ဆီးရီးယား အစိုးရတပ်များက မေလအတွင်း ဓာတုလက်နက်အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စွပ်စွဲ

ဆီးရီးယား အစိုးရတပ်များက မေလအတွင်း ဓာတုလက်နက်အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စွပ်စွဲ

သမ္မတ ဘာရှာအယ်လ်အာဆတ်၏ ဆီးရီးယား အစိုးရတပ်ဖွဲ့များက အက်ဒလစ်မြို့၌ သူပုန်များနှင့် မေလအတွင်း တိုက်ခိုက်ခဲ့ရာတွင် ဓာတုလက်နက်တစ်မျိုးကို အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယို က စက်တင်ဘာ ၂၄ ရက်မှာ ပြောကြားလိုက်ပါတယ်။

“အာဆတ် ရဲ့ အစိုးရဟာ မရေတွက်နိုင်တဲ့ လူသတ်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။အချို့ဖြစ်စဉ်တွေမှာ စစ်ရာဇဝတ်မှု၊ လူသားချင်းရက်စက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့အထိ ပါဝင်ပါတယ်” ဟု ပွန်ပီယို က နယူးယောက်မြို့တွင် ကုလသမဂ္ဂ အထွေထွေညီလာသို့ တက်ရောက်စဉ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

“မေ ၁၉ ရက်မှာ သူပုန်တွေနဲ့ တိုက်ခိုက်ခဲ့စဉ် အာဆတ်အစိုးရက ကလိုရင်းကို ဓာတုလက်နက်တစ်ခုအနေနဲ့ အသုံးပြုခဲ့ကြောင်း အမေရိကန်က ကောက်ချက်ချတယ်လို့ ကြေညာလိုပါတယ်” ဟု ပွန်ပီယို က ပြောပါတယ်။

ဆီးရီးယား အစိုးရတပ်ဖွဲ့များက နိုင်ငံအနောက်မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ဓာတုပစ္စည်းတစ်မျိုး တွေ့ရှိရကြောင်း အစီရင်ခံစာများ ရရှိထားသည်ဟု မေလအတွင်းကပင် ထုတ်ပြန်ခဲ့သော်လည်း ဓာတုလက်နက် အသုံးပြုခဲ့ခြင်း ရှိ၊ မရှိ ကို အတိအကျ မဆုံးဖြတ်ခဲ့ပေ။

သမ္မတ ထရမ့်၏ အစိုးရက ဆီးရီးယားအစိုးရအနေဖြင့် ဓာတုလက်နက်များ အသုံးပြုခဲ့သည်ဟုဆိုကာ ၂၀၁၇ ခုနှစ်၊ ဧပြီလနှင့် ၂၀၁၈ ခုနှစ်၊ ဧပြီလတို့တွင် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်၊ ဧပြီလအတွင်းက ဒမတ်စကတ်မြို့ ဆင်ခြေဖုံးအရပ်တွင်  လူအများအပြား သေဆုံးခဲ့မှု၌ ဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲချက်ဖြင့် အဆိုပါလအတွင်း၌ပင် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဂျင်ဂျက်ဖာရီ က မေလတိုက်ခိုက်မှုအတွင်း လူ ၄ ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် အမေရိကန်၏ တုံ့ပြန်မှုသည် မျှတကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ်ကို မရှင်းလင်းခဲ့ပေ။

သူပုန်များက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟုဆိုကာ အာဆတ်အစိုးရက အက်ဒလစ်မြို့နှင့် အနီးဝန်းကျင်ဒေသများကို  ယခုနှစ် ဧပြီလအတွင်းကလည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

ဆီးရီးယားအစိုးရသို့ လောင်စာများ ရောင်းချမှုဖြင့် ရုရှားကုမ္ပဏီ ၂ ခုကို အမေရိကန်က ပိတ်ဆို့အရေးယူမှု ချမှတ်ထားပါတယ်။

၈ နှစ်ကျော် ကြာမြင့်ပြီဖြစ်သည့် ဆီးရီးယား ပြည်တွင်းစစ်တွင် ရုရှားက အာဆတ်အစိုးရကို ထောက်ခံထားပါတယ်။

ဆီးရီးယားအစိုးရအနေဖြင့် အဆိပ်လက်နက်သုံးကြောင်း အမေရိကန်ကဲ့သို့ သုံးသပ်ထားခြင်း ရှိ၊ မရှိ နယူးယောက်တွင် မေးမြန်းမှုအပေါ် ပြင်သစ်အာဏာပိုင်များက မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

Linko
နယူးယောက်၊ စက်တင်ဘာ - ၂၇
Ref : Reuters

( Zawgyi )

သမၼတ ဘာရွာအယ္လ္အာဆတ္၏ ဆီးရီးယား အစိုးရတပ္ဖြဲ႕မ်ားက အက္ဒလစ္ၿမိဳ႕၌ သူပုန္မ်ားႏွင့္ ေမလအတြင္း တိုက္ခိုက္ခဲ့ရာတြင္ ဓာတုလက္နက္တစ္မ်ိဳးကို အသုံးျပဳတိုက္ခိုက္ခဲ့ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ပြန္ပီယို က စက္တင္ဘာ ၂၄ ရက္မွာ ေျပာၾကားလိုက္ပါတယ္။

“အာဆတ္ ရဲ႕ အစိုးရဟာ မေရတြက္ႏိုင္တဲ့ လူသတ္မႈေတြကို လုပ္ေဆာင္ခဲ့ပါတယ္။အခ်ိဳ႕ျဖစ္စဥ္ေတြမွာ စစ္ရာဇဝတ္မႈ၊ လူသားခ်င္းရက္စက္တဲ့ ရာဇဝတ္မႈေတြ က်ဴးလြန္တဲ့အထိ ပါဝင္ပါတယ္” ဟု ပြန္ပီယို က နယူးေယာက္ၿမိဳ႕တြင္ ကုလသမဂၢ အေထြေထြညီလာသို႔ တက္ေရာက္စဥ္ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။

“ေမ ၁၉ ရက္မွာ သူပုန္ေတြနဲ႔ တိုက္ခိုက္ခဲ့စဥ္ အာဆတ္အစိုးရက ကလိုရင္းကို ဓာတုလက္နက္တစ္ခုအေနနဲ႔ အသုံးျပဳခဲ့ေၾကာင္း အေမရိကန္က ေကာက္ခ်က္ခ်တယ္လို႔ ေၾကညာလိုပါတယ္” ဟု ပြန္ပီယို က ေျပာပါတယ္။

ဆီးရီးယား အစိုးရတပ္ဖြဲ႕မ်ားက ႏိုင္ငံအေနာက္ေျမာက္ပိုင္း၌ ျဖစ္ပြားခဲ့သည့္ တိုက္ပြဲမ်ားတြင္ ဓာတုပစၥည္းတစ္မ်ိဳး ေတြ႕ရွိရေၾကာင္း အစီရင္ခံစာမ်ား ရရွိထားသည္ဟု ေမလအတြင္းကပင္ ထုတ္ျပန္ခဲ့ေသာ္လည္း ဓာတုလက္နက္ အသုံးျပဳခဲ့ျခင္း ရွိ၊ မရွိ ကို အတိအက် မဆုံးျဖတ္ခဲ့ေပ။

သမၼတ ထရမ့္၏ အစိုးရက ဆီးရီးယားအစိုးရအေနျဖင့္ ဓာတုလက္နက္မ်ား အသုံးျပဳခဲ့သည္ဟုဆိုကာ ၂၀၁၇ ခုႏွစ္၊ ဧၿပီလႏွင့္ ၂၀၁၈ ခုႏွစ္၊ ဧၿပီလတို႔တြင္ ဗုံးႀကဲတိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ပါတယ္။
၂၀၁၈ ခုႏွစ္၊ ဧၿပီလအတြင္းက ဒမတ္စကတ္ၿမိဳ႕ ဆင္ေျခဖုံးအရပ္တြင္  လူအမ်ားအျပား ေသဆုံးခဲ့မႈ၌ ဓာတ္ေငြ႕ျဖင့္ တိုက္ခိုက္ခဲ့ေၾကာင္း စြပ္စြဲခ်က္ျဖင့္ အဆိုပါလအတြင္း၌ပင္ အေမရိကန္၊ ၿဗိတိန္ႏွင့္ ျပင္သစ္တို႔က ေလေၾကာင္းမွ တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ခဲ့ပါတယ္။

ဆီးရီးယားႏိုင္ငံဆိုင္ရာ အေမရိကန္ အထူးကိုယ္စားလွယ္ ဂ်င္ဂ်က္ဖာရီ က ေမလတိုက္ခိုက္မႈအတြင္း လူ ၄ ဦး ဒဏ္ရာရခဲ့ေၾကာင္းႏွင့္ အေမရိကန္၏ တုံ႔ျပန္မႈသည္ မွ်တေၾကာင္း ေျပာၾကားခဲ့ေသာ္လည္း အေသးစိတ္ကို မရွင္းလင္းခဲ့ေပ။

သူပုန္မ်ားက အပစ္အခတ္ရပ္စဲေရးကို ခ်ိဳးေဖာက္သည္ဟုဆိုကာ အာဆတ္အစိုးရက အက္ဒလစ္ၿမိဳ႕ႏွင့္ အနီးဝန္းက်င္ေဒသမ်ားကို  ယခုႏွစ္ ဧၿပီလအတြင္းကလည္း ထိုးစစ္ဆင္ တိုက္ခိုက္ခဲ့ပါတယ္။

ဆီးရီးယားအစိုးရသို႔ ေလာင္စာမ်ား ေရာင္းခ်မႈျဖင့္ ႐ုရွားကုမၸဏီ ၂ ခုကို အေမရိကန္က ပိတ္ဆို႔အေရးယူမႈ ခ်မွတ္ထားပါတယ္။

၈ ႏွစ္ေက်ာ္ ၾကာျမင့္ၿပီျဖစ္သည့္ ဆီးရီးယား ျပည္တြင္းစစ္တြင္ ႐ုရွားက အာဆတ္အစိုးရကို ေထာက္ခံထားပါတယ္။

ဆီးရီးယားအစိုးရအေနျဖင့္ အဆိပ္လက္နက္သုံးေၾကာင္း အေမရိကန္ကဲ့သို႔ သုံးသပ္ထားျခင္း ရွိ၊ မရွိ နယူးေယာက္တြင္ ေမးျမန္းမႈအေပၚ ျပင္သစ္အာဏာပိုင္မ်ားက မွတ္ခ်က္ေပးဖို႔ ျငင္းဆိုထားပါတယ္။

Linko
နယူးေယာက္၊ စက္တင္ဘာ - ၂၇
Ref : Reuters