ညွန့်ပေါင်းတပ်များကို လက်မခံပါက အီရတ်သို့ပေးမည့် စစ်ဖက်ဆိုင်ရာ အကူအညီ ဒေါ်လာသန်း ၂၅၀ ကို အမေရိကန်က ရပ်ဆိုင်းမည်

ညွန့်ပေါင်းတပ်များကို လက်မခံပါက အီရတ်သို့ပေးမည့် စစ်ဖက်ဆိုင်ရာ အကူအညီ ဒေါ်လာသန်း  ၂၅၀ ကို အမေရိကန်က ရပ်ဆိုင်းမည်

အီရတ်အစိုးရအနေဖြင့် အမေရိကန်တပ်ဖွဲ့များကို နိုင်ငံတွင်း ဆက်လက်မထားပါက စစ်ဖက်ဆိုင်ရာ အကူအညီအ ဖြစ်ပေးရန် စီစဉ်ထားသည့် ဒေါ်လာ သန်း ၂၅၀ ကို ရပ်ဆိုင်းသွားမည်ဟု  ကာကွယ်ရေးဝန်ကြီးဌာန၏ အီးမေးလ် များကို ကိုးကား၍ ဝေါစထရိဂျာနယ်က ဇန်နဝါရီ ၁၄ ရက်မှာ ဖော်ပြလိုက်ပါတယ်။

အီရတ်မှ အမေရိကန်တပ်ဖွဲ့များကို မူလသတ်မှတ်ထားသည့် ကာလရောက်ရှိမှသာ ရုပ်သိမ်းမည်ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ရောဘတ်အိုဘရိုင်ယန်က ပြောကြားပါတယ်။

ထို့ပြင် အီရတ်အနေဖြင့် ရုရှားမှ S-400 လေကြောင်းကာကွယ်ရေးစနစ်များကို ဝယ်ယူမည်ဆိုပါကလည်း ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိ ဂျိုးဟုဒ်က ပြောကြား ထားပါတယ်။

ရုရှား၏ ဒုံးကျည်စနစ်များကို ဝယ်ယူပါက ပိတ်ဆို့အရေးယူမှုများနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်းနှင့် အမေရိကန်အစိုးရအနေဖြင့် ၎င်း၏ မိတ်ဖက်နိုင်ငံများကို ယင်းကဲ့သို့ မလုပ်ဆောင်ရန် အကြံပြုထား ကြောင်းဟုဒ် က ဝါရှင်တန်ဒီစီရှိ အရှေ့အလယ်ပိုင်းဌာန၌ ပြုလုပ်သည့် အခမ်းအနားတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

အီရတ်ပါလီမန်အမတ်များ၏ ပြောကြားချက်ကို ကိုးကား၍ ဝေါစထရိဂျာနယ်က အဆိုပါနိုင်ငံအနေဖြင့် ရုရှားထံမှ S-400 လေကြောင်းကာကွယ်ရေးစနစ်များကို ဝယ်ယူရန် ဆွေးနွေးနေကြောင်း ဖော်ပြခဲ့ပါတယ်။

ဇန်နဝါရီ ၃ ရက်က အီရန်ဗိုလ်ချုပ်ကြီး ကာဆင်ဆူလီမန်နီကို ဘဂ္ဂဒက်နိုင်ငံတကာလေဆိပ်တွင် အမေရိကန်တို့က ဒရုန်းဖြင့် တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးနောက် အီရတ်ပါလီမန်က အမေရိကန်တပ်ဖွဲ့များကို နိုင်ငံတွင်းမှ ထွက်ခွာစေရန် ဇန်နဝါရီ ၅ ရက်မှ မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။

Linko
Ref : Sputnik
ဝါရှင်တန်၊ ဇန်နဝါရီ - ၁၅

( Zawgyi )

အီရတ္အစိုးရအေနျဖင့္ အေမရိကန္တပ္ဖြဲ႕မ်ားကို ႏိုင္ငံတြင္း ဆက္လက္မထားပါက စစ္ဖက္ဆိုင္ရာ အကူအညီအ ျဖစ္ေပးရန္ စီစဥ္ထားသည့္ ေဒၚလာ သန္း ၂၅၀ ကို ရပ္ဆိုင္းသြားမည္ဟု  ကာကြယ္ေရးဝန္ႀကီးဌာန၏ အီးေမးလ္ မ်ားကို ကိုးကား၍ ေဝါစထရိဂ်ာနယ္က ဇန္နဝါရီ ၁၄ ရက္မွာ ေဖာ္ျပလိုက္ပါတယ္။

အီရတ္မွ အေမရိကန္တပ္ဖြဲ႕မ်ားကို မူလသတ္မွတ္ထားသည့္ ကာလေရာက္ရွိမွသာ ႐ုပ္သိမ္းမည္ဟု အိမ္ျဖဴေတာ္ အမ်ိဳးသားလုံၿခဳံေရးအႀကံေပး ေရာဘတ္အိုဘ႐ိုင္ယန္က ေျပာၾကားပါတယ္။

ထို႔ျပင္ အီရတ္အေနျဖင့္ ႐ုရွားမွ S-400 ေလေၾကာင္းကာကြယ္ေရးစနစ္မ်ားကို ဝယ္ယူမည္ဆိုပါကလည္း ပိတ္ဆို႔အေရးယူမႈမ်ား လုပ္ေဆာင္သြားမည္ဟု အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနအရာရွိ ဂ်ိဳးဟုဒ္က ေျပာၾကား ထားပါတယ္။

႐ုရွား၏ ဒုံးက်ည္စနစ္မ်ားကို ဝယ္ယူပါက ပိတ္ဆို႔အေရးယူမႈမ်ားႏွင့္ ႀကဳံေတြ႕ရမည္ျဖစ္ေၾကာင္းႏွင့္ အေမရိကန္အစိုးရအေနျဖင့္ ၎၏ မိတ္ဖက္ႏိုင္ငံမ်ားကို ယင္းကဲ့သို႔ မလုပ္ေဆာင္ရန္ အႀကံျပဳထား ေၾကာင္းဟုဒ္ က ဝါရွင္တန္ဒီစီရွိ အေရွ႕အလယ္ပိုင္းဌာန၌ ျပဳလုပ္သည့္ အခမ္းအနားတစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။

အီရတ္ပါလီမန္အမတ္မ်ား၏ ေျပာၾကားခ်က္ကို ကိုးကား၍ ေဝါစထရိဂ်ာနယ္က အဆိုပါႏိုင္ငံအေနျဖင့္ ႐ုရွားထံမွ S-400 ေလေၾကာင္းကာကြယ္ေရးစနစ္မ်ားကို ဝယ္ယူရန္ ေဆြးေႏြးေနေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

ဇန္နဝါရီ ၃ ရက္က အီရန္ဗိုလ္ခ်ဳပ္ႀကီး ကာဆင္ဆူလီမန္နီကို ဘဂၢဒက္ႏိုင္ငံတကာေလဆိပ္တြင္ အေမရိကန္တို႔က ဒ႐ုန္းျဖင့္ တိုက္ခိုက္သတ္ျဖတ္ခဲ့ၿပီးေနာက္ အီရတ္ပါလီမန္က အေမရိကန္တပ္ဖြဲ႕မ်ားကို ႏိုင္ငံတြင္းမွ ထြက္ခြာေစရန္ ဇန္နဝါရီ ၅ ရက္မွ မဲခြဲဆုံးျဖတ္ခဲ့ပါတယ္။

Linko
Ref : Sputnik
ဝါရွင္တန္၊ ဇန္နဝါရီ - ၁၅