ဆီးရီးယားမြောက်ပိုင်းကို တူရကီထိုးစစ် စတင်ပြီဟု တူရကီသမ္မတကြေညာ

ဆီးရီးယားမြောက်ပိုင်းကို တူရကီထိုးစစ် စတင်ပြီဟု တူရကီသမ္မတကြေညာ

ဆီးရီးယားမြောက်ပိုင်း ယူဖရေးတီးမြစ်အရှေ့ဘက်ဒေသတွေမှာ တူရကီထိုးစစ်စတင်မယ်လို့ သမ္မတရစ်ချက် တိုင်ယစ်အာဒိုဂမ်က သြဂုတ်လ ၄ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ အာဖရင်၊ ဂျာရာဘလက်စ်၊ အယ်လ်ဘက် စတဲ့ဆီးရီးယားမြို့တွေမှာ တူရကီတပ်တွေရောက်နှင့်နေပြီး၊ အခုတစ်ခါ ယူဖရေးတီးမြစ်အရှေ့ခြမ်းကို ဝင်ရောက်မှာဖြစ်တယ်လို့ တူရကီသမ္မတက Bursaမြို့မှာပြုလုပ်တဲ့ အခမ်းအနားတစ်ခုမှာ ပြောပါ တယ်။

 ဒီသတင်းကို အမေရိကန်နဲ့ ရုရှားကိုလည်း အသိပေးပြီးဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။ ‘အနှောင့်အယှက်ပေးပစ်ခတ်မှုတွေရှိနေသရွေ့ တူရကီကငြိမ်ခံနေမှာမဟုတ်သလို၊ စိတ်ရှည်သည်းခံမှုလည်း ကုန်ဆုံးသွားခဲ့ပြီ’ လို့ ပြောဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့ စစ်ဆင်ရေး ၂ ခုအတွင်းမှာ တူရကီစစ်တပ်နဲ့ မဟာမိတ်ဆီးရီးယားသူပုန်တွေဟာ အာဖရင်၊ ဂျာရာဘလက်စ်၊ အယ်လ်ဘက်စတဲ့မြို့တွေမှာ အိုင်အက်စ်နဲ့ YPG ကာ့ဒ် ပြည်သူ့စစ်တွေကို တိုက်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ YPG ကာ့ဒ်ပြည်သူ့စစ်တွေထိန်းချုပ်ထားတဲ့ ဆီးရီးယားမြောက်ပိုင်းကို ဘေးကင်းဇုန်အဖြစ် သတ်မှတ်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုတွေကို အမေရိကန်က ကြားဝင်စေ့စပ်ပေးပေမဲ့ ခုချိန်ထိအောင်မြင်မှုမရသေးပါဘူး။ ဒီအတွက် သြဂုတ်လ ၄ ရက်နေ့မှာ အမေရိကန်စစ်တပ်ကိုယ်စားလှယ်အဖွဲ့ အန်ကာရာကို ရောက်ရှိမှာဖြစ်ပြီး၊ နောက်ထပ်ဆွေးနွေးပွဲတွေလုပ်ဖို့ကိုလည်း စီစဉ်ထားပါတယ်။

အမေရိကန်ကျောထောက်နောက်ခံပေးထားတဲ့ YPG ကာ့ဒ်ပြည်သူ့စစ်တွေကို တူရကီက အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ပြီး၊ ချေမှုန်း လာခဲ့တာ ဖြစ်ပါတယ်။ ယူဖရေးတီးမြစ်အရှေ့ပိုင်းမှာ ထိုးစစ်စတင်မယ်လို့ တူရကီက အချိန်အတော်ကြာကတည်းက ခြိမ်းခြောက်လာခဲ့ပါတယ်။အမေရိကန်နဲ့ဆွေးနွေးပွဲမအောင်မြင်ဘူးဆိုရင်လည်း တူရကီက သူ့နည်းသူ့ဟန်နဲ့ ဘေးကင်းဇုန် တည်ဆောက်သွားမယ်လို့လည်း တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ်က သြဂုတ် ၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

‘ဘေးကင်းဇုန်တည်ဆောက်ရေးကိစ္စ စီစဉ်သလိုဖြစ်မလာခဲ့ရင် နိုင်ငံအတွက်ခြိမ်းခြောက်မှုတွေ ဆက်ဖြစ်မှာပါ။ ဒါကြောင့် ယူဖရေးတီးမြစ် အရှေ့ပိုင်း ကို စစ်ဆင်ရေးစတင်တာ’ လို့ ဆိုပါတယ်။ YPGကာ့ဒ်တွေထိန်း ချုပ်ထား တဲ့ဒေသမှာ ဘေးကင်းဇုန်တစ်ခု သတ်မှတ်တည်ဆောက်နိုင် ဖို့အတွက် တူရကီနဲ့ အမေရိကန်လက်တွဲဆောင်ရွက်ဖို့ ယခုနှစ်အစောပိုင်းမှာ သဘောတူထားပါတယ်။

ရည်မွန်
Ref: en.people.cn
အန်ကာရာ၊ သြဂုတ် ၅

(  Zawgyi  )

 ဆီးရီးယားေျမာက္ပိုင္း ယူဖေရးတီးျမစ္အေရွ႕ဘက္ေဒသေတြမွာ တူရကီထိုးစစ္စတင္မယ္လို႔ သမၼတရစ္ခ်က္ တိုင္ယစ္အာဒိုဂမ္က ၾသဂုတ္လ ၄ ရက္ေန႔မွာ ေၾကညာလိုက္ပါတယ္။ အာဖရင္၊ ဂ်ာရာဘလက္စ္၊ အယ္လ္ဘက္ စတဲ့ဆီးရီးယားၿမိဳ႕ေတြမွာ တူရကီတပ္ေတြေရာက္ႏွင့္ေနၿပီး၊ အခုတစ္ခါ ယူဖေရးတီးျမစ္အေရွ႕ျခမ္းကို ဝင္ေရာက္မွာျဖစ္တယ္လို႔ တူရကီသမၼတက Bursaၿမိဳ႕မွာျပဳလုပ္တဲ့ အခမ္းအနားတစ္ခုမွာ ေျပာပါ တယ္။

 ဒီသတင္းကို အေမရိကန္နဲ႔ ႐ုရွားကိုလည္း အသိေပးၿပီးျဖစ္တယ္လို႔လည္း သူက ဆိုပါတယ္။ ‘အေႏွာင့္အယွက္ေပးပစ္ခတ္မႈေတြရွိေနသေ႐ြ႕ တူရကီကၿငိမ္ခံေနမွာမဟုတ္သလို၊ စိတ္ရွည္သည္းခံမႈလည္း ကုန္ဆုံးသြားခဲ့ၿပီ’ လို႔ ေျပာဆိုလိုက္ပါတယ္။ၿပီးခဲ့တဲ့ စစ္ဆင္ေရး ၂ ခုအတြင္းမွာ တူရကီစစ္တပ္နဲ႔ မဟာမိတ္ဆီးရီးယားသူပုန္ေတြဟာ အာဖရင္၊ ဂ်ာရာဘလက္စ္၊ အယ္လ္ဘက္စတဲ့ၿမိဳ႕ေတြမွာ အိုင္အက္စ္နဲ႔ YPG ကာ့ဒ္ ျပည္သူ႔စစ္ေတြကို တိုက္ထုတ္ခဲ့တာ ျဖစ္ပါတယ္။ YPG ကာ့ဒ္ျပည္သူ႔စစ္ေတြထိန္းခ်ဳပ္ထားတဲ့ ဆီးရီးယားေျမာက္ပိုင္းကို ေဘးကင္းဇုန္အျဖစ္ သတ္မွတ္ေရးအတြက္ ညႇိႏႈိင္းေဆြးေႏြးမႈေတြကို အေမရိကန္က ၾကားဝင္ေစ့စပ္ေပးေပမဲ့ ခုခ်ိန္ထိေအာင္ျမင္မႈမရေသးပါဘူး။ ဒီအတြက္ ၾသဂုတ္လ ၄ ရက္ေန႔မွာ အေမရိကန္စစ္တပ္ကိုယ္စားလွယ္အဖြဲ႕ အန္ကာရာကို ေရာက္ရွိမွာျဖစ္ၿပီး၊ ေနာက္ထပ္ေဆြးေႏြးပြဲေတြလုပ္ဖို႔ကိုလည္း စီစဥ္ထားပါတယ္။

အေမရိကန္ေက်ာေထာက္ေနာက္ခံေပးထားတဲ့ YPG ကာ့ဒ္ျပည္သူ႔စစ္ေတြကို တူရကီက အၾကမ္းဖက္အုပ္စုအျဖစ္ သတ္မွတ္ၿပီး၊ ေခ်မႈန္း လာခဲ့တာ ျဖစ္ပါတယ္။ ယူဖေရးတီးျမစ္အေရွ႕ပိုင္းမွာ ထိုးစစ္စတင္မယ္လို႔ တူရကီက အခ်ိန္အေတာ္ၾကာကတည္းက ၿခိမ္းေျခာက္လာခဲ့ပါတယ္။အေမရိကန္နဲ႔ေဆြးေႏြးပြဲမေအာင္ျမင္ဘူးဆိုရင္လည္း တူရကီက သူ႔နည္းသူ႔ဟန္နဲ႔ ေဘးကင္းဇုန္ တည္ေဆာက္သြားမယ္လို႔လည္း တူရကီႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရပုဂၢိဳလ္က ၾသဂုတ္ ၂ ရက္ေန႔မွာ ေျပာၾကားခဲ့ပါတယ္။

‘ေဘးကင္းဇုန္တည္ေဆာက္ေရးကိစၥ စီစဥ္သလိုျဖစ္မလာခဲ့ရင္ ႏိုင္ငံအတြက္ၿခိမ္းေျခာက္မႈေတြ ဆက္ျဖစ္မွာပါ။ ဒါေၾကာင့္ ယူဖေရးတီးျမစ္ အေရွ႕ပိုင္း ကို စစ္ဆင္ေရးစတင္တာ’ လို႔ ဆိုပါတယ္။ YPGကာ့ဒ္ေတြထိန္း ခ်ဳပ္ထား တဲ့ေဒသမွာ ေဘးကင္းဇုန္တစ္ခု သတ္မွတ္တည္ေဆာက္ႏိုင္ ဖို႔အတြက္ တူရကီနဲ႔ အေမရိကန္လက္တြဲေဆာင္႐ြက္ဖို႔ ယခုႏွစ္အေစာပိုင္းမွာ သေဘာတူထားပါတယ္။

ရည္မြန္
Ref: en.people.cn
အန္ကာရာ၊ ၾသဂုတ္ ၅