ဌာနငွေကြေး အလွဲသုံးစားမှု အရှုပ်တော်ပုံကြောင့် ဂျပန်ကုန်သွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်

ဌာနငွေကြေး အလွဲသုံးစားမှု အရှုပ်တော်ပုံကြောင့် ဂျပန်ကုန်သွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်

မိမိအား ထောက်ခံသူများကို နာရေးအတွက် ငွေကြေးပံ့ပိုးခြင်း၊  လက်ဆောင်များ ပေးခြင်းတို့ဖြင့်  နိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကို ချိုးဖောက်ကြောင်း စွပ်စွဲမှုများဖြင့်  ဂျပန်ကုန်သွယ်ရေးဝန်ကြီး အစ်ရှူဆူဂါဝါနာ ဟာ  အောက်တိုဘာ ၂၅ ရက်မှာ ရာထူးမှ နုတ်ထွက်သွားပါတယ်။

ပြီးခဲ့သည့် တစ်လခန့်က အစိုးရအဖွဲ့အပြောင်းအလဲတွင် ဆူဂါဝါနာအား ဝန်ကြီးရာထူးပေးခဲ့သည့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအတွက် ယခုကဲ့သို့ ရုတ်တရက် နုတ်ထွက်မှုဟာ ထိခိုက်မှုတစ်ရပ် ဖြစ်စေခဲ့ပါတယ်။ စွပ်စွဲချက်များ သည် မှန်ကန်ပါက ဆူဂါဝါနာအနေဖြင့် ရာထူးမှ နုတ်ထွက်ပေးရန် အတိုက်အခံများက ဖိအားပေးတောင်းဆိုခဲ့ ခြင်း ဖြစ်ပါတယ်။

စည်းကမ်းထိန်းသိမ်း ကြပ်မတ်မှုဆိုင်ရာ ဝန်ကြီးဟောင်း ဟီရိုရှိကာဂျီရာမာကို ဆူဂါနာဝါ၏ နေရာတွင် အစားထိုး ခန့်အပ်သွားမည်ဖြစ်ကြောင်း အာဘေးက သတင်းထောက်များကို ပြောကြားပါတယ်။

အသက် ၅၇ နှစ်အရွယ် ဆူဂါနာဝါသည် ကုန်သွယ်ရေးနှင့် စက်မှုမူဝါဒများဆိုင်ရာ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ဂျပန်အစိုးရက ပို့ကုန်များအပေါ် ထိန်းချုပ်မှု ပိုမိုတင်းကြပ်လိုက်ခြင်းကြောင့် တောင်ကိုရီးယားနှင့် နှစ်နိုင်ငံ ဆက်ဆံရေးလည်း တင်းမာလျှက်ရှိပါတယ်။ဆူဂါနာဝါ၏ အတွင်းရေးမှူးက ၎င်းတို့အား ထောက်ခံသူတစ်ဦး၏ မိသားစု နာရေးတစ်ခုသို့ ယန်း ၂၀၀၀၀ (ဒေါ်လာ ၁၈၀) ကို အောက်တိုဘာလလယ်အတွင်းက ပေးခဲ့ကြောင်း နောက်ဆုံး ထွက်ရှိသည့် အပတ်စဉ်ထုတ် Shukan Bunshun မဂ္ဂဇင်းမှာ အောက်တိုဘာ ၂၄ ရက်က ဖော်ပြခဲ့ခြင်း ဖြစ်ပါတယ်။

အဆိုပါ ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွင်း နာရေးဖြစ်သည့် မိသားစုများအတွက် ပန်းများလည်း ပေးပို့ခဲ့ကြောင်း  မဂ္ဂဇင်းမှာ ဖော်ပြထား ပါတယ်။ ဂျပန် ရွေးကောက်ပွဲဥပဒေအရ နိုင်ငံရေးသမားများ အနေဖြင့် ရုံး သုံးငွေများကို မိမိတို့၏ မဲဆန္ဒနယ်အတွင်း ပေးလှူခွင့်မရှိဘဲ မိမိ ကိုယ်ပိုင်ငွေဖြင့်သာ မင်္ဂလာဆောင်များနှင့် နာရေးများကို ပေးခွင့်ရှိပါတယ်။

အောက်တိုဘာ ၂၅ ရက်အပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဆူဂါဝါနာက သူ့အနေဖြင့်  ရွေးကောက်ပွဲဥပဒေကို ချိုးဖောက်ခဲ့ခြင်း ရှိ၊မရှိ အတည်ပြုရန် လိုအပ်ဦးမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါ တယ်။သို့သော် စုံစမ်းစစ်ဆေးမှု၏ ရှုပ်ထွေးမှုများကို မလိုလားသောကြောင့် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ပြောကြားပါတယ်။

ဆူဂါဝါနာသည် အာဘေး၏ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ ဝင်တစ်ဦးဖြစ်သလို အောက်လွှတ်တော်တွင်  ၆ ကြိမ် မြောက် သက်တမ်းအတွက် ရွေးချယ်ခံထားရသူတစ်ဦး ဖြစ်ပါတယ်။

Linko
Ref: Nikkei Asian Review
တိုကျို၊အောက်တိုဘာ ၂၅

(  Zawgyi  )

 

မိမိအား ေထာက္ခံသူမ်ားကို နာေရးအတြက္ ေငြေၾကးပံ့ပိုးျခင္း၊  လက္ေဆာင္မ်ား ေပးျခင္းတို႔ျဖင့္  ႏိုင္ငံ၏ ေ႐ြးေကာက္ပြဲဆိုင္ရာ ဥပေဒကို ခ်ိဳးေဖာက္ေၾကာင္း စြပ္စြဲမႈမ်ားျဖင့္  ဂ်ပန္ကုန္သြယ္ေရးဝန္ႀကီး အစ္ရႉဆူဂါဝါနာ ဟာ  ေအာက္တိုဘာ ၂၅ ရက္မွာ ရာထူးမွ ႏုတ္ထြက္သြားပါတယ္။

ၿပီးခဲ့သည့္ တစ္လခန႔္က အစိုးရအဖြဲ႕အေျပာင္းအလဲတြင္ ဆူဂါဝါနာအား ဝန္ႀကီးရာထူးေပးခဲ့သည့္ ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးအတြက္ ယခုကဲ့သို႔ ႐ုတ္တရက္ ႏုတ္ထြက္မႈဟာ ထိခိုက္မႈတစ္ရပ္ ျဖစ္ေစခဲ့ပါတယ္။ စြပ္စြဲခ်က္မ်ား သည္ မွန္ကန္ပါက ဆူဂါဝါနာအေနျဖင့္ ရာထူးမွ ႏုတ္ထြက္ေပးရန္ အတိုက္အခံမ်ားက ဖိအားေပးေတာင္းဆိုခဲ့ ျခင္း ျဖစ္ပါတယ္။

စည္းကမ္းထိန္းသိမ္း ၾကပ္မတ္မႈဆိုင္ရာ ဝန္ႀကီးေဟာင္း ဟီ႐ိုရွိကာဂ်ီရာမာကို ဆူဂါနာဝါ၏ ေနရာတြင္ အစားထိုး ခန႔္အပ္သြားမည္ျဖစ္ေၾကာင္း အာေဘးက သတင္းေထာက္မ်ားကို ေျပာၾကားပါတယ္။

အသက္ ၅၇ ႏွစ္အ႐ြယ္ ဆူဂါနာဝါသည္ ကုန္သြယ္ေရးႏွင့္ စက္မႈမူဝါဒမ်ားဆိုင္ရာ ဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ေနၿပီး ဂ်ပန္အစိုးရက ပို႔ကုန္မ်ားအေပၚ ထိန္းခ်ဳပ္မႈ ပိုမိုတင္းၾကပ္လိုက္ျခင္းေၾကာင့္ ေတာင္ကိုရီးယားႏွင့္ ႏွစ္ႏိုင္ငံ ဆက္ဆံေရးလည္း တင္းမာလွ်က္ရွိပါတယ္။ဆူဂါနာဝါ၏ အတြင္းေရးမႉးက ၎တို႔အား ေထာက္ခံသူတစ္ဦး၏ မိသားစု နာေရးတစ္ခုသို႔ ယန္း ၂၀၀၀၀ (ေဒၚလာ ၁၈၀) ကို ေအာက္တိုဘာလလယ္အတြင္းက ေပးခဲ့ေၾကာင္း ေနာက္ဆုံး ထြက္ရွိသည့္ အပတ္စဥ္ထုတ္ Shukan Bunshun မဂၢဇင္းမွာ ေအာက္တိုဘာ ၂၄ ရက္က ေဖာ္ျပခဲ့ျခင္း ျဖစ္ပါတယ္။

အဆိုပါ ဝန္ႀကီးဌာနအေနျဖင့္ ယခုႏွစ္အတြင္း နာေရးျဖစ္သည့္ မိသားစုမ်ားအတြက္ ပန္းမ်ားလည္း ေပးပို႔ခဲ့ေၾကာင္း  မဂၢဇင္းမွာ ေဖာ္ျပထား ပါတယ္။ ဂ်ပန္ ေ႐ြးေကာက္ပြဲဥပေဒအရ ႏိုင္ငံေရးသမားမ်ား အေနျဖင့္ ႐ုံး သုံးေငြမ်ားကို မိမိတို႔၏ မဲဆႏၵနယ္အတြင္း ေပးလႉခြင့္မရွိဘဲ မိမိ ကိုယ္ပိုင္ေငြျဖင့္သာ မဂၤလာေဆာင္မ်ားႏွင့္ နာေရးမ်ားကို ေပးခြင့္ရွိပါတယ္။

ေအာက္တိုဘာ ၂၅ ရက္အၿပီး ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ ဆူဂါဝါနာက သူ႔အေနျဖင့္  ေ႐ြးေကာက္ပြဲဥပေဒကို ခ်ိဳးေဖာက္ခဲ့ျခင္း ရွိ၊မရွိ အတည္ျပဳရန္ လိုအပ္ဦးမည္ျဖစ္ ေၾကာင္း ေျပာၾကားခဲ့ပါ တယ္။သို႔ေသာ္ စုံစမ္းစစ္ေဆးမႈ၏ ရႈပ္ေထြးမႈမ်ားကို မလိုလားေသာေၾကာင့္ ရာထူးမွ ႏုတ္ထြက္ရန္ ဆုံးျဖတ္လိုက္ေၾကာင္း ေျပာၾကားပါတယ္။

ဆူဂါဝါနာသည္ အာေဘး၏ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီ ဝင္တစ္ဦးျဖစ္သလို ေအာက္လႊတ္ေတာ္တြင္  ၆ ႀကိမ္ ေျမာက္ သက္တမ္းအတြက္ ေ႐ြးခ်ယ္ခံထားရသူတစ္ဦး ျဖစ္ပါတယ္။

Linko
Ref: Nikkei Asian Review
တိုက်ိဳ၊ေအာက္တိုဘာ ၂၅