တန်ဇန်းနီးယားတွင် ဆီဘောက်ဆာကားပေါက်ကွဲသဖြင့် လူ ၆၀ ကျော် မီးလောင်သေဆုံး

တန်ဇန်းနီးယားတွင်  ဆီဘောက်ဆာကားပေါက်ကွဲသဖြင့် လူ ၆၀ ကျော် မီးလောင်သေဆုံး

ဆီသယ်လာတဲ့ ဆီဘောက်ဆာကားတစ်စီး ပေါက်ကွဲမီးလောင်ခဲ့သဖြင့် အနည်းဆုံး လူ ၆၀ ခန့်သေဆုံးကာ ၇၀ ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။

တန်ဇန်နီးယားစီးပွားရေးမြို့တော် မိုရိုဂိုရိုကနေအနောက်ဘက်  ၁၂၅မိုင်အကွာ(ကီလိမီတာ ၂၀၀)မှာ ရှိတဲ့ ဒါ့ရာဆလမ်မှာ ကားတစ်စီးထဲ ဆီပိုက်နဲ့ ဆီထည့်ရာမှာ မီးပွင့်ပြီး ထတောက်ရာကနေ ပေါက် ကွဲခဲ့တာပါ။

လူမှုကွန်ရက်မီဒီယာတွေမှာ ဖော်ပြနေတဲ့ ဗီဒီယိုတွေမှာ ဒါဇင်နဲ့ချီတဲ့ လူငယ်အများ အပြား မီးလောင်နေတာကို တွေ့ရပြီး ပေါက်ကွဲမှုပြီးနောက်ပြသခဲ့တဲ့ ရုပ်သံပြကွက်တွေမှာကြီးမားတဲ့ လောင်စာဆီ အိုင်ကြီး တစ်ခုသ ဖွယ်ဖြစ်နေတာကို တွေ့ရပါတယ်။

အခင်းဖြစ်ပွားရာမှာရှိနေတဲ့ မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ ဒန်နီရယ်လ်နိုဂိုဂိုက သတင်းဌာနကို ပြောခဲ့ရာမှာ “ဖြစ်တာကတော်တော်လေးဆိုးတယ်။ဒီနေရာမှာ လူအတော်များများသေတယ်။ ဒီလိုအသေ အပျောက်များတာ ဆီခိုးလို့မဟုတ်ဘဲ  လူအသွားအလာများတဲ့နေရာမှာမို့လို့ ဖြစ်တာ”လို့ ပြောခဲ့ပါတယ်။

“မီးတောက်ကကြီးမားလွန်းတာ ကယ်ထုတ်ဖို့ အတွက် အခက်ခဲပါဘဲ။ မတော်တဆမှုဖြစ်ပွား တဲ့နေရာမှာ မီးပြန့်တာမြန်လွန်းတဲ့ အတွက် လူ ၆၀ /၇၀လောက်ဘဲ ကယ်ထုတ်နိုင်တာကို ကျွန်တော်မြင်ရတယ်”လို့ဆိုပါတယ်။

တန်ဇန်းနီးယာူးသမ္မတဂျွန်မက်ဂူဖူလီက သူအနေနဲ့ ဒီသတင်းကြောင့် တုန်လှုပ်ခြောက်ခြားပြီး ကြေကွဲဝမ်းနည်းရတယ်လို့ ၎င်းရဲ့ရုံးကနေ ထုတ်ပြန်တဲ့ ဝမ်းနည်းကြောင်းကြေညာချက်မှာ  ဖော်ပြခဲ့ပါတယ်။

Linko
Ref: theguardian
ဒိုဒိုမာ၊သြဂုတ် ၁၀

(  Zawgyi  )







Linko
Ref: theguardian
ဒိုဒိုမာ၊သြဂုတ် ၁၀