ညင်သာစွာဇီဝိန်ခြွေပေးတဲ့ ဥပဒေ အတည်ပြုပြီးနောက်ပိုင်း ကင်ဆာဝေဒနာရှင် အမျိုးသမီးတစ်ဦး ဗစ်တိုးရီးယားပြည်နယ်၏ ပထမဆုံး အသုံးချသူဖြစ်လာ

ညင်သာစွာဇီဝိန်ခြွေပေးတဲ့ ဥပဒေ အတည်ပြုပြီးနောက်ပိုင်း ကင်ဆာဝေဒနာရှင် အမျိုးသမီးတစ်ဦး ဗစ်တိုးရီးယားပြည်နယ်၏ ပထမဆုံး အသုံးချသူဖြစ်လာ

သြစတြေးလျနိုင်ငံအရှေ့တောင်ပိုင်း ဗစ်တိုးရီးယားပြည်နယ်မှာ ညင်သာစွာဇီဝိန်ခြွေပေးတဲ့ဥပဒေကို ပထမဆုံးအသုံးချသူကတော့ ကင်ဆာဝေဒနာရှင်အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ ညင်သာစွာ ဇီဝိန်ခြွေပေးခြင်း (ဆေးပညာအခေါ် Euthanasia) ဆိုတာကတော့ ရောဂါဝေဒနာမခံစာ းနိုင်လောက်တဲ့အထိ ခံစားနေရတဲ့ဝေဒနာသည်တွေကို စာနာတဲ့အနေနဲ့ ဆေးပညာအကူအညီနဲ့ ညင်ညင်သာသာ အသက်ထွက်အောင်လုပ်ပေးတာ ဖြစ်ပါတယ်။

ညင်သာစွာဇီဝိန်ခြွေပေးတဲ့ဥပဒေကို ဗစ်တိုးရီးယားပြည်နယ်က ၂၀၁၇ခုနှစ်မှာ အဆိုပြုတင်သွင်းခဲ့တာဖြစ်ပြီး၊ ယခုဇွန်လ ၁၉ရက်နေ့မှာ ဥပဒေစတင်သက်ဝင်ခဲ့ပါတယ်။ ဒီဥပဒေကို ပထမဆုံးအသုံးချတဲ့လူနာက ဗစ်တိုးရီးယားပြည်နယ် Bendigoမြို့နေသူ အသက် ၆၁နှစ်အရွယ် မစ္စ ကယ်ရီရိုဘတ်ဆန်ဖြစ်ပါတယ်။ ၂၀၁၀မှာ ရင်သားကင်ဆာရောဂါ စစ်ဆေးတွေ့ရှိခဲ့ပြီး၊ ကုသမှုခံယူလာခဲ့ရာက အဆုတ်၊ အရိုးနဲ့ ဦးနှောက်ထဲ အထိ ကင်ဆာဆဲလ်ပျံ့နှံ့လာတာကြောင့် ပြီးခဲ့တဲ့မတ်လမှာ ကုသမှုရပ်ဆိုင်းဖို့ ကာယကံရှင်က ဆုံးဖြတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လမှာ သူ ညင်ညင်သာသာနဲ့ အသက်ဆုံးခဲ့တယ်ဆိုတာကို မိသားစုဝင်ဖြစ်တဲ့ သမီးနှစ်ယောက်က ပြောပြသလို၊ Go Gentle Australiaပရဟိတအဖွဲ့က အခုလ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒီအတွက် လိုအပ်တဲ့လုပ်ငန်းအဆင့်ဆင့်ကို ၂၆ ရက်ကြာလုပ်ခဲ့ရပြီး၊ ဆေးဝါးအကူအညီနဲ့ ဇီဝိန်ချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ရဲ့အမေက နောက်ဆုံးခရီးအတွက် သေချာပြင်ဆင်ချိန်ရလိုက်ပြီး၊ အေးအေး ချမ်းချမ်း၊ ဂုဏ်သိက္ခာရှိရှိနဲ့ မြန်မြန်ဆန်ဆန်ပဲ နောက်ဆုံးအချိန်ကို ဖြတ်ကျော်နိုင်ခဲ့တယ်လို့ သမီးနှစ်ယောက်က ပြောပါတယ်။

ညင်သာစွာဇီဝိန်ခြွေပေးရေးဥပဒေ ဗစ်တိုးရီးယားပြည်နယ်မှာ ပြဌာန်းနိုင်ခဲ့သလို၊ တခြားပြည်နယ်တွေကလည်း အဲဒီဥပဒေအတည်ပြုနိုင်ဖို့ အဆိုပြုထားပါတယ်။ သြစတြေးလျနိုင်ငံမြောက်ပိုင်းဒေသတွေမှာ ရှေးအရင်ကတည်းက အဲဒီဥပဒေ တရားဝင်ပြဌာန်းလာခဲ့ပေမဲ့ ၁၉၉၇ခုနှစ်မှာ ဖက်ဒရယ်အစိုးရက ပယ်ဖျက်ခဲ့တယ်လို့လည်း သိရပါတယ်။

ရည်မွန်
ဆစ်ဒနီ၊ သြဂုတ် ၅
Ref: The Straits Times

(  Zawgyi  )

 ၾသစေၾတးလ်ႏိုင္ငံအေရွ႕ေတာင္ပိုင္း ဗစ္တိုးရီးယားျပည္နယ္မွာ ညင္သာစြာဇီဝိန္ေႁခြေပးတဲ့ဥပေဒကို ပထမဆုံးအသုံးခ်သူကေတာ့ ကင္ဆာေဝဒနာရွင္အမ်ိဳးသမီးတစ္ဦးျဖစ္တယ္လို႔ သတင္းေတြက ဆိုပါတယ္။ ညင္သာစြာ ဇီဝိန္ေႁခြေပးျခင္း (ေဆးပညာအေခၚ Euthanasia) ဆိုတာကေတာ့ ေရာဂါေဝဒနာမခံစာ းႏိုင္ေလာက္တဲ့အထိ ခံစားေနရတဲ့ေဝဒနာသည္ေတြကို စာနာတဲ့အေနနဲ႔ ေဆးပညာအကူအညီနဲ႔ ညင္ညင္သာသာ အသက္ထြက္ေအာင္လုပ္ေပးတာ ျဖစ္ပါတယ္။

ညင္သာစြာဇီဝိန္ေႁခြေပးတဲ့ဥပေဒကို ဗစ္တိုးရီးယားျပည္နယ္က ၂၀၁၇ခုႏွစ္မွာ အဆိုျပဳတင္သြင္းခဲ့တာျဖစ္ၿပီး၊ ယခုဇြန္လ ၁၉ရက္ေန႔မွာ ဥပေဒစတင္သက္ဝင္ခဲ့ပါတယ္။ ဒီဥပေဒကို ပထမဆုံးအသုံးခ်တဲ့လူနာက ဗစ္တိုးရီးယားျပည္နယ္ Bendigoၿမိဳ႕ေနသူ အသက္ ၆၁ႏွစ္အ႐ြယ္ မစၥ ကယ္ရီ႐ိုဘတ္ဆန္ျဖစ္ပါတယ္။ ၂၀၁၀မွာ ရင္သားကင္ဆာေရာဂါ စစ္ေဆးေတြ႕ရွိခဲ့ၿပီး၊ ကုသမႈခံယူလာခဲ့ရာက အဆုတ္၊ အ႐ိုးနဲ႔ ဦးေႏွာက္ထဲ အထိ ကင္ဆာဆဲလ္ပ်ံ႕ႏွံ႔လာတာေၾကာင့္ ၿပီးခဲ့တဲ့မတ္လမွာ ကုသမႈရပ္ဆိုင္းဖို႔ ကာယကံရွင္က ဆုံးျဖတ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ဇူလိုင္လမွာ သူ ညင္ညင္သာသာနဲ႔ အသက္ဆုံးခဲ့တယ္ဆိုတာကို မိသားစုဝင္ျဖစ္တဲ့ သမီးႏွစ္ေယာက္က ေျပာျပသလို၊ Go Gentle Australiaပရဟိတအဖြဲ႕က အခုလ ၄ ရက္ေန႔က ထုတ္ျပန္ပါတယ္။ ဒီအတြက္ လိုအပ္တဲ့လုပ္ငန္းအဆင့္ဆင့္ကို ၂၆ ရက္ၾကာလုပ္ခဲ့ရၿပီး၊ ေဆးဝါးအကူအညီနဲ႔ ဇီဝိန္ခ်ဳပ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ သူတို႔ရဲ႕အေမက ေနာက္ဆုံးခရီးအတြက္ ေသခ်ာျပင္ဆင္ခ်ိန္ရလိုက္ၿပီး၊ ေအးေအး ခ်မ္းခ်မ္း၊ ဂုဏ္သိကၡာရွိရွိနဲ႔ ျမန္ျမန္ဆန္ဆန္ပဲ ေနာက္ဆုံးအခ်ိန္ကို ျဖတ္ေက်ာ္ႏိုင္ခဲ့တယ္လို႔ သမီးႏွစ္ေယာက္က ေျပာပါတယ္။

ညင္သာစြာဇီဝိန္ေႁခြေပးေရးဥပေဒ ဗစ္တိုးရီးယားျပည္နယ္မွာ ျပဌာန္းႏိုင္ခဲ့သလို၊ တျခားျပည္နယ္ေတြကလည္း အဲဒီဥပေဒအတည္ျပဳႏိုင္ဖို႔ အဆိုျပဳထားပါတယ္။ ၾသစေၾတးလ်ႏိုင္ငံေျမာက္ပိုင္းေဒသေတြမွာ ေရွးအရင္ကတည္းက အဲဒီဥပေဒ တရားဝင္ျပဌာန္းလာခဲ့ေပမဲ့ ၁၉၉၇ခုႏွစ္မွာ ဖက္ဒရယ္အစိုးရက ပယ္ဖ်က္ခဲ့တယ္လို႔လည္း သိရပါတယ္။

ရည္မြန္
ဆစ္ဒနီ၊ ၾသဂုတ္ ၅
Ref: The Straits Times