ဆူပူမှုများက လူမှုရေးပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု ဟောင်ကောင် အုပ်ချုပ်ရေးမှူး ပြောကြား

ဆူပူမှုများက လူမှုရေးပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု ဟောင်ကောင် အုပ်ချုပ်ရေးမှူး ပြောကြား

ဆူပူမှုများ ပိုမိုဆိုးရွားလာခြင်းဖြင့် လူမှုရေးပြဿနာများကို ပြေလည်နိုင်စေမည်မဟုတ်ကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီလန်းက စက်တင်ဘာ ၁၀ ရက်မှာ ပြောကြားလိုက်ပါတယ်။ ထို့ပြင် ဟောင်ကောင်အရေး တွင် ပြည်ပပါလီမန်များက ဝင်ရောက်စွက်ဖက်ခြင်းအပေါ် များစွာ စိုးရိမ်မိကြောင်းလည်း ၎င်းက ပြောကြားပါတယ်။

ဟောင်ကောင်တွင် ဆန္ဒပြမှုများက ရဲများနှင့် အပြန်အလှန်တိုက်ခိုက်ခြင်း၊ ထွက်ပြေးခြင်း၊ ပြတင်းမှန်များကို ရိုက်ခွဲခြင်းနှင့် လမ်းများပေါ်တွင် မီးရှို့ခြင်းတို့ကို လုပ်ဆောင်လျှက်ရှိပါတယ်။“ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရ ဒေသရဲ့အရေးကို ပြည်ပ ပါလီမန်တွေက စွက်ဖက်နေတာ လုံး၀ မသင့်တော်ပါဘူး။ ဟောင်ကောင်ကိစ္စမှာ အမေရိကန်ရဲ့ စွက်ဖက်မှုကို လုံးဝခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု လမ်က ပြောကြားပါတယ်။
စက်တင်ဘာ ၈ ရက်က အမေရိကန်ကောင်စစ်ဝန်ရုံး၌ ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲတွင် ဟောင်ကောင်တွင် ဒီမို ကရေစီထွန်းကားရေးအတွက် အကူအညီပေးရန် တောင်းဆိုခဲ့ကြပါတယ်။

ဟောင်ကောင်အနေဖြင့် အမေရိကန်၏ အထူးကုန်သွယ်ရေးနှင့် စီးပွားရေးခံစားခွင့်များကို ဆက်လက်ပေးရန် တရုတ်ပြည်မကြီးမှ ကိုယ်ပိုင် အခွင့်အရေး အပြည့်အ၀ ရှိနေခြင်း ရှိ၊မရှိကို အမေရိကန်အစိုးရအနေဖြင့် နှစ်ပတ်လည်အကဲဖြတ်မှု လုပ်ဆောင်မည့် ဥပဒေတစ်ရပ်ကို အမေရိကန်ကွန်ဂရက်က ပြဌာန်းပေးရန် ဆန္ဒပြသူများက တောင်းဆိုခဲ့ကြပါတယ်။

ဟောင်ကောင်တွင် ဆူပူမှုများ ဖန်တီးခြင်းဖြင့် တရုတ်အစိုးရကို အထိနာအောင် ပြည်ပအဖွဲ့အစည်းများက လုပ်ဆောင်နေကြောင်း တရုတ်အာဏာပိုင်များက စွပ်စွဲထားသလို ဟောင်ကောင်အရေးအား အခြားနိုင်ငံများ ဝင်ရောက်မစွက်ဖက်ရန်လည်း အခြားနိုင်ငံများကို သတိပေးထားပါတယ်။

အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများသည် တရုတ်ပြည်တွင်းရေးသက်သက် မဟုတ်ကြောင်းနှင့် အမေရိကန်အစိုးရအနေဖြင့် ဆန္ဒပြသူများကို အနည်းဆုံးအနေဖြင့် စိတ်ပိုင်းဆိုင်ရာ အားပေး ထောက်ခံမှုများ  လုပ်ဆောင်သင့်ကြောင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်းဂျင်မာတစ်က စက်တင်ဘာ ၉ ရက်က ပြောပါတယ်။

ဆန္ဒပြမှုများစတင်ဖြစ်ပွားပြီး ၃ လအကြာတွင် အကျဉ်းသားလွှဲပြောင်းရေးဆိုင်ရာ အငြင်းပွားဖွယ်ရာ ဥပဒေကြမ်းကို ဟောင်ကောင်အုပ်ချုပ်ရေးမှူး ပြန်လည်ရုပ်သိမ်းလိုက်သော်လည်း ဆန္ဒပြသူများက ယခင်ပြဿနာဟောင်းများကို ပြန်ဖော်က ဆူပူမှုများကို ဆက်လက် လုပ်ဆောင် လျှက် ရှိပါတယ်။

Linko
Ref: The Globe and Mail
ဟောင်ကောင်၊စက်တင်ဘာ ၁၀

(  Zawgyi  )

 ဆူပူမႈမ်ား ပိုမိုဆိုး႐ြားလာျခင္းျဖင့္ လူမႈေရးျပႆနာမ်ားကို ေျပလည္ႏိုင္ေစမည္မဟုတ္ေၾကာင္း ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမႉး ကာရီလန္းက စက္တင္ဘာ ၁၀ ရက္မွာ ေျပာၾကားလိုက္ပါတယ္။ ထို႔ျပင္ ေဟာင္ေကာင္အေရး တြင္ ျပည္ပပါလီမန္မ်ားက ဝင္ေရာက္စြက္ဖက္ျခင္းအေပၚ မ်ားစြာ စိုးရိမ္မိေၾကာင္းလည္း ၎က ေျပာၾကားပါတယ္။

ေဟာင္ေကာင္တြင္ ဆႏၵျပမႈမ်ားက ရဲမ်ားႏွင့္ အျပန္အလွန္တိုက္ခိုက္ျခင္း၊ ထြက္ေျပးျခင္း၊ ျပတင္းမွန္မ်ားကို ႐ိုက္ခြဲျခင္းႏွင့္ လမ္းမ်ားေပၚတြင္ မီးရႈိ႕ျခင္းတို႔ကို လုပ္ေဆာင္လွ်က္ရွိပါတယ္။“ေဟာင္ေကာင္ အထူးအုပ္ခ်ဳပ္ခြင့္ရ ေဒသရဲ႕အေရးကို ျပည္ပ ပါလီမန္ေတြက စြက္ဖက္ေနတာ လုံး၀ မသင့္ေတာ္ပါဘူး။ ေဟာင္ေကာင္ကိစၥမွာ အေမရိကန္ရဲ႕ စြက္ဖက္မႈကို လုံးဝခြင့္ျပဳမွာ မဟုတ္ပါဘူး” ဟု လမ္က ေျပာၾကားပါတယ္။
စက္တင္ဘာ ၈ ရက္က အေမရိကန္ေကာင္စစ္ဝန္႐ုံး၌ ျပဳလုပ္ခဲ့သည့္ ဆႏၵျပပြဲတြင္ ေဟာင္ေကာင္တြင္ ဒီမို ကေရစီထြန္းကားေရးအတြက္ အကူအညီေပးရန္ ေတာင္းဆိုခဲ့ၾကပါတယ္။

ေဟာင္ေကာင္အေနျဖင့္ အေမရိကန္၏ အထူးကုန္သြယ္ေရးႏွင့္ စီးပြားေရးခံစားခြင့္မ်ားကို ဆက္လက္ေပးရန္ တ႐ုတ္ျပည္မႀကီးမွ ကိုယ္ပိုင္ အခြင့္အေရး အျပည့္အ၀ ရွိေနျခင္း ရွိ၊မရွိကို အေမရိကန္အစိုးရအေနျဖင့္ ႏွစ္ပတ္လည္အကဲျဖတ္မႈ လုပ္ေဆာင္မည့္ ဥပေဒတစ္ရပ္ကို အေမရိကန္ကြန္ဂရက္က ျပဌာန္းေပးရန္ ဆႏၵျပသူမ်ားက ေတာင္းဆိုခဲ့ၾကပါတယ္။

ေဟာင္ေကာင္တြင္ ဆူပူမႈမ်ား ဖန္တီးျခင္းျဖင့္ တ႐ုတ္အစိုးရကို အထိနာေအာင္ ျပည္ပအဖြဲ႕အစည္းမ်ားက လုပ္ေဆာင္ေနေၾကာင္း တ႐ုတ္အာဏာပိုင္မ်ားက စြပ္စြဲထားသလို ေဟာင္ေကာင္အေရးအား အျခားႏိုင္ငံမ်ား ဝင္ေရာက္မစြက္ဖက္ရန္လည္း အျခားႏိုင္ငံမ်ားကို သတိေပးထားပါတယ္။

အစိုးရဆန႔္က်င္ေရးဆႏၵျပမႈမ်ားသည္ တ႐ုတ္ျပည္တြင္းေရးသက္သက္ မဟုတ္ေၾကာင္းႏွင့္ အေမရိကန္အစိုးရအေနျဖင့္ ဆႏၵျပသူမ်ားကို အနည္းဆုံးအေနျဖင့္ စိတ္ပိုင္းဆိုင္ရာ အားေပး ေထာက္ခံမႈမ်ား  လုပ္ေဆာင္သင့္ေၾကာင့္ အေမရိကန္ႏိုင္ငံျခားေရး ဝန္ႀကီးေဟာင္းဂ်င္မာတစ္က စက္တင္ဘာ ၉ ရက္က ေျပာပါတယ္။

ဆႏၵျပမႈမ်ားစတင္ျဖစ္ပြားၿပီး ၃ လအၾကာတြင္ အက်ဥ္းသားလႊဲေျပာင္းေရးဆိုင္ရာ အျငင္းပြားဖြယ္ရာ ဥပေဒၾကမ္းကို ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမႉး ျပန္လည္႐ုပ္သိမ္းလိုက္ေသာ္လည္း ဆႏၵျပသူမ်ားက ယခင္ျပႆနာေဟာင္းမ်ားကို ျပန္ေဖာ္က ဆူပူမႈမ်ားကို ဆက္လက္ လုပ္ေဆာင္ လွ်က္ ရွိပါတယ္။

Linko
Ref: The Globe and Mail
ေဟာင္ေကာင္၊စက္တင္ဘာ ၁၀