ဆော်ဒီတွင် ကားမတော်တဆတိုက်မှု ခရီးသည် ၃၅ ဦးမီးလောင်သေဆုံးခဲ့

ဆော်ဒီတွင် ကားမတော်တဆတိုက်မှု ခရီးသည် ၃၅ ဦးမီးလောင်သေဆုံးခဲ့

 ဆော်ဒီအာရေဗျနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က စင်လုံးဌားဘုရားဖူးဘတ်စ်ကားတစ်စီးနဲ့ အခြားမော် တော်ယာဉ်တစ်စီးတိုက်မိခဲ့တဲ့အတွက် ဘုရားဖူး ခရီးသည် ၃၅ ယောက်သေဆုံးခဲ့ကြောင်းရဲပြောရေးဆိုခွင့်ရှိသူတစ် ဦးရဲ့ပြောစကားကို ကိုးကားပြီး ဆော်ဒီသတင်းအေဂျင်စီ ကဖော်ပြခဲ့ပါတယ်။
 
အဆိုပါမတော်တဆမှုမှာ မက်ဒီနာမြို့မှကီလိုမီတာ ၁၇၀ အကွာရှိ အယ်လ်အဟယ်ရွာအနီးဟီရာလမ်းမှာ ည ၇ နာရီဝန်းကျင်ကဖြစ်ခဲ့တာပါ။ ခရီးသည် ၃၉ ဦးပါတဲ့ စင်းလုံးငှား ဘတ်စ်ကားနှင့် ဝန်တင်စက်တင်ဆောင် လာသည့် ကားတို့တိုက်မိကာ ကားမီးလောင်ပြီး ပြတင်းပေါက် များပွင့်ထွက်ကာ စင်းလုံးငှားဘတ်စ်ကားပေါ်ပါ ၃၅ ဦးသေဆုံးခဲ့ပါတယ်။ဒဏ်ရာရသူများကို အနီးနားရှိ Al-Hamna ဆေးရုံသို့ပို့ခဲ့ပါတယ်။

သေဆုံးသူအများစုပါသည့် ဘတ်စ်ကားပေါ်တွင် ဆော်ဒီနိုင်ငံသို့ လာရောက်နေထိုင်သည့် အာရှနှင့် အာဖရိကမှ ဘုရားဖူးများပါဝင်တယ်လို့ ဆိုပါတယ်။ ဆော်ဒီအနေဖြင့် ရေနံအပေါ်မှီခိုနေသည့် ၎င်း၏ စီးပွား ရေးကိုပြောင်းလဲရန်အား ထုတ်မှု၏တစ်စိတ်တစ်ပိုင်းအနေဖြင့် သန်းပေါင်း များစွာသော အစ္စလာမ်ဘုရားဖူးများကို တစ်နှစ်ပတ်လုံးလာရောက်နိုင်မည့် ဘာသာရေးခရီးသွားလုပ်ငန်းအဖြစ် မြှင့်တင်ဖို့ ကြိုးစားနေပါတယ်။

ဆော်ဒီအာရေဗျကြက်ခြေနီအဖွဲ့ တာဝန်ရှိသူများနှင့် အခြားအရေးပေါ်ဝန်ဆောင်မှုများ ပေးရေး အဖွဲ့များက အခင်းဖြစ်ပွားရာနေရာတွင် လာရောက်ကူညီပေးခဲ့ပြီး ယခုယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဆော်ဒီ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Linko
Ref: manoramaonline.com
ရီယာဒ့်၊အောက်တိုဘာ ၁၇

(  Zawgyi  )

  ေဆာ္ဒီအာေရဗ်ႏိုင္ငံမွာ ဗုဒၶဟူးေန႔က စင္လုံးဌားဘုရားဖူးဘတ္စ္ကားတစ္စီးနဲ႔ အျခားေမာ္ ေတာ္ယာဥ္တစ္စီးတိုက္မိခဲ့တဲ့အတြက္ ဘုရားဖူး ခရီးသည္ ၃၅ ေယာက္ေသဆုံးခဲ့ေၾကာင္းရဲေျပာေရးဆိုခြင့္ရွိသူတစ္ ဦးရဲ႕ေျပာစကားကို ကိုးကားၿပီး ေဆာ္ဒီသတင္းေအဂ်င္စီ ကေဖာ္ျပခဲ့ပါတယ္။
 
အဆိုပါမေတာ္တဆမႈမွာ မက္ဒီနာၿမိဳ႕မွကီလိုမီတာ ၁၇၀ အကြာရွိ အယ္လ္အဟယ္႐ြာအနီးဟီရာလမ္းမွာ ည ၇ နာရီဝန္းက်င္ကျဖစ္ခဲ့တာပါ။ ခရီးသည္ ၃၉ ဦးပါတဲ့ စင္းလုံးငွား ဘတ္စ္ကားႏွင့္ ဝန္တင္စက္တင္ေဆာင္ လာသည့္ ကားတို႔တိုက္မိကာ ကားမီးေလာင္ၿပီး ျပတင္းေပါက္ မ်ားပြင့္ထြက္ကာ စင္းလုံးငွားဘတ္စ္ကားေပၚပါ ၃၅ ဦးေသဆုံးခဲ့ပါတယ္။ဒဏ္ရာရသူမ်ားကို အနီးနားရွိ Al-Hamna ေဆး႐ုံသို႔ပို႔ခဲ့ပါတယ္။

ေသဆုံးသူအမ်ားစုပါသည့္ ဘတ္စ္ကားေပၚတြင္ ေဆာ္ဒီႏိုင္ငံသို႔ လာေရာက္ေနထိုင္သည့္ အာရွႏွင့္ အာဖရိကမွ ဘုရားဖူးမ်ားပါဝင္တယ္လို႔ ဆိုပါတယ္။ ေဆာ္ဒီအေနျဖင့္ ေရနံအေပၚမွီခိုေနသည့္ ၎၏ စီးပြား ေရးကိုေျပာင္းလဲရန္အား ထုတ္မႈ၏တစ္စိတ္တစ္ပိုင္းအေနျဖင့္ သန္းေပါင္း မ်ားစြာေသာ အစၥလာမ္ဘုရားဖူးမ်ားကို တစ္ႏွစ္ပတ္လုံးလာေရာက္ႏိုင္မည့္ ဘာသာေရးခရီးသြားလုပ္ငန္းအျဖစ္ ျမႇင့္တင္ဖို႔ ႀကိဳးစားေနပါတယ္။

ေဆာ္ဒီအာေရဗ်ၾကက္ေျခနီအဖြဲ႕ တာဝန္ရွိသူမ်ားႏွင့္ အျခားအေရးေပၚဝန္ေဆာင္မႈမ်ား ေပးေရး အဖြဲ႕မ်ားက အခင္းျဖစ္ပြားရာေနရာတြင္ လာေရာက္ကူညီေပးခဲ့ၿပီး ယခုယာဥ္တိုက္မႈႏွင့္ ပတ္သက္၍ ေဆာ္ဒီ တာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးမႈျပဳလုပ္ေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

Linko
Ref: manoramaonline.com
ရီယာဒ့္၊ေအာက္တိုဘာ ၁၇