ဆီးရီးယားရှိ အစ္စလာမစ်ဂျီဟတ်တို့၏ ပစ်မှတ်များအား အစ္စရေးဝင်ရောက်တိုက်ခိုက်

ဆီးရီးယားရှိ အစ္စလာမစ်ဂျီဟတ်တို့၏ ပစ်မှတ်များအား  အစ္စရေးဝင်ရောက်တိုက်ခိုက်

ဆီးရီးယားမြို့တော် ဒမတ်စကတ်အနီးရှိ ပစ်မှတ်အများအပြားကို ဖေဖော်ဝါရီ ၂၃ ရက်တွင် အစ္စရေးတို့က တိုက်ခိုက်ခဲ့ရာ ဆီးရီးယား၏ လေကြောင်းကာကွယ်ရေးအဖွဲ့ကလည်း ပြန်လည် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပါတယ်။ ဒမတ်စကတ် နိုင်ငံတကာလေဆိပ်အနီး ကို အစ္စရေး တို့က တိုက်ခိုက်ခဲ့ကြောင်းနှင့် ၎င်းတို့ သိမ်းပိုက်ထားသည့် ဂိုလန်ကုန်းမြင့်မှပစ်ခတ်လိုက်သော ရော့ကတ်များကို လေကြောင်း ကာကွယ် ရေး လက်နက်များဖြင့် ပြန်လည် ဖျက်ဆီးခဲ့ကြောင်း အစ္စရေးစစ်တပ်၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိမ်နီးချင်း ဆီးရီးယားနိုင်ငံအတွင်း တိုက်ခိုက်မှုများ ပြုလုပ်လေ့မရှိသည့် အစ္စရေးက ၎င်းတို့၏ စစ်လေယာဉ်များ သည် ဒမတ်စကတ် တောင်ပိုင်းနှင့် ဂါဇာကမ်းမြောင်ဒေသတို့ရှိ ပါလက်စတိုင်းအစ္စလာမစ်ဂျီဟတ်စစ်သွေးကြွ အုပ်စုများကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ ပါတယ်။

လက်နက်သုတေသနနှင့် ထုတ်လုပ်နေသည့် နေရာများသို့ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း အစ္စရေးက ထုတ်ပြန်ထားပါတယ်။ ယင်းနေရာများသည် ဒုံးကျည်လောင်စာ ကီလိုဂရမ်များစွာကို ထုတ်လုပ်သည့် နေရာဖြစ် ကြောင်းလည်း အစ္စရေးတို့က ထုတ်ပြန် ထားပါ တယ်။

ဂါဇာရှိ လုံခြုံစည်းရိုးနှင့် အစ္စရေးနယ်မြေအတွင်းသို့ တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ကြိုးပမ်းခဲ့မှုကြောင့် ယခုကဲ့သို့ တုံ့ပြန်ခြင်း ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားပါတယ်။ ဂိုလန်ကုန်းမြင့်မှ ပစ်ခတ်လိုက်သည့် ပေါက်ကွဲသံများကို ဒမတ်စကတ်မြို့တွင်းမှ ကြားရကြောင်း ဆီးရီးယားသတင်းများမှာ ဖော်ပြထားပါတယ်။

ဒမတ်စကတ်လေဆိပ်အနီးရှိ အီရန်တို့၏ စခန်းများကို အစ္စရေးက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်မှုအတွက်က ပြောကြားပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်က ထွက်ပေါ်လာသည့်  ဂြိုဟ်တုဓာတ်ပုံ များတွင်  ဒမတ်စတ်နိုင်ငံတကာ လေဆိပ်ရှိ သိုလှောင်ရုံများနှင့် ရုံးအဆောက်အဦများ ဆိုးဆိုးရွားရွား ပျက်စီးသည့် ပုံများကို မြင်တွေ့ရပါတယ်။

ဂိုလန်ကုန်းမြင့်ဒေသတွင် ဖေဖော်ဝါရီ ၂၃ ရက်မှ ယခုလကုန်အထိ အရပ်ဖက်လေယာဉ်များ ပေ ၅၀၀၀ အထက်မှသာ ပျံသန်းကြရန် လည်း အစ္စရေးက ထုတ်ပြန်ထားပါတယ်။

Linko
Ref: Y Net News
ဒမတ်စကတ်၊ ဖေဖေါ်ဝါရီ ၂၄

(  Zawgyi  )

 ဆီးရီးယားၿမိဳ႕ေတာ္ ဒမတ္စကတ္အနီးရွိ ပစ္မွတ္အမ်ားအျပားကို ေဖေဖာ္ဝါရီ ၂၃ ရက္တြင္ အစၥေရးတို႔က တိုက္ခိုက္ခဲ့ရာ ဆီးရီးယား၏ ေလေၾကာင္းကာကြယ္ေရးအဖြဲ႕ကလည္း ျပန္လည္ ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ပါတယ္။ ဒမတ္စကတ္ ႏိုင္ငံတကာေလဆိပ္အနီး ကို အစၥေရး တို႔က တိုက္ခိုက္ခဲ့ေၾကာင္းႏွင့္ ၎တို႔ သိမ္းပိုက္ထားသည့္ ဂိုလန္ကုန္းျမင့္မွပစ္ခတ္လိုက္ေသာ ေရာ့ကတ္မ်ားကို ေလေၾကာင္း ကာကြယ္ ေရး လက္နက္မ်ားျဖင့္ ျပန္လည္ ဖ်က္ဆီးခဲ့ေၾကာင္း အစၥေရးစစ္တပ္၏ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အိမ္နီးခ်င္း ဆီးရီးယားႏိုင္ငံအတြင္း တိုက္ခိုက္မႈမ်ား ျပဳလုပ္ေလ့မရွိသည့္ အစၥေရးက ၎တို႔၏ စစ္ေလယာဥ္မ်ား သည္ ဒမတ္စကတ္ ေတာင္ပိုင္းႏွင့္ ဂါဇာကမ္းေျမာင္ေဒသတို႔ရွိ ပါလက္စတိုင္းအစၥလာမစ္ဂ်ီဟတ္စစ္ေသြးႂကြ အုပ္စုမ်ားကို တိုက္ခိုက္ခဲ့ေၾကာင္း ထုတ္ျပန္ခဲ့ ပါတယ္။

လက္နက္သုေတသနႏွင့္ ထုတ္လုပ္ေနသည့္ ေနရာမ်ားသို႔ တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္းလည္း အစၥေရးက ထုတ္ျပန္ထားပါတယ္။ ယင္းေနရာမ်ားသည္ ဒုံးက်ည္ေလာင္စာ ကီလိုဂရမ္မ်ားစြာကို ထုတ္လုပ္သည့္ ေနရာျဖစ္ ေၾကာင္းလည္း အစၥေရးတို႔က ထုတ္ျပန္ ထားပါ တယ္။

ဂါဇာရွိ လုံၿခဳံစည္း႐ိုးႏွင့္ အစၥေရးနယ္ေျမအတြင္းသို႔ တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ရန္ ႀကိဳးပမ္းခဲ့မႈေၾကာင့္ ယခုကဲ့သို႔ တုံ႔ျပန္ျခင္း ျဖစ္ေၾကာင္း အစၥေရးစစ္တပ္က ေျပာၾကားပါတယ္။ ဂိုလန္ကုန္းျမင့္မွ ပစ္ခတ္လိုက္သည့္ ေပါက္ကြဲသံမ်ားကို ဒမတ္စကတ္ၿမိဳ႕တြင္းမွ ၾကားရေၾကာင္း ဆီးရီးယားသတင္းမ်ားမွာ ေဖာ္ျပထားပါတယ္။

ဒမတ္စကတ္ေလဆိပ္အနီးရွိ အီရန္တို႔၏ စခန္းမ်ားကို အစၥေရးက ပစ္မွတ္ထား တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း ၿဗိတိန္အေျခစိုက္ ဆီးရီးယားလူ႔အခြင့္အေရးေစာင့္ၾကည့္မႈအတြက္က ေျပာၾကားပါတယ္။ ေဖေဖာ္ဝါရီ ၂၄ ရက္က ထြက္ေပၚလာသည့္  ၿဂိဳဟ္တုဓာတ္ပုံ မ်ားတြင္  ဒမတ္စတ္ႏိုင္ငံတကာ ေလဆိပ္ရွိ သိုေလွာင္႐ုံမ်ားႏွင့္ ႐ုံးအေဆာက္အဦမ်ား ဆိုးဆိုး႐ြား႐ြား ပ်က္စီးသည့္ ပုံမ်ားကို ျမင္ေတြ႕ရပါတယ္။

ဂိုလန္ကုန္းျမင့္ေဒသတြင္ ေဖေဖာ္ဝါရီ ၂၃ ရက္မွ ယခုလကုန္အထိ အရပ္ဖက္ေလယာဥ္မ်ား ေပ ၅၀၀၀ အထက္မွသာ ပ်ံသန္းၾကရန္ လည္း အစၥေရးက ထုတ္ျပန္ထားပါတယ္။

Linko
Ref: Y Net News
ဒမတ္စကတ္၊ ေဖေဖၚဝါရီ ၂၄