ဆော်ဒီရေနံချက်စက်ရုံတွေ တိုက်ခိုက်မှုမှာ ခရုဒ်မစ်ဆိုင်း ဒုံးကျည်တွေနဲ့လည်း အီရန်တိုက်ခိုက်ခဲ့

ဆော်ဒီရေနံချက်စက်ရုံတွေ တိုက်ခိုက်မှုမှာ ခရုဒ်မစ်ဆိုင်း ဒုံးကျည်တွေနဲ့လည်း အီရန်တိုက်ခိုက်ခဲ့

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်က ဆော်ဒီရဲ့ အဓိကရေနံချက်လုပ်ငန်းတွေ တိုက်ခိုက်ခံရမှုမှာ အီရန်ကနေ ခရုဇ်မစ်ဆိုင်း ဒုံးကျည် ဒါဇင်နီးပါး၊ ဒရုန်းအစင်းရေ ၂၀ ကျော်နဲ့ သူ့နယ်နိမိတ်ထဲကနေ လှမ်းတိုက်ခိုက်ခဲ့တယ်လို့ အမည်မဖော်လိုသူ ထရမ့်အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက ABC ကို မနေ့က ပြောပါတယ်။

ဒေသတွင်း တင်းမာမှုမြင့်တက်နေချိန် အီရန်က သူ့ရဲ့ အိမ်နီးချင်းလည်းဖြစ်၊ ပြိုင်ဘက်လည်းဖြစ်တဲ့ ဆော်ဒီကို အခုလို ဒုံးကျည်တွေ၊ ဒရုန်းတွေသုံး တိုက်ခိုက်တဲ့ကိစ္စဟာ အထူးတလည် စွဲချက်တင်စရာ ဖြစ်လာခဲ့ပါတယ်။

စက်တင်ဘာ ၁၄ ရက်၊ အရုဏ်မတက်ခင် ဆော်ဒီအာရေဗျက Abqaiq ရေနံချက်စက်ရုံနဲ့ Khurais ရေနံလုပ်ကွက်တွေ မောင်းသူမဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကို သူတို့လုပ်တာလို့ ဟူသီသူပုန်တွေက ဝန်ခံခဲ့ပေမဲ့ အမေရိကန်ကတော့ သက်သေအထောက်အထား မပြနိုင်ပေမဲ့ တိုက်ခိုက်မှုနောက်ကွယ်မှာ အီရန် ရှိနေတယ်လို့ ယုံကြည်နေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့် ကတော့ တိုက်ခိုက်မှုဖြစ်ပြီး နောက်တစ်နေ့မှာပဲ အဲဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်ဖို့ သူ့ဘက်က မောင်းတင် ကျည်ဖြည့် အသင့်ပြင်ထားတယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပီယို နဲ့ အဆင့်မြင့်အရာရှိတစ်ဦး ပြောကြားချက်အရ တိုက်ခိုက်မှုကို ဟူသီသူပုန်တွေ လုပ်တာလို့ ဝန်ခံထားပေမဲ့ လက်ဆုပ်လက်ကိုင် သက်သေမပြနိုင်သေးပေမဲ့ နောက်ကွယ်မှာ အီရန် ရှိနေတယ်လို့ ဆိုပါတယ်။

နောက်ပြီး အဲဒီဒရုန်းတိုက်ခိုက်မှုမှာ ဟူသီသူပုန်တွေ အခြေစိုက်တဲ့ ယီမင်ကလာတဲ့ အထောက်အထား တစ်စုံတစ်ရာ မတွေ့ရဘူးလို့ မိုက်ခ်ပွန်ပီယို က ဆိုပါတယ်။

ရည်မွန်
စက်တင်ဘာ - ၁၆
Ref : Fxstreet & ABC

( Zawgyi )

ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၄ ရက္က ေဆာ္ဒီရဲ႕ အဓိကေရနံခ်က္လုပ္ငန္းေတြ တိုက္ခိုက္ခံရမႈမွာ အီရန္ကေန ခ႐ုဇ္မစ္ဆိုင္း ဒုံးက်ည္ ဒါဇင္နီးပါး၊ ဒ႐ုန္းအစင္းေရ ၂၀ ေက်ာ္နဲ႔ သူ႔နယ္နိမိတ္ထဲကေန လွမ္းတိုက္ခိုက္ခဲ့တယ္လို႔ အမည္မေဖာ္လိုသူ ထရမ့္အစိုးရ အဆင့္ျမင့္အရာရွိတစ္ဦးက ABC ကို မေန႔က ေျပာပါတယ္။

ေဒသတြင္း တင္းမာမႈျမင့္တက္ေနခ်ိန္ အီရန္က သူ႔ရဲ႕ အိမ္နီးခ်င္းလည္းျဖစ္၊ ၿပိဳင္ဘက္လည္းျဖစ္တဲ့ ေဆာ္ဒီကို အခုလို ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြသုံး တိုက္ခိုက္တဲ့ကိစၥဟာ အထူးတလည္ စြဲခ်က္တင္စရာ ျဖစ္လာခဲ့ပါတယ္။

စက္တင္ဘာ ၁၄ ရက္၊ အ႐ုဏ္မတက္ခင္ ေဆာ္ဒီအာေရဗ်က Abqaiq ေရနံခ်က္စက္႐ုံနဲ႔ Khurais ေရနံလုပ္ကြက္ေတြ ေမာင္းသူမဲ့ဒ႐ုန္းနဲ႔ တိုက္ခိုက္မႈကို သူတို႔လုပ္တာလို႔ ဟူသီသူပုန္ေတြက ဝန္ခံခဲ့ေပမဲ့ အေမရိကန္ကေတာ့ သက္ေသအေထာက္အထား မျပႏိုင္ေပမဲ့ တိုက္ခိုက္မႈေနာက္ကြယ္မွာ အီရန္ ရွိေနတယ္လို႔ ယုံၾကည္ေနပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္လ္ထရမ့္ ကေတာ့ တိုက္ခိုက္မႈျဖစ္ၿပီး ေနာက္တစ္ေန႔မွာပဲ အဲဒီတိုက္ခိုက္မႈကို လက္တုံ႔ျပန္ဖို႔ သူ႔ဘက္က ေမာင္းတင္ က်ည္ျဖည့္ အသင့္ျပင္ထားတယ္လို႔ ဆိုပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ပြန္ပီယို နဲ႔ အဆင့္ျမင့္အရာရွိတစ္ဦး ေျပာၾကားခ်က္အရ တိုက္ခိုက္မႈကို ဟူသီသူပုန္ေတြ လုပ္တာလို႔ ဝန္ခံထားေပမဲ့ လက္ဆုပ္လက္ကိုင္ သက္ေသမျပႏိုင္ေသးေပမဲ့ ေနာက္ကြယ္မွာ အီရန္ ရွိေနတယ္လို႔ ဆိုပါတယ္။

ေနာက္ၿပီး အဲဒီဒ႐ုန္းတိုက္ခိုက္မႈမွာ ဟူသီသူပုန္ေတြ အေျခစိုက္တဲ့ ယီမင္ကလာတဲ့ အေထာက္အထား တစ္စုံတစ္ရာ မေတြ႕ရဘူးလို႔ မိုက္ခ္ပြန္ပီယို က ဆိုပါတယ္။

ရည္မြန္
စက္တင္ဘာ - ၁၆
Ref : Fxstreet & ABC