ဆူဒန်တွင် အတိုက်အခံဆန္ဒပြသူများနှင့် အာဏာသိမ်းစစ်တပ်ကြား အာဏာလွဲပြောင်းချိန် သဘောတူညီမှုရရှိ

ဆူဒန်တွင် အတိုက်အခံဆန္ဒပြသူများနှင့် အာဏာသိမ်းစစ်တပ်ကြား အာဏာလွဲပြောင်းချိန် သဘောတူညီမှုရရှိ

ဆူဒန်အတိုက်အခံပါတီဖြစ်တဲ့ Declaration of Freedom and Changes Forces (DFCF) နဲ့ လက်ရှိအာဏာရနေတဲ့ စစ်တပ်ကြား အာဏာလွှဲပြောင်းချိန် အပြောင်းအလဲကာလကို ယနေ့မှာ သဘောတူညီမှုရခဲ့ပြီလို့ ဆိုပါတယ်။

သဘောတူညီမှုအရ အာဏာလွှဲပြောင်းမှုကာလမှာ အနည်းဆုံးသုံးနှစ်လောက်ကြာမြင့်မယ်လို့ သိရပါတယ်။ စစ်အာဏာသိမ်းအဖွဲ့ဖြစ်တဲ့  အသွင်ကူးပြောင်းရေးစစ်တပ်ကောင်စီ (TMC) အဖွဲ့ဝင် ဒု-ဗိုလ်ချူပ်ကြီး ယာဆာအယ်လ်အက်တာ ပြောကြား ချက်အရ စစ်တပ်ဟာဥပဒေပြုကောင်စီရဲ့ နေရာ သုံးပုံနှစ်ပုံနေရာယူထားမယ်လို့ ပြောပါတယ်။ ပြီးတော့ ယခုသဘောတူညီမှုမှာ DFCF မှ အပ ဘယ်ပါ တီမှ မပါဝင်ဘူး လို့ပြောပါတယ်။ ပြီးတော့ နောက်ဆုံး ဆုံးဖြတ်ချက်ကို ၂၄ နာရီအတွင်းလုပ်မယ်လို့ လည်းပြောပါတယ်။ DFCF ၏အဖွဲ့ဝင်တစ်ဦးဖြစ်ဖြစ်တဲ့ Sea al-Hajj ကတော့ “ရှုထောင့်တွေကတော့ နောက်ဆုံး အခြေအနေရောက်ပါပြီ၊ ဘုရားအလိုရှိတယ်ဆိုရင် နောက်ဆုံးသေဘောတူညီမှု ရရှိတော့ မှာပါ။” လို့ပြောပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်အထိတော့ ဆူဒန်ကို စစ်တပ်က ဖွဲ့စည်းထားတဲ့ ကောင်စီအသစ်ကပဲ ဦးဆောင်ရမှာပါလို့လည်းပြောပါတယ်။ စစ်တပ်ဘက် TMC ၏ပြောကြားချက်အရတော့ အပြောင်းအ လဲ ကာလဟာအနည်းဆုံး ၂ နှစ်ကြာမှာဖြစ်ပြီး၊ DFCF ကတော့ အနည်းဆုံး ၄ နှစ်ကြာမြင့်စေချင်ပါ တယ်။

ဆန္ဒပြသူတစ်ဦဖြစ်တဲ့ Mohamed Abdullah ကတော့ ဖြစ်လာခဲ့တဲ့ သဘောတူညီမှုအပေါ်သူ အားရ ကျေနပ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ယခုသဘောတူညီမှုမှာတော့ ကောင်စီဖွဲ့စည်းရေးမှာ အခက်အခဲရှိပြီး၊ ယခုစစ်ဗိုလ်မှူးတွေနဲ့ ဖွဲ့စည်းထားတဲ့ ကောင်စီကိုဖျတ်သိမ်းဖို့ရှိပေမယ့် စစ်ဗိုလ် ချုပ်တွေ၏ပြောကြားချက်အရတော့ စစ်ဗိုလ်တွေကပဲဆက်လက်ပြီး ကြီးစိုးမှာဖြစ်ပြီး၊ အတိုက်အခံတွေ ကတော့ ပြည်သူတွေရွေးချယ် တင်မြှောက် ခဲ့သူတွေဘဲ ပါဝင်စေချင်တာပါ။

ကောင်စီဖွဲ့ပြီးရင်တော့ အပြောင်းအလဲကာလကို အစိုးရကနေပြီးတော့ တိုင်းပြည်ကိုအုပ် ချုပ်မှာဖြစ်ပြီး၊ အပြောင်းအလဲကာလကုန်ဆုံးချိန်မှတော့ ရွေးကောက်ပွဲလုပ်ရမှာဖြစ်ပါတယ်။ အပြောင်းအလဲကာလမှာတော့ လွတ်တော်ဟာအဖွဲ့ဝင် ၃၀၀ ပါဝင်မှာဖြစ်ပြီး၊ ၆၇% ကိုတော့ Alliance for Freedom and Change ကပါဝင်မှာဖြစ်ပြီး၊ ကျန်တာတွေကတော့ တခြားနိုင်ငံရေ းအဖွဲ့တွေကပါဝင်မှာဖြစ်ပါတယ်။

Linko
Ref: aawsat.com
ခါတွန်၊မေ ၁၅

(  Zawgyi  )

ဆူဒန္အတိုက္အခံပါတီျဖစ္တဲ့ Declaration of Freedom and Changes Forces (DFCF) နဲ႔ လက္ရွိအာဏာရေနတဲ့ စစ္တပ္ၾကား အာဏာလႊဲေျပာင္းခ်ိန္ အေျပာင္းအလဲကာလကို ယေန႔မွာ သေဘာတူညီမႈရခဲ့ၿပီလို႔ ဆိုပါတယ္။

သေဘာတူညီမႈအရ အာဏာလႊဲေျပာင္းမႈကာလမွာ အနည္းဆုံးသုံးႏွစ္ေလာက္ၾကာျမင့္မယ္လို႔ သိရပါတယ္။ စစ္အာဏာသိမ္းအဖြဲ႕ျဖစ္တဲ့  အသြင္ကူးေျပာင္းေရးစစ္တပ္ေကာင္စီ (TMC) အဖြဲ႕ဝင္ ဒု-ဗိုလ္ခ်ဴပ္ႀကီး ယာဆာအယ္လ္အက္တာ ေျပာၾကား ခ်က္အရ စစ္တပ္ဟာဥပေဒျပဳေကာင္စီရဲ႕ ေနရာ သုံးပုံႏွစ္ပုံေနရာယူထားမယ္လို႔ ေျပာပါတယ္။ ၿပီးေတာ့ ယခုသေဘာတူညီမႈမွာ DFCF မွ အပ ဘယ္ပါ တီမွ မပါဝင္ဘူး လို႔ေျပာပါတယ္။ ၿပီးေတာ့ ေနာက္ဆုံး ဆုံးျဖတ္ခ်က္ကို ၂၄ နာရီအတြင္းလုပ္မယ္လို႔ လည္းေျပာပါတယ္။ DFCF ၏အဖြဲ႕ဝင္တစ္ဦးျဖစ္ျဖစ္တဲ့ Sea al-Hajj ကေတာ့ “ရႈေထာင့္ေတြကေတာ့ ေနာက္ဆုံး အေျခအေနေရာက္ပါၿပီ၊ ဘုရားအလိုရွိတယ္ဆိုရင္ ေနာက္ဆုံးေသေဘာတူညီမႈ ရရွိေတာ့ မွာပါ။” လို႔ေျပာပါတယ္။

ေ႐ြးေကာက္ပြဲမတိုင္ခင္အထိေတာ့ ဆူဒန္ကို စစ္တပ္က ဖြဲ႕စည္းထားတဲ့ ေကာင္စီအသစ္ကပဲ ဦးေဆာင္ရမွာပါလို႔လည္းေျပာပါတယ္။ စစ္တပ္ဘက္ TMC ၏ေျပာၾကားခ်က္အရေတာ့ အေျပာင္းအ လဲ ကာလဟာအနည္းဆုံး ၂ ႏွစ္ၾကာမွာျဖစ္ၿပီး၊ DFCF ကေတာ့ အနည္းဆုံး ၄ ႏွစ္ၾကာျမင့္ေစခ်င္ပါ တယ္။

ဆႏၵျပသူတစ္ဦျဖစ္တဲ့ Mohamed Abdullah ကေတာ့ ျဖစ္လာခဲ့တဲ့ သေဘာတူညီမႈအေပၚသူ အားရ ေက်နပ္တယ္လို႔ဆိုပါတယ္။ ဒါေပမယ့္ ယခုသေဘာတူညီမႈမွာေတာ့ ေကာင္စီဖြဲ႕စည္းေရးမွာ အခက္အခဲရွိၿပီး၊ ယခုစစ္ဗိုလ္မႉးေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ေကာင္စီကိုဖ်တ္သိမ္းဖို႔ရွိေပမယ့္ စစ္ဗိုလ္ ခ်ဳပ္ေတြ၏ေျပာၾကားခ်က္အရေတာ့ စစ္ဗိုလ္ေတြကပဲဆက္လက္ၿပီး ႀကီးစိုးမွာျဖစ္ၿပီး၊ အတိုက္အခံေတြ ကေတာ့ ျပည္သူေတြေ႐ြးခ်ယ္ တင္ေျမႇာက္ ခဲ့သူေတြဘဲ ပါဝင္ေစခ်င္တာပါ။

ေကာင္စီဖြဲ႕ၿပီးရင္ေတာ့ အေျပာင္းအလဲကာလကို အစိုးရကေနၿပီးေတာ့ တိုင္းျပည္ကိုအုပ္ ခ်ဳပ္မွာျဖစ္ၿပီး၊ အေျပာင္းအလဲကာလကုန္ဆုံးခ်ိန္မွေတာ့ ေ႐ြးေကာက္ပြဲလုပ္ရမွာျဖစ္ပါတယ္။ အေျပာင္းအလဲကာလမွာေတာ့ လြတ္ေတာ္ဟာအဖြဲ႕ဝင္ ၃၀၀ ပါဝင္မွာျဖစ္ၿပီး၊ ၆၇% ကိုေတာ့ Alliance for Freedom and Change ကပါဝင္မွာျဖစ္ၿပီး၊ က်န္တာေတြကေတာ့ တျခားႏိုင္ငံေရ းအဖြဲ႕ေတြကပါဝင္မွာျဖစ္ပါတယ္။

Linko
Ref: aawsat.com
ခါတြန္၊ေမ ၁၅