ဆော်ဒီ၏ အဓိကရေနံပိုက်လိုင်းများကို ဟူသီသူပုန်များက ဒရုန်းများဖြင့် တိုက်ခိုက် ဖျက်ဆီးနေဟု ဆို

 ဆော်ဒီ၏ အဓိကရေနံပိုက်လိုင်းများကို ဟူသီသူပုန်များက ဒရုန်းများဖြင့် တိုက်ခိုက် ဖျက်ဆီးနေဟု ဆို

ဆော်ဒီအာရေဗျနိုင်ငံ၏ အဓိကရေနံပိုက်လိုင်းတစ်ခုကို မြို့တော်ရီယက်အနောက်ဘက်တွင် မေ ၁၄ ရက်ကဒရုန်းများဖြင့် တိုက်ခိုက်ခံခဲ့ ရကြောင်း စွမ်းအင်ဝန်ကြီးကအတည်ပြု ပြောကြားလိုက်ပါတယ်။ ယီမင်နိုင်ငံအတွင်းမှ သူပုန်များကလည်းဆော်ဒီအာရေဗျနိုင်ငံကိုဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။

အမေရိကန်နဲ့ အီရန်တို့အကြားတင်းမာမှုများ မြင့်တက်နေစဉ် မေ ၁၂ ရက်ကအာရပ်စော်ဘွားများနိုင်ငံ ကမ်းရိုးတန်း အနီး ပါရှန်းပင်လယ်ကွေ့အနီးမှာရေနံတင်သင်္ဘောများဖျက်ဆီးခံရပြီးနောက် ယခုကဲ့သို့ ရေနံပိုက်လိုင်းများတိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ပါတယ်။
ကမ္ဘာရေနံဈေးနှုန်းဟာလည်းမေ ၁၄ ရက်ကတစ်စည်ကို ၇၁ ဒေါ်လာအထိ မြင့်တက်သွားပါတယ်။

ယခုကဲ့သို့ ရေနံပိုက်လိုင်းများတိုက်ခိုက်ခံရမှုဟာဆော်ဒီနိုင်ငံရဲ့ ရေနံထုတ်လုပ်တင်ပို့မှုကိုထိခိုက်စေမှာမဟုတ်ဘူးလို့ စွမ်းအင်ဝန်ကြီး ခါလစ်အယ်လ်ဖာလီအယ်ဖာလီကပြောပါတယ်။ နိုင်ငံပိုင် Saudi Press အေဂျင်စီမှာသူကရေနံပိုက်လိုင်းကိုတိုက်ခိုက်မှုဟာသရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ကြောင်းနဲ့  ယင်းတိုက်ခိုက်မှုဟာဆော်ဒီအာရေဗျနိုင်ငံကိုသာမကကမ္ဘာ့စွမ်းအင် ထောက်ပံရေးဆိုင်ရာလုံခြုံရေး၊ ကမ္ဘာ့စီးပွားရေးကို ပစ်မှတ်ထားလုပ်ဆောင်တာဖြစ်ကြောင်းပြောပါတယ်။

ယီမင်နိုင်ငံမှ ဟူသီသူပုန်များက နိုင်ငံမြောက်ပိုင်းနယ်စပ်အနီးရှိအရေးပါတဲ့ ဆော်ဒီရေနံပိုက်လိုင်းများကိုဒရုန်း ၇ စင်းနဲ့ တိုက်ခိုက် ခဲ့ကြောင်းကြေညာခဲ့ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံဟာအီရန်ထောက်ခံတဲ့ ဟူသီသူပုန်များ၊ ၎င်းတို့ရဲ့ မဟာမိတ်များနဲ့ ၂၀၁၅ ခုနှစ်၊ မတ်လကစတင်ပြီးစစ်ပွဲများ ဖြစ်ပွားနေပါတယ်။

အခုတိုက်ခိုက်ခံရတဲ့ ရေနံတွန်းပို့ စခန်း ၂ခုဟာ ယီမင်နိုင်ငံမြောက်ပိုင်းနယ်စပ်မှ ကီလိုမီတာ ၈၀၀ (မိုင် ၅၀၀) အကွာမှာရှိပြီးဒရုန်းတွေ ကိုဟူသီသူပုန်များကမည်သည့်နေရာမှ တင်လွှတ်ခဲ့ကြောင်းမသိရသေးပါဘူး။ အီရန်နဲ့ အီရတ်အကြားစစ်ပွဲဖြစ်ပွားပါကရေနံတင်သင်္ဘောများ ဖြတ်သန်းရာဟော့မုဇ်ရေလက်ကြားလမ်းကြောင်းပိတ်သွားနိုင်လို့ ဆော်ဒီအာရေဗျနိုင်ငံအနေနဲ့  ရေနံတင်ကိုတင်ပို့ရောင်းချဖို့ ယခု ပိုက်လိုင်း များကို  ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတည်ဆောက်တပ်ဆင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကီလိုမီတာ ၁၂၀၀ (၇၄၆ မိုင်) ရှည်လျားတဲ့ ယခုရေနံပိုက်လိုင်းမှာ ၂ လိုင်းပါဝင်ပြီးတစ်နေ့ကိုရေနံစိမ်းစည်ပေါင်း ၄ ဒသမ ၈ ဘီလျံတင်ပို့ နိုင်ပါတယ်။

Linko
Ref:AP
ရီယာဒ်၊မေ ၁၅

(  Zawgyi  )

 ေဆာ္ဒီအာေရဗ်ႏိုင္ငံ၏ အဓိကေရနံပိုက္လိုင္းတစ္ခုကို ၿမိဳ႕ေတာ္ရီယက္အေနာက္ဘက္တြင္ ေမ ၁၄ ရက္ကဒ႐ုန္းမ်ားျဖင့္ တိုက္ခိုက္ခံခဲ့ ရေၾကာင္း စြမ္းအင္ဝန္ႀကီးကအတည္ျပဳ ေျပာၾကားလိုက္ပါတယ္။ ယီမင္ႏိုင္ငံအတြင္းမွ သူပုန္မ်ားကလည္းေဆာ္ဒီအာေရဗ်ႏိုင္ငံကိုဒ႐ုန္းမ်ားျဖင့္ တိုက္ခိုက္ခဲ့ေၾကာင္းထုတ္ျပန္ထားပါတယ္။

အေမရိကန္နဲ႔ အီရန္တို႔အၾကားတင္းမာမႈမ်ား ျမင့္တက္ေနစဥ္ ေမ ၁၂ ရက္ကအာရပ္ေစာ္ဘြားမ်ားႏိုင္ငံ ကမ္း႐ိုးတန္း အနီး ပါရွန္းပင္လယ္ေကြ႕အနီးမွာေရနံတင္သေဘၤာမ်ားဖ်က္ဆီးခံရၿပီးေနာက္ ယခုကဲ့သို႔ ေရနံပိုက္လိုင္းမ်ားတိုက္ခိုက္ခံခဲ့ရျခင္း ျဖစ္ပါတယ္။
ကမာၻေရနံေဈးႏႈန္းဟာလည္းေမ ၁၄ ရက္ကတစ္စည္ကို ၇၁ ေဒၚလာအထိ ျမင့္တက္သြားပါတယ္။

ယခုကဲ့သို႔ ေရနံပိုက္လိုင္းမ်ားတိုက္ခိုက္ခံရမႈဟာေဆာ္ဒီႏိုင္ငံရဲ႕ ေရနံထုတ္လုပ္တင္ပို႔မႈကိုထိခိုက္ေစမွာမဟုတ္ဘူးလို႔ စြမ္းအင္ဝန္ႀကီး ခါလစ္အယ္လ္ဖာလီအယ္ဖာလီကေျပာပါတယ္။ ႏိုင္ငံပိုင္ Saudi Press ေအဂ်င္စီမွာသူကေရနံပိုက္လိုင္းကိုတိုက္ခိုက္မႈဟာသရဲေဘာေၾကာင္တဲ့ လုပ္ရပ္ျဖစ္ေၾကာင္းနဲ႔  ယင္းတိုက္ခိုက္မႈဟာေဆာ္ဒီအာေရဗ်ႏိုင္ငံကိုသာမကကမာၻ႔စြမ္းအင္ ေထာက္ပံေရးဆိုင္ရာလုံၿခဳံေရး၊ ကမာၻ႔စီးပြားေရးကို ပစ္မွတ္ထားလုပ္ေဆာင္တာျဖစ္ေၾကာင္းေျပာပါတယ္။

ယီမင္ႏိုင္ငံမွ ဟူသီသူပုန္မ်ားက ႏိုင္ငံေျမာက္ပိုင္းနယ္စပ္အနီးရွိအေရးပါတဲ့ ေဆာ္ဒီေရနံပိုက္လိုင္းမ်ားကိုဒ႐ုန္း ၇ စင္းနဲ႔ တိုက္ခိုက္ ခဲ့ေၾကာင္းေၾကညာခဲ့ပါတယ္။ ေဆာ္ဒီအာေရဗ်ႏိုင္ငံဟာအီရန္ေထာက္ခံတဲ့ ဟူသီသူပုန္မ်ား၊ ၎တို႔ရဲ႕ မဟာမိတ္မ်ားနဲ႔ ၂၀၁၅ ခုႏွစ္၊ မတ္လကစတင္ၿပီးစစ္ပြဲမ်ား ျဖစ္ပြားေနပါတယ္။

အခုတိုက္ခိုက္ခံရတဲ့ ေရနံတြန္းပို႔ စခန္း ၂ခုဟာ ယီမင္ႏိုင္ငံေျမာက္ပိုင္းနယ္စပ္မွ ကီလိုမီတာ ၈၀၀ (မိုင္ ၅၀၀) အကြာမွာရွိၿပီးဒ႐ုန္းေတြ ကိုဟူသီသူပုန္မ်ားကမည္သည့္ေနရာမွ တင္လႊတ္ခဲ့ေၾကာင္းမသိရေသးပါဘူး။ အီရန္နဲ႔ အီရတ္အၾကားစစ္ပြဲျဖစ္ပြားပါကေရနံတင္သေဘၤာမ်ား ျဖတ္သန္းရာေဟာ့မုဇ္ေရလက္ၾကားလမ္းေၾကာင္းပိတ္သြားႏိုင္လို႔ ေဆာ္ဒီအာေရဗ်ႏိုင္ငံအေနနဲ႔  ေရနံတင္ကိုတင္ပို႔ေရာင္းခ်ဖို႔ ယခု ပိုက္လိုင္း မ်ားကို  ၁၉၈၀ ျပည့္ႏွစ္ေနာက္ပိုင္းတည္ေဆာက္တပ္ဆင္ခဲ့ျခင္း ျဖစ္ပါတယ္။ ကီလိုမီတာ ၁၂၀၀ (၇၄၆ မိုင္) ရွည္လ်ားတဲ့ ယခုေရနံပိုက္လိုင္းမွာ ၂ လိုင္းပါဝင္ၿပီးတစ္ေန႔ကိုေရနံစိမ္းစည္ေပါင္း ၄ ဒသမ ၈ ဘီလ်ံတင္ပို႔ ႏိုင္ပါတယ္။

Linko
Ref:AP
ရီယာဒ္၊ေမ ၁၅