္သက္၍ တိုက္ပြဲမ်ားကို ရပ္တန႔္ရန္ အေမရိကန္ႏွင့္ တူရကီတို႔အၾကား ေအာက္တိုဘာ ၁၇ ရက္က သေဘာတူညီခ်က္ ျပဳလုပ္လိုက္ပါတယ္။

ယင္းသေဘာတူညီခ်က္တြင္ အေမရိကန္ႏွင့္ တူရကီတို႔အၾကား ေနတိုးမဟာမိတ္ ဆက္ဆံေရးကို ဆက္လက္ထားရွိၿပီး ႏိုင္ငံေတာင္ပိုင္းတြင္ တူရကီ၏ လုံၿခဳံေရးဆိုင္ရာ စိုးရိမ္ပိုင္ခြင့္ကို အေမရိက အသိအမွတ္ျပဳေပးရန္၊ဘုံအက်ိဳးစီးပြားေပၚအေျခခံ၍ျဖစ္ေပၚေနသည့္အေနအထား အထူးသျဖင့္ ဆီးရီးယား အေရွ႕ ေျမာက္ပိုင္းရွိ အေျခအေနမ်ားအား နီးကပ္စြာ ပူးေပါင္းေဆာင္႐ြက္ရန္၊ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံ နယ္နမိတ္မ်ားႏွင့္ ျပည္သူမ်ားကို ဆက္လက္ကာကြယ္ေပးရန္၊ အသက္မ်ား၊ လူ႔အခြင့္အေရး၊ ဘာသာေရး၊ တိုင္းရင္းသားလူနည္းစုမ်ားကို ကာကြယ္ေပးရန္၊ ဆီးရီးယားအေရွ႕ပိုင္းတြင္ အၾကမ္းဖက္သမားမ်ာကို ႏွိမ္ႏွင္းရန္၊  အၾကမ္းဖက္တိုက္ဖ်က္ေရးအစီအစဥ္မ်ားတြင္ ၎တို႔၏ ေနရာမ်ား၊ စခန္းမ်ား၊ လက္နက္မ်ား၊ ယာဥ္မ်ားႏွင္ အသုံးအေဆာင္ပစၥည္းမ်းကို သာပစ္မွတ္ထားရန္ တို႔ပါဝင္ပါတယ္။

ထို႔ျပင္ တူရကီတပ္မ်ားက ထိန္းခ်ဳပ္ထားသည့္ အႏၲရာယ္ကင္းဇုန္မွ အရပ္သားမ်ားအားလုံး၏ လုံၿခဳံေရးအျပင္ အရပ္သားမ်ားႏွင့္ အရပ္ဖက္ အေဆာက္အဦမ်ားကို မထိခိုက္ေစရန္ တူရကီဘက္မွ ထပ္မံ အာမခံခဲ့ပါတယ္။ ဆီးရီးယားႏိုင္ငံ၏ ႏိုင္ငံေရး စည္းလုံးညီၫြတ္ေရးႏွင့္ နယ္ေျမမၿပိဳကြဲေရး၊ UNSCR 2254 ႏွင့္အညီ ဆီးရီးယားတိုက္ပြဲမ်ား အဆုံးသတ္ေရးေစမည့္ ကုလသမဂၢ ဉီးေဆာင္ေသာ ႏိုင္ငံေရး လုပ္ငန္းစဥ္ကိုလည္း အေမရိကန္ႏွင့္ ဆီးရီးယားတို႔က ဆက္လက္ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

တူရကီ၏ လုံၿခဳံေရးစိုးရိမ္မႈ မျဖစ္ေစရန္၊ YPG တို႔၏ လက္နက္ႀကီးမ်ားကို လိုက္လံသိမ္းဆည္းရန္ႏွင့္ ၎တို႔၏ တိုက္ခိုက္မႈမ်ားကို ေလ်ာ့ပါးေစေရး တို႔အတြက္ အႏၲရာယ္ကင္းဇုန္၏ အေရးႀကီးမႈကို ဆက္လက္ အသိအမွတ္ျပဳရန္၊ ယင္းဇုန္ကို တူရကီတပ္ဖြဲ႕မ်ားက တာဝန္ ယူေစာင့္ေရွာက္ရန္ႏွင့္ နည္းလမ္းေပါင္းစုံျဖင့္ အေကာင္အထည္ေဖာ္ရာတြင္ ပူးေပါင္းေဆာင္႐ြက္ရန္၊ YPG တပ္မ်ား အႏၲရာယ္ ကင္းဇုန္မွ နာရီ ၁၂၀ အတြင္း ထြက္ခြာေပးႏိုင္ရန္ Operation Peace Spring စစ္ဆင္ေရးကို တူရကီက ရပ္ဆိုင္းထားေပးရန္ႏွင့္ တပ္ဖြဲ႕မ်ား ႐ုပ္သိမ္းၿပီးပါက ယင္းစစ္ဆင္ေရးကို  ဖ်က္သိမ္းရန္တို႔လည္း ပါဝင္ပါတယ္။

အဆိုပါ စစ္ဆင္ေရးကို ရပ္ဆိုင္းၿပီးေနာက္ အေမရိကန္ဘက္မွ ပိတ္ဆို႔အေရးယူမႈမ်ားကို ဆက္လက္ မလုပ္ေဆာင္ရန္လည္း သေဘာတူခဲ့ၿပီး ယင္းသေဘာတူညီခ်က္မ်ား ျဖစ္ေျမာက္ရန္ ႏွစ္ဖက္စလုံးက အေကာင္ အထည္ေဖာ္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း အေမရိကန္ႏွင့္ တူရကီတို႔က သေဘာတူထားပါတယ္။

Linko
Ref: Fox News
ဝါရွင္တန္၊ေအာက္တိုဘာ ၁၈