ဆီးရီးယားအစိုးရတပ်များက သူပုန်တို့ ထိန်းချုပ်ထားသည့် ဒေသအများအပြားကို ပြန်လည်သိမ်းပိုက်

ဆီးရီးယားအစိုးရတပ်များက သူပုန်တို့ ထိန်းချုပ်ထားသည့် ဒေသအများအပြားကို ပြန်လည်သိမ်းပိုက်

သူပုန်တို့ ထိန်းချုပ်ထားသည့် နယ်မြေအားလုံးကို ပြန်လည်သိမ်းယူမည်ဟု ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆတ်က ဒမတ်စကတ်မြို့၌ ဖေဖော်ဝါရီ ၁၆ ရက်က အီရန်လွှတ်တော်အမတ် အလီလာရီဂျန်နီနှင့် တွေ့ဆုံဆွေးနွေးရာမှာ ပြောကြားခဲ့ပါတယ်။“ဆီးရီးယားရဲ့ နယ်မြေအားလုံးကို အကြမ်းဖက်ဝါဒအောက်က လွတ်မြောက်ဖို့ အစိုးရအနေနဲ့ ဆုံးဖြတ် ထားပါတယ်” ဟု အာဆတ်က ပြောကြားပါတယ်။

အစိုးရတပ်များအနေဖြင့် နိုင်ငံအနောက်ပိုင်း အလက်ပိုပြည်နယ်တွင် သူပုန်များသိမ်းပိုက်ထားသည့် နေရာအများအပြားကို ပြန်လည် သိမ်းယူနေကြောင်း နိုင်ငံပိုင် SANA သတင်းဌာနက ဖော်ပြပါတယ်။အရပ်သားများကို ဖမ်းဆီးခြင်းနှင့် လူသားဒိုင်းကာများ လုပ်ဆောင် နေသည့် အကြမ်းဖက်သမားများအား ဆီးရီးယားကို ရန်လိုနေသည့် နိုင်ငံများက ကာကွယ်ပေးနေကြောင်း၊ အသက်၊ လုံခြုံရေးနှင့် နိုင်ငံသားများ တည်ငြိမ်ရေးအတွက် ယင်းကဲ့သို့ ဆက်လက်လုပ်ခွင့်ပြုရန် မဖြစ်နိုင်တော့ကြောင်း အာဆက်က ပြောပါတယ်။

လာရီဂျန်နီကလည်း ဆီးရီးယားကို ဆက်လက်ထောက်ခံကြောင်းနှင့် ဆီးရီးယားတပ်ဖွဲ့များ၏ အောင်မြင်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ဖေဖော်ဝါရီ ၁၅ ရက်က ရုရှားစစ်လေယာဉ်များသည် အလက်ပိုဒေသသို့ လေကြောင်းမှ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ရာတွင် မြို့အများ အပြား သို့ ဗုံးကြဲခဲ့ပြီးနောက်  ဆီးရီးယားတပ်ဖွဲ့များက အီရန်တို့ ထောက်ပံ့ထားသည့် ပြည်သူ့စစ်များ အကူအညီဖြင့် အာနာဒန်မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။

ထို့ပြင် အလက်ပိုနှင့် ဒမတ်စကတ်မြို့ကြီးတို့ကို ဆက်သွယ်ထားသည့် M5 အမြန်လမ်းမကြီးအား ထိန်းချုပ်ထားသည့် သူပုန်များကို အစိုးရတပ်များက တိုက်ခိုက်ပြီးနောက် နှစ်နှင့်ချီ၍ ပိတ်ထားခဲ့ရသည့် ယင်းလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။တူရကီ တို့ ထောက်ပံ့ထားသည့် သူပုန်များကလည်း ဆီးရီးယားတပ်ဖွဲ့များက သိမ်းပိုက်သွားသည့် အက်ဒလစ်ဒေသကို ပြန်လည်ရယူရန် စစ်ဆင်ရေးများ ပြုလုပ်လျှက်ရှိပါတယ်။

Linko
Ref: CGTN
ဒမတ်စကက်၊ ဖေဖော်ဝါရီ ၁၇

(  Zawgyi  )

 သူပုန္တို႔ ထိန္းခ်ဳပ္ထားသည့္ နယ္ေျမအားလုံးကို ျပန္လည္သိမ္းယူမည္ဟု ဆီးရီးယားသမၼတ ဘာရွာအယ္လ္အာဆတ္က ဒမတ္စကတ္ၿမိဳ႕၌ ေဖေဖာ္ဝါရီ ၁၆ ရက္က အီရန္လႊတ္ေတာ္အမတ္ အလီလာရီဂ်န္နီႏွင့္ ေတြ႕ဆုံေဆြးေႏြးရာမွာ ေျပာၾကားခဲ့ပါတယ္။“ဆီးရီးယားရဲ႕ နယ္ေျမအားလုံးကို အၾကမ္းဖက္ဝါဒေအာက္က လြတ္ေျမာက္ဖို႔ အစိုးရအေနနဲ႔ ဆုံးျဖတ္ ထားပါတယ္” ဟု အာဆတ္က ေျပာၾကားပါတယ္။

အစိုးရတပ္မ်ားအေနျဖင့္ ႏိုင္ငံအေနာက္ပိုင္း အလက္ပိုျပည္နယ္တြင္ သူပုန္မ်ားသိမ္းပိုက္ထားသည့္ ေနရာအမ်ားအျပားကို ျပန္လည္ သိမ္းယူေနေၾကာင္း ႏိုင္ငံပိုင္ SANA သတင္းဌာနက ေဖာ္ျပပါတယ္။အရပ္သားမ်ားကို ဖမ္းဆီးျခင္းႏွင့္ လူသားဒိုင္းကာမ်ား လုပ္ေဆာင္ ေနသည့္ အၾကမ္းဖက္သမားမ်ားအား ဆီးရီးယားကို ရန္လိုေနသည့္ ႏိုင္ငံမ်ားက ကာကြယ္ေပးေနေၾကာင္း၊ အသက္၊ လုံၿခဳံေရးႏွင့္ ႏိုင္ငံသားမ်ား တည္ၿငိမ္ေရးအတြက္ ယင္းကဲ့သို႔ ဆက္လက္လုပ္ခြင့္ျပဳရန္ မျဖစ္ႏိုင္ေတာ့ေၾကာင္း အာဆက္က ေျပာပါတယ္။

လာရီဂ်န္နီကလည္း ဆီးရီးယားကို ဆက္လက္ေထာက္ခံေၾကာင္းႏွင့္ ဆီးရီးယားတပ္ဖြဲ႕မ်ား၏ ေအာင္ျမင္မႈကို ခ်ီးက်ဴးဂုဏ္ျပဳခဲ့ပါတယ္။ေဖေဖာ္ဝါရီ ၁၅ ရက္က ႐ုရွားစစ္ေလယာဥ္မ်ားသည္ အလက္ပိုေဒသသို႔ ေလေၾကာင္းမွ ျပင္းထန္စြာ တိုက္ခိုက္ခဲ့ရာတြင္ ၿမိဳ႕အမ်ား အျပား သို႔ ဗုံးႀကဲခဲ့ၿပီးေနာက္  ဆီးရီးယားတပ္ဖြဲ႕မ်ားက အီရန္တို႔ ေထာက္ပံ့ထားသည့္ ျပည္သူ႔စစ္မ်ား အကူအညီျဖင့္ အာနာဒန္ၿမိဳ႕ကို သိမ္းပိုက္ခဲ့ပါတယ္။

ထို႔ျပင္ အလက္ပိုႏွင့္ ဒမတ္စကတ္ၿမိဳ႕ႀကီးတို႔ကို ဆက္သြယ္ထားသည့္ M5 အျမန္လမ္းမႀကီးအား ထိန္းခ်ဳပ္ထားသည့္ သူပုန္မ်ားကို အစိုးရတပ္မ်ားက တိုက္ခိုက္ၿပီးေနာက္ ႏွစ္ႏွင့္ခ်ီ၍ ပိတ္ထားခဲ့ရသည့္ ယင္းလမ္းမႀကီးကို ျပန္လည္ဖြင့္လွစ္ခဲ့ပါတယ္။တူရကီ တို႔ ေထာက္ပံ့ထားသည့္ သူပုန္မ်ားကလည္း ဆီးရီးယားတပ္ဖြဲ႕မ်ားက သိမ္းပိုက္သြားသည့္ အက္ဒလစ္ေဒသကို ျပန္လည္ရယူရန္ စစ္ဆင္ေရးမ်ား ျပဳလုပ္လွ်က္ရွိပါတယ္။

Linko
Ref: CGTN
ဒမတ္စကက္၊ ေဖေဖာ္ဝါရီ ၁၇