တက္ကဆတ်တွင် ပစ်ခတ်မှုဖြစ်ပွားသဖြင့် နှစ်ဦးသေဆုံးကာ တစ်ဒါဇင်ကျော်ဒဏ်ရာရရှိ

တက္ကဆတ်တွင် ပစ်ခတ်မှုဖြစ်ပွားသဖြင့် နှစ်ဦးသေဆုံးကာ တစ်ဒါဇင်ကျော်ဒဏ်ရာရရှိ

အမေရိကန်ပြည်ထောင်စုတက္ကဆက်ပြည်နယ်တွင်  အစုလိုက်အပြုံလိုက်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာအနည်းဆုံးလူ ၂ ယောက်သေဆုံးခဲ့ပါတယ်။ ပစ်ခတ်မှုမှာ ဒါးလက်စ်မြို့ အပြင်ဘက် ဂရင်းဗီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ  ပစ်ခတ်မှုကြောင့် တစ်ဒါဇင်ကျော်ဒဏ်ရာရခဲ့ပါတယ်။

ယခုပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာမှာ ကနဦးသတင်းအရ တက္ကဆတ် A&M စီးပွားကူးသန်း တက္ကသိုလ် မှ အိမ်မှ ပြန်ရောက်လာသည့် ကျောင်းသားများ ကြားဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရဲတပ်ဖွဲ့က တော့ သတင်းကိုအတည်မပြုခဲ့ပါဘူး။

တက္ကသိုလ်ရဲတပ်ဖွဲ့ကတော့ “ဒီကူးသန်းရေးတက္ကသိုလ်ထဲ ဘယ်သေနတ်သမားမှ မရှိပါဘူး”လို့ ဆိုပါတယ်။ ဂရင်းဗီးတက္ကဆတ်အပြင်ဘက်မှာ ဖြစ်ခဲ့တာပါ၊ကျောင်းသားတွေ ပါရင် ပါပါလိမ့်မယ် ” လို့ ဆိုပါတယ်။

ဒါးလက်စ်နံနက်ခင်းသတင်းမှာတော့ လူနာတင်ကားတွေ၊ သူနာပြုရဟတ်ယာဉ်တွေ မြင်ရတယ်လို့ ဖော်ပြခဲ့ပါတယ်။

Linko
Ref:stuff.co.nz
ဝါရှင်တန်၊ အောက်တိုဘာ ၂၇

(  Zawgyi  )

 အေမရိကန္ျပည္ေထာင္စုတကၠဆက္ျပည္နယ္တြင္  အစုလိုက္အၿပဳံလိုက္ပစ္ခတ္မႈျဖစ္ပြားခဲ့ရာအနည္းဆုံးလူ ၂ ေယာက္ေသဆုံးခဲ့ပါတယ္။ ပစ္ခတ္မႈမွာ ဒါးလက္စ္ၿမိဳ႕ အျပင္ဘက္ ဂရင္းဗီးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ကာ  ပစ္ခတ္မႈေၾကာင့္ တစ္ဒါဇင္ေက်ာ္ဒဏ္ရာရခဲ့ပါတယ္။

ယခုပစ္ခတ္မႈျဖစ္ပြားခဲ့သည့္ေနရာမွာ ကနဦးသတင္းအရ တကၠဆတ္ A&M စီးပြားကူးသန္း တကၠသိုလ္ မွ အိမ္မွ ျပန္ေရာက္လာသည့္ ေက်ာင္းသားမ်ား ၾကားျဖစ္ပြားခဲ့ျခင္းျဖစ္ကာ ရဲတပ္ဖြဲ႕က ေတာ့ သတင္းကိုအတည္မျပဳခဲ့ပါဘူး။

တကၠသိုလ္ရဲတပ္ဖြဲ႕ကေတာ့ “ဒီကူးသန္းေရးတကၠသိုလ္ထဲ ဘယ္ေသနတ္သမားမွ မရွိပါဘူး”လို႔ ဆိုပါတယ္။ ဂရင္းဗီးတကၠဆတ္အျပင္ဘက္မွာ ျဖစ္ခဲ့တာပါ၊ေက်ာင္းသားေတြ ပါရင္ ပါပါလိမ့္မယ္ ” လို႔ ဆိုပါတယ္။

ဒါးလက္စ္နံနက္ခင္းသတင္းမွာေတာ့ လူနာတင္ကားေတြ၊ သူနာျပဳရဟတ္ယာဥ္ေတြ ျမင္ရတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

Linko
Ref:stuff.co.nz
ဝါရွင္တန္၊ ေအာက္တိုဘာ ၂၇