ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ဟူသီတပ်ဖွဲ့များအား အပစ်အခတ်ရပ်စဲကြောင်း ကြေညာ

ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ဟူသီတပ်ဖွဲ့များအား အပစ်အခတ်ရပ်စဲကြောင်း ကြေညာ

ယီမင်နိုင်ငံတွင် ဟူသီသူပုန်များအား တိုက်ခိုက်နေသည့် ဆော်ဒီအာရေဗျဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်လိုက်ပါတယ်။၅ နှစ်ကြာမြင့်ပြီ ဖြစ် သည့် စစ်ပွဲအား အဆုံးသတ်ရန် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများကို ထောက်ခံသောအားဖြင့် အပစ်အခတ်ရပ်စဲရေးသည် ဧပြီ ၉ ရက်မှစတင် အသက်ဝင်မှာဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောပါတယ်။

စစ်အင်အားကြီး အနောက်နိုင်ငံများက ထောက်ပံ့ထားသည့် ညွန့်ပေါင်းအဖွဲ့သည် အီရန်နှင့် မဟာမိတ်ဖွဲ့ထားသည့် ဟူသီတပ်ဖွဲ့များနှင့် ၂၀၁၅ ခုနှစ်၊ မတ်လမှ စတင်ကာ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပါတယ်။

ဟူသီတပ်ဖွဲ့များဖက်မှ အပြစ်အခတ်ရပ်စဲရေးကို လုပ်မည်မလုပ်မည်ကို မသိရှိရသေးပေ။ယီမင်ရှိ တပ်ဖွဲ့များအနေဖြင့် တိုက်ခိုက်မှုများကို ရပ်တန့်ပြီး ကိုရိုနာဗိုင်းရပ် မဖြစ်ပွားအောင် ဆောင်ရွက်ကြရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း တောင်းဆိုခဲ့ ပါတယ်။

နိုင်ငံအနှံ့ တိုက်ခိုက်မှုများ လျော့ကျစေရေးအတွက် ၎င်း၏ အထူးကိုယ်စားလှယ် မာတင်ဂရစ်ဖ် နှင့် ပူးပေါင်းဆောင်ရွက်ရန်လည်း ကုလအတွင်းရေးမှူးချုပ်က သက်ဆိုင်ရာအဖွဲ့အစည်းများကို တိုက်တွန်းခဲ့ပါတယ်။

ညွန်ပေါင်းတပ်ဖွဲ့၏ အပစ်ရပ်စဲကြောင်း ထုတ်ပြန်ချက်အပေါ် ဂရစ်ဖ်က ဧပြီ ၈ ရက်မှာ ကြိုဆိုခဲ့ ပါတယ်။“သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ လက်ရှိအခြေအနေ ဖြစ်လာတဲ့ အပေါ်မှာ အကောင်းဆုံး အသုံးချပြီး တိုက်ခိုက်တာတွေကို အမြန်ဆုံး လုပ်ဆောင်သင့်ပါတယ်” ဟု ပြောကြားပါတယ်။

နှစ်ဖက်စလုံးက အပစ်အခတ်ရပ်စဲရေးအတွက် ဗီဒီယိုမှတစ်ဆင့် ပြုလုပ်မည့် အစည်းအဝေးတွင် ပါဝင်ဖွယ်ရှိပါတယ်။ ညွန့်ပေါင်းအဖွဲ့၏ ကြေညာချက်တွင် “ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းမှုများကို ထောက်ခံသော အားဖြင့်လည်းကောင်း၊ ယီမင်ပြည်သူ များ ကြုံတွေ့နေရသည့် ဒုက္ခများ လျော့ကျစေရန်သော် လည်းကောင်း၊ ကိုရိုနာရောဂါ ပြဿနာ မကူးစက်အောင် လုပ်ဆောင်ရန်သော်လည်းကောင်း ညွန့်ပေါင်းအဖွဲ့အနေဖြင့် သီတင်း ၂ပတ်ခန့် လုံးဝအပစ်အခတ်ရပ်စဲကြောင်း ကြေညာပါတယ်” ဟု ဖော်ပြထားပါတယ်။

Linko
Ref: BBC
ရီယာဒ်၊ ဧပြီ ၉

( Zawgyi  )







Linko
Ref: BBC
ရီယာဒ်၊ ဧပြီ ၉