ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် ဗုံးပေါက်ကွဲသဖြင့် ဆေးရုံးပြိုကျ

 
ဆီးရီးယားအရှေ့မြောက်ပိုင်းတွင် ဗုံးပေါက်ကွဲသဖြင့် ဆေးရုံးပြိုကျ

ဆီးရီးယားအရှေ့မြောက်ပိုင်း အယ်ဟဆခါမြို့မှာ ပုဂ္ဂလိကဆေးရုံတစ်ခုကို ပေါက်ကွဲစေတတ်တဲ့ လက်ဖြစ်ဗုံးနဲ့ တိုက်ခိုက်မှုကြောင့် ဆေးရုံပြိုကျခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွက တနင်္လာနေ့က ဆိုပါတယ်။

ပြိုကျခဲ့တဲ့ အယ်လ်ဆလမ်ဆေးရုံအဆောက်အဦးမှာ အယ်ဟဆခါမြို့တောင်ဘက် အယ်လ်ရှိတ်အာ မက်ရွာ ထဲမှာ တည်ဆောက်ထားတာဖြစ်ပြီး အယ်ဝါတန်သတင်းစာဖော်ပြချက်အရ ဒီတိုက်ခိုက်မှုအတွက် ဖော်ကခွဲရေးပစ္စည်းတွေက ဘယ်သူဘယ်ဝါလက်ချက်ဆိုတာ  အတည်မပြုနိုင်သေးဘူးလို့ ဖြည့်စွက်ဖော်ပြခဲ့ပါတယ်။

ယခုပေါက်ကွဲမှုမှာ သေဆုံးထိခိုက်သူမရှိဘူးလို့ အဆိုပါဖော်ပြချက်မှာ ဆိုပါတယ်။ ဆီးရီးယားမှာ ၂၀၁၁ ခုနှစ်ကတည်းက အစိုးရတပ်တွေနဲ့ လက်နက်ကိုင် သူပုန်အဖွဲ့ပေါင်းစုံ၊ ဆန့်ကျင်ဘက်အကြမ်းဖက်ပေါင်းစုံတို့ တိုက်ခိုက်မှုတွေကြားနစ်မြုပ်နေခဲ့တာပါ။ ဆီးရီးယားအစိုးရတပ်တွေက ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှာ သူပုန်တွေလက်ထဲက နေရာအများစုကို ပြန်လည်ထိန်းချုပ်လာနိုင်ခဲ့သလို နယ်မြေအတော်များများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးစီမံချက်တွေဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

Linko
Ref:Sputnik
ဒမတ်စကတ်၊သြဂုတ် ၂၀

(  Zawgyi  )




Linko
Ref:Sputnik
ဒမတ်စကတ်၊သြဂုတ် ၂၀