ဆော်ဒီရေနံတွင်းများအား တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်ရန် အသင့်ဟု သမ္မတ ထရမ့် ပြော

ဆော်ဒီရေနံတွင်းများအား တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်ရန် အသင့်ဟု သမ္မတ ထရမ့် ပြော

ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံတွင်းများအား တိုက်ခိုက်ရာတွင် မည်သူတို့တွင် တာဝန်ရှိသည်ကို သိရှိထားပြီး လက်ဆုပ်လက်ကိုင် ပြနိုင်သည့်အချိန်တွင် တိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က သူ့ရဲ့တွစ်တာမှာ စက်တင်ဘာ ၁၅ ရက်က ရေးသားခဲ့ပါတယ်။

“ဆော်ဒီအာရေဗျရဲ့ ရေနံတွင်း တိုက်ခိုက်ခံခဲ့ရပါတယ်။ဘယ်သူ့လက်ချက်လဲဆိုတာ ခန့်မှန်းလို့ရတယ်။လက်ဆုပ်လက်ကိုင် ပြနိုင်ပြီဆိုတာနဲ့ ပြန်လည်တိုက်ခိုက်သွားမယ်။ဒါပေမယ့် ဒါကို ဘယ်သူတိုက်ခိုက်တယ်ဆိုတဲ့ ဆော်ဒီအာရေဗျရဲ့ သဘောထားကို မေးပြီးမှ ဆက်လုပ်မယ်” ဟု ထရမ့် က ရေးသားထားပါတယ်။

ကမ္ဘာ့ရေနံထုတ်လုပ်မှု အများဆုံးနေရာများတွင် အပါအဝင်ဖြစ်သည့် ဆော်ဒီအာရေဗျ၏ အထင်ကရ ရေနံတွင်းများကို  စက်တင်ဘာ ၁၄ ရက်က တိုက်ခိုက်ခံခဲ့ရမှုကြောင့် ကမ္ဘာ့ဈေးကွက်သို့ ရေနံတင်ပို့ရောင်းချရမှု ၅ ရာခိုင်နှုန်း ထိခိုက်ခဲ့ပါတယ်။ယီမင်နိုင်ငံ၏ ဟူသီသူပုန်များက တိုက်ခိုက်မှုပြုလုပ်ကြောင်း ကြေညာထားသော်လည်း ၎င်းတို့ကို အီရန်အစိုးရက ပံ့ပိုးထားခြင်းဖြစ်သည်။

ဆော်ဒီရေနံတွင်းများကို အီရန်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ယီမင်မှ တိုက်ခိုက်သည့် အထောက်အထား မတွေ့ရကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို က ပြစ်တင်ရှုတ်ချခဲ့ပြီး နောက်တစ်နေ့တွင် အစိုးရအကြီးတန်းအရာရှိကြီးတစ်ဦးကလည်း ပွန်ပီယို၏ ယူဆချက်ကို ထောက်ခံကြောင်း စီအင်န်အင်န်သို့ ပြောကြားခဲ့ပါတယ်။

သမ္မတ ထရမ့် က မိမိအနေဖြင့် အီရန်အစိုးရနှင့် တွေ့ဆုံရန် ဆန္ဒရှိသည်မှာ မဟုတ်မှန်ကြောင်းနှင့် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ရာ ၎င်း၏ အစိုးရအဖွဲ့မှ ပြောဆိုမှုနှင့် ကွဲလွဲလျှက်ရှိပါတယ်။

ဘဏ္ဍာရေးဝန်ကြီး စတီဗင်အမ်နူချင် က သမ္မတ ထရမ့် အနေဖြင့် ကြိုတင်သတ်မှတ်ချက်များ မထားရှိဘဲ အီရန်သမ္မတ ဟက်ဆန် ရိုဟန်နီ နှင့် တွေ့ဆုံသွားမှာဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက်က ပြောကြားခဲ့ပါတယ်။

ဆော်ဒီရေနံတွင်းများကို ယီမင်မှ တိုက်ခိုက်ခြင်း မဖြစ်နိုင်ဘဲ အီရန် သို့မဟုတ် အီရတ်မှ တိုက်ခိုက်ခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွက် လေ့လာသုံးသပ်ရန် တာဝန်ပေးအပ်ထားသူ အရာရှိတစ်ဦးက ဆော်ဒီရေနံတွင်းက နေရာ ၁၉ ခုကို တိုက်ခိုက်ခံခဲ့ရပါတယ်။ဟူသီသူပုန်တွေ ပြောသလို ဒရုန်း ၁၀ စင်းနဲ့ ပစ်ခတ်ခဲ့တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။“ပစ်မှတ် ၁၉ ခုကို ဒရုန်း ၁၀ စင်းနဲ့ အခုလို မပစ်နိုင်ပါဘူး” ဟု အဆိုပါ အရာရှိက ပြောပါတယ်။

စီအင်န်အင်န်သို့ ပေးပို့သည့် ဂြိုဟ်တုဓာတ်ပုံများအရ ဆော်ဒီရေနံတွင်းများကို အနောက်မြောက်ဖက်မှ တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် ယီမင်ဘက်မှ ယင်းကဲ့သို့ လုပ်ဆောင်ရန် ခက်ခဲမည်ဖြစ်ကြောင်း ပြောကြားပါတယ်။သို့သော် ယီမင်နိုင်ငံဘက်မှ ဒရုန်းများက အနောက်မြောက်ဘက်ရှိ ရေနံတွင်းများကို လှည့်၍တိုက်ခိုက်ခြင်း ဖြစ်နိုင်၊ မဖြစ်နိုင်ကို အဆိုပါအရာရှိက မပြောနိုင်ခဲ့ပေ။

အီရန်သမ္မတ ရိုဟန်နီ က  Press TV သို့ စက်တင်ဘာ ၁၅ ရက်က ပြောကြားရာတွင် ဆော်ဒီအာရေဗျ ရေနံတွင်းများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ အတိအကျ ရည်ညွှန်းပြောဆိုခြင်း မရှိခဲ့သော်လည်း အမေရိကန်အနေဖြင့် ယူအေအီးနှင့် ဆော်ဒီအာရေဗျတို့ကို ပံ့ပိုးမှုပေးခြင်း၊ လက်နက်များပေးခြင်းနှင့် ထောက်လှမ်းရေး အချက်အလက်များ ပေးခြင်းဖြင့် စစ်ပွဲဆင်နွှဲနေကြောင်း ပြောကြားခဲ့ပါတယ်။

Linko
ဝါရှင်တန်၊ စက်တင်ဘာ - ၁၆
Ref : CNN

( Zawgyi )

ေဆာ္ဒီအာေရဗ်ႏိုင္ငံ၏ ေရနံတြင္းမ်ားအား တိုက္ခိုက္ရာတြင္ မည္သူတို႔တြင္ တာဝန္ရွိသည္ကို သိရွိထားၿပီး လက္ဆုပ္လက္ကိုင္ ျပႏိုင္သည့္အခ်ိန္တြင္ တိုက္ခိုက္မႈမ်ား ျပန္လည္လုပ္ေဆာင္သြားမည္ဟု အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က သူ႔ရဲ႕တြစ္တာမွာ စက္တင္ဘာ ၁၅ ရက္က ေရးသားခဲ့ပါတယ္။

“ေဆာ္ဒီအာေရဗ်ရဲ႕ ေရနံတြင္း တိုက္ခိုက္ခံခဲ့ရပါတယ္။ဘယ္သူ႔လက္ခ်က္လဲဆိုတာ ခန႔္မွန္းလို႔ရတယ္။လက္ဆုပ္လက္ကိုင္ ျပႏိုင္ၿပီဆိုတာနဲ႔ ျပန္လည္တိုက္ခိုက္သြားမယ္။ဒါေပမယ့္ ဒါကို ဘယ္သူတိုက္ခိုက္တယ္ဆိုတဲ့ ေဆာ္ဒီအာေရဗ်ရဲ႕ သေဘာထားကို ေမးၿပီးမွ ဆက္လုပ္မယ္” ဟု ထရမ့္ က ေရးသားထားပါတယ္။

ကမာၻ႔ေရနံထုတ္လုပ္မႈ အမ်ားဆုံးေနရာမ်ားတြင္ အပါအဝင္ျဖစ္သည့္ ေဆာ္ဒီအာေရဗ်၏ အထင္ကရ ေရနံတြင္းမ်ားကို  စက္တင္ဘာ ၁၄ ရက္က တိုက္ခိုက္ခံခဲ့ရမႈေၾကာင့္ ကမာၻ႔ေဈးကြက္သို႔ ေရနံတင္ပို႔ေရာင္းခ်ရမႈ ၅ ရာခိုင္ႏႈန္း ထိခိုက္ခဲ့ပါတယ္။ယီမင္ႏိုင္ငံ၏ ဟူသီသူပုန္မ်ားက တိုက္ခိုက္မႈျပဳလုပ္ေၾကာင္း ေၾကညာထားေသာ္လည္း ၎တို႔ကို အီရန္အစိုးရက ပံ့ပိုးထားျခင္းျဖစ္သည္။

ေဆာ္ဒီေရနံတြင္းမ်ားကို အီရန္က တိုက္ခိုက္ခဲ့ျခင္းျဖစ္ကာ ယီမင္မွ တိုက္ခိုက္သည့္ အေထာက္အထား မေတြ႕ရေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပီယို က ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ေနာက္တစ္ေန႔တြင္ အစိုးရအႀကီးတန္းအရာရွိႀကီးတစ္ဦးကလည္း ပြန္ပီယို၏ ယူဆခ်က္ကို ေထာက္ခံေၾကာင္း စီအင္န္အင္န္သို႔ ေျပာၾကားခဲ့ပါတယ္။

သမၼတ ထရမ့္ က မိမိအေနျဖင့္ အီရန္အစိုးရႏွင့္ ေတြ႕ဆုံရန္ ဆႏၵရွိသည္မွာ မဟုတ္မွန္ေၾကာင္းႏွင့္ အစီအစဥ္မရွိေၾကာင္း ေျပာၾကားခဲ့ရာ ၎၏ အစိုးရအဖြဲ႕မွ ေျပာဆိုမႈႏွင့္ ကြဲလြဲလွ်က္ရွိပါတယ္။

ဘ႑ာေရးဝန္ႀကီး စတီဗင္အမ္ႏူခ်င္ က သမၼတ ထရမ့္ အေနျဖင့္ ႀကိဳတင္သတ္မွတ္ခ်က္မ်ား မထားရွိဘဲ အီရန္သမၼတ ဟက္ဆန္ ႐ိုဟန္နီ ႏွင့္ ေတြ႕ဆုံသြားမွာျဖစ္ေၾကာင္း စက္တင္ဘာ ၁၂ ရက္က ေျပာၾကားခဲ့ပါတယ္။

ေဆာ္ဒီေရနံတြင္းမ်ားကို ယီမင္မွ တိုက္ခိုက္ျခင္း မျဖစ္ႏိုင္ဘဲ အီရန္ သို႔မဟုတ္ အီရတ္မွ တိုက္ခိုက္ျခင္းလည္း ျဖစ္ႏိုင္ေၾကာင္း သုံးသပ္မႈမ်ား ရွိေနပါတယ္။

အဆိုပါ တိုက္ခိုက္မႈအတြက္ ေလ့လာသုံးသပ္ရန္ တာဝန္ေပးအပ္ထားသူ အရာရွိတစ္ဦးက ေဆာ္ဒီေရနံတြင္းက ေနရာ ၁၉ ခုကို တိုက္ခိုက္ခံခဲ့ရပါတယ္။ဟူသီသူပုန္ေတြ ေျပာသလို ဒ႐ုန္း ၁၀ စင္းနဲ႔ ပစ္ခတ္ခဲ့တယ္ဆိုတာ မျဖစ္ႏိုင္ပါဘူး။“ပစ္မွတ္ ၁၉ ခုကို ဒ႐ုန္း ၁၀ စင္းနဲ႔ အခုလို မပစ္ႏိုင္ပါဘူး” ဟု အဆိုပါ အရာရွိက ေျပာပါတယ္။

စီအင္န္အင္န္သို႔ ေပးပို႔သည့္ ၿဂိဳဟ္တုဓာတ္ပုံမ်ားအရ ေဆာ္ဒီေရနံတြင္းမ်ားကို အေနာက္ေျမာက္ဖက္မွ တိုက္ခိုက္ျခင္းျဖစ္ေၾကာင္းႏွင့္ ယီမင္ဘက္မွ ယင္းကဲ့သို႔ လုပ္ေဆာင္ရန္ ခက္ခဲမည္ျဖစ္ေၾကာင္း ေျပာၾကားပါတယ္။သို႔ေသာ္ ယီမင္ႏိုင္ငံဘက္မွ ဒ႐ုန္းမ်ားက အေနာက္ေျမာက္ဘက္ရွိ ေရနံတြင္းမ်ားကို လွည့္၍တိုက္ခိုက္ျခင္း ျဖစ္ႏိုင္၊ မျဖစ္ႏိုင္ကို အဆိုပါအရာရွိက မေျပာႏိုင္ခဲ့ေပ။

အီရန္သမၼတ ႐ိုဟန္နီ က  Press TV သို႔ စက္တင္ဘာ ၁၅ ရက္က ေျပာၾကားရာတြင္ ေဆာ္ဒီအာေရဗ် ေရနံတြင္းမ်ား တိုက္ခိုက္ခံရမႈႏွင့္ ပတ္သက္၍ အတိအက် ရည္ၫႊန္းေျပာဆိုျခင္း မရွိခဲ့ေသာ္လည္း အေမရိကန္အေနျဖင့္ ယူေအအီးႏွင့္ ေဆာ္ဒီအာေရဗ်တို႔ကို ပံ့ပိုးမႈေပးျခင္း၊ လက္နက္မ်ားေပးျခင္းႏွင့္ ေထာက္လွမ္းေရး အခ်က္အလက္မ်ား ေပးျခင္းျဖင့္ စစ္ပြဲဆင္ႏႊဲေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Linko
ဝါရွင္တန္၊ စက္တင္ဘာ - ၁၆
Ref : CNN