ဆော်ဒီရေနံတွင်း တိုက်ခိုက်မှုကို အီရန်က လုပ်ဆောင်ခြင်းဖြစ်ဟု အလီခါမေနီပြော

ဆော်ဒီရေနံတွင်း တိုက်ခိုက်မှုကို အီရန်က လုပ်ဆောင်ခြင်းဖြစ်ဟု အလီခါမေနီပြော

ဆော်ဒီအာရေဗျရေနံတွင်းများကို တိုက်ခိုက်ခဲ့ခြင်းအပေါ် အီရန်က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီက အလွတ်သဘော ပြောကြားလိုက်သော်လည်း အီရန်အစိုးရအနေဖြင့် ယင်းတိုက်ခိုက်မှုအပေါ် တရားဝင် ငြင်းဆိုနိုင်ကြောင်း အမေရိကန်အရာရှိတစ်ဦး၏ ပြောကြားမှုကို  CBS သတင်းဌာနက စက်တင်ဘာ ၁၈ ရက်မှာ  ပြောကြားလိုက်ပါတယ်။

ဂြိုဟ်တုဓာတ်ပုံများအပြင် ဒုံးကျည်အပိုင်းအစနှင့် ဒရုန်းတို့မှ ဆားကစ်ပြားများကို အခြေခံ၍ ယင်းဒုံးကျည်များ ရေနံတွင်းသို့ ပျံသန်းလာသည့် လမ်းကြောင်းကို သိရှိနိုင်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားပါတယ်။ ယခုတိုက်ခိုက်မှုများသည် စစ်မီးကို ပွားလာစေနိုင်သည်ဟု အမေရိကန် အရာရှိတစ်ဦးက CBS ကို ပြောကြားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ယင်းတိုက်ခိုက်မှုသည် အီရန်က စစ်ပွဲကို စတင်ဖန်တီးခြင်း ဖြစ်ကြောင်း စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားလိုက်ပါတယ်။ ရေနံတွင်း တိုက်ခိုက်ခံရပြီးနောက် ဆော်ဒီ၏ ရေနံထုတ်လုပ်မှုသည် ထက်ဝက်အထိ ကျဆင်းသွားပြီး စက်တင်ဘာ ၁၆ ရက်မှစ၍ ရေနံဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း  ရေနံထုတ်လုပ်မှု မကြာမီ ပုံမှန်အတိုင်း ပြန်ဖြစ်မည်ဟု ဆော်ဒီက ထုတ်ပြန်ထား သောကြောင့် ဈေးကွက် ပြန်လည် တည်ငြိမ်ခဲ့ပါတယ်။

Linko
Ref:nypost.com
ဝါရှင်တန်၊စက်တင်ဘာ ၁၉

(  Zawgyi   )

 ေဆာ္ဒီအာေရဗ်ေရနံတြင္းမ်ားကို တိုက္ခိုက္ခဲ့ျခင္းအေပၚ အီရန္က လုပ္ေဆာင္ျခင္း ျဖစ္ေၾကာင္း ဘာသာေရးေခါင္းေဆာင္ အယာတိုလာ အလီခါေမနီက အလြတ္သေဘာ ေျပာၾကားလိုက္ေသာ္လည္း အီရန္အစိုးရအေနျဖင့္ ယင္းတိုက္ခိုက္မႈအေပၚ တရားဝင္ ျငင္းဆိုႏိုင္ေၾကာင္း အေမရိကန္အရာရွိတစ္ဦး၏ ေျပာၾကားမႈကို  CBS သတင္းဌာနက စက္တင္ဘာ ၁၈ ရက္မွာ  ေျပာၾကားလိုက္ပါတယ္။

ၿဂိဳဟ္တုဓာတ္ပုံမ်ားအျပင္ ဒုံးက်ည္အပိုင္းအစႏွင့္ ဒ႐ုန္းတို႔မွ ဆားကစ္ျပားမ်ားကို အေျခခံ၍ ယင္းဒုံးက်ည္မ်ား ေရနံတြင္းသို႔ ပ်ံသန္းလာသည့္ လမ္းေၾကာင္းကို သိရွိႏိုင္ေၾကာင္း အဆိုပါသတင္းတြင္ ေဖာ္ျပထားပါတယ္။ ယခုတိုက္ခိုက္မႈမ်ားသည္ စစ္မီးကို ပြားလာေစႏိုင္သည္ဟု အေမရိကန္ အရာရွိတစ္ဦးက CBS ကို ေျပာၾကားပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက ယင္းတိုက္ခိုက္မႈသည္ အီရန္က စစ္ပြဲကို စတင္ဖန္တီးျခင္း ျဖစ္ေၾကာင္း စက္တင္ဘာ ၁၈ ရက္တြင္ ေျပာၾကားလိုက္ပါတယ္။ ေရနံတြင္း တိုက္ခိုက္ခံရၿပီးေနာက္ ေဆာ္ဒီ၏ ေရနံထုတ္လုပ္မႈသည္ ထက္ဝက္အထိ က်ဆင္းသြားၿပီး စက္တင္ဘာ ၁၆ ရက္မွစ၍ ေရနံေဈးႏႈန္းမ်ား ျမင့္တက္ခဲ့ေသာ္လည္း  ေရနံထုတ္လုပ္မႈ မၾကာမီ ပုံမွန္အတိုင္း ျပန္ျဖစ္မည္ဟု ေဆာ္ဒီက ထုတ္ျပန္ထား ေသာေၾကာင့္ ေဈးကြက္ ျပန္လည္ တည္ၿငိမ္ခဲ့ပါတယ္။

Linko
Ref:nypost.com
ဝါရွင္တန္၊စက္တင္ဘာ ၁၉