ဆီးရီးယားထိုးစစ်အတွက် လူထောင်နှင့်ချီကာ တူရကီကို ကန့်ကွက်ဆန္ဒပြ

ဆီးရီးယားထိုးစစ်အတွက် လူထောင်နှင့်ချီကာ တူရကီကို ကန့်ကွက်ဆန္ဒပြ

ဆီးရီးယားမြောက်ပိုင်းတွင်ဆင်နွဲနေသည့် တူရကီထိုးစစ်အားဆန့်ကျင်သည်အနေဖြင့် ဂျာမနီနိုင်ငံ ကိုလုန်းမြို့တွင်ထောင်နှင့်ချီသောလူများက ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။

စနေနေ့က လက်ဝဲယိမ်းဝါဒီလူ၅၀၀၀ က အုပ်စုနှစ်စုခွဲကာချီတက်ဆန္ဒပြခဲ့ပြီး ကိုလုန်းမြို့လယ်တွင် ဆုံစည်းဆန္ဒပြခဲ့တယ်လို့ ရဲတပ်ဖွဲက ဆိုတယ်လို့ dpa သတင်းအေဂျင်စီက ထုတ်ပြန်ခဲ့ပါတယ်။ ဆန္ဒပြသူအချို့က တူရကီကျူးကျော်မှုကို တွန်းလှန်နေသည့် YPG (ပြည်သူကာကွယ်ရေးယူနစ်) ဟု လူသိများသည့် ဆီးရီးယားကဒ်တပ်ဖွဲ့အလံကို သယ်ဆောင်လာခဲ့သလို တချို့က တူရကီသမ္မတ အာဒိုဂန်နှင့် သူ့ပါတီကို ရည်ညွှန်းကာ “APKအစိုးရနှင့် သဘောတူညီချက်မလုပ်”ဆိုသည့် ဆောင်ပုဒ် များကိုလည်း ကိုင်ဆောင် ဆန္ဒပြသခဲ့ကြပါတယ်။

ဂျာမန်ရဲတပ်ဖွဲ့မှာ ဆန္ဒပြပွဲမှ တစ်ဆင့် အကြမ်းဖက်မှုဖြစ် လာနိုင်သည့်အတွက်  စောင့်ကြည့်မှုသာ ပြုလုပ်ခဲ့ပါတယ်။ ဂျာမနီနိုင်ငံမှာ တူရကီနှင့် ကာဒ်လူမျိုးများ၏မူရင်းနိုင်ငံကဲ့သို့ပင်ဖြစ်နေကာ နေထိုင်သူပမာဏများပြားသဖြင့် ယခင်က အဆိုပါ လူအဖွဲ့အစည်းနှစ်ခုကြား အကြမ်းဖက်တိုက်ခိုက် မှုများဖြစ်ပေါ်ခဲ့ပါတယ်။

Linko
Ref:AP
ဘာလင်၊ အောက်တိုဘာ ၁၉

(  Zawgyi  )

 ဆီးရီးယားေျမာက္ပိုင္းတြင္ဆင္ႏြဲေနသည့္ တူရကီထိုးစစ္အားဆန႔္က်င္သည္အေနျဖင့္ ဂ်ာမနီႏိုင္ငံ ကိုလုန္းၿမိဳ႕တြင္ေထာင္ႏွင့္ခ်ီေသာလူမ်ားက ဆႏၵထုတ္ေဖာ္ျပသခဲ့ၾကပါတယ္။

စေနေန႔က လက္ဝဲယိမ္းဝါဒီလူ၅၀၀၀ က အုပ္စုႏွစ္စုခြဲကာခ်ီတက္ဆႏၵျပခဲ့ၿပီး ကိုလုန္းၿမိဳ႕လယ္တြင္ ဆုံစည္းဆႏၵျပခဲ့တယ္လို႔ ရဲတပ္ဖြဲက ဆိုတယ္လို႔ dpa သတင္းေအဂ်င္စီက ထုတ္ျပန္ခဲ့ပါတယ္။ ဆႏၵျပသူအခ်ိဳ႕က တူရကီက်ဴးေက်ာ္မႈကို တြန္းလွန္ေနသည့္ YPG (ျပည္သူကာကြယ္ေရးယူနစ္) ဟု လူသိမ်ားသည့္ ဆီးရီးယားကဒ္တပ္ဖြဲ႕အလံကို သယ္ေဆာင္လာခဲ့သလို တခ်ိဳ႕က တူရကီသမၼတ အာဒိုဂန္ႏွင့္ သူ႔ပါတီကို ရည္ၫႊန္းကာ “APKအစိုးရႏွင့္ သေဘာတူညီခ်က္မလုပ္”ဆိုသည့္ ေဆာင္ပုဒ္ မ်ားကိုလည္း ကိုင္ေဆာင္ ဆႏၵျပသခဲ့ၾကပါတယ္။

ဂ်ာမန္ရဲတပ္ဖြဲ႕မွာ ဆႏၵျပပြဲမွ တစ္ဆင့္ အၾကမ္းဖက္မႈျဖစ္ လာႏိုင္သည့္အတြက္  ေစာင့္ၾကည့္မႈသာ ျပဳလုပ္ခဲ့ပါတယ္။ ဂ်ာမနီႏိုင္ငံမွာ တူရကီႏွင့္ ကာဒ္လူမ်ိဳးမ်ား၏မူရင္းႏိုင္ငံကဲ့သို႔ပင္ျဖစ္ေနကာ ေနထိုင္သူပမာဏမ်ားျပားသျဖင့္ ယခင္က အဆိုပါ လူအဖြဲ႕အစည္းႏွစ္ခုၾကား အၾကမ္းဖက္တိုက္ခိုက္ မႈမ်ားျဖစ္ေပၚခဲ့ပါတယ္။

Linko
Ref:AP
ဘာလင္၊ ေအာက္တိုဘာ ၁၉