တရုတ်က ကိုရိုနာဗိုင်းရပ်ကြောင့် ကူးစက်မှု၊ သေဆုံးမှုတို့ကို စာရင်းလျှော့၍ ထုတ်ပြန်ဟု အမေရိကန် ထောက်လှမ်းရေးအစီရင်ခံစာတွင် စွပ်စွဲဖော်ပြ

တရုတ်က ကိုရိုနာဗိုင်းရပ်ကြောင့် ကူးစက်မှု၊ သေဆုံးမှုတို့ကို စာရင်းလျှော့၍ ထုတ်ပြန်ဟု အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွင် စွပ်စွဲဖော်ပြ

နိုင်ငံတွင်း ကိုရိုနာဗိုင်ရပ် ဖြစ်ပွားမှုနှင့် ပတ်သက်၍ တရုတ်အစိုးရက သေဆုံးသူနှင့် ရောဂါ ကူးစက်ခံရသူ အရေအတွက်များအပေါ် စာရင်းအမှားများကို ထုတ်ပြန်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာ တစ်ခု၏ သုံးသပ်ချက်ကို  Bloomberg သတင်းဌာနမှ ဧပြီ ၂ ရက်တွင် ဖော်ပြခဲ့ပါတယ်။

တရုတ်အစိုးရမှ ဖော်ပြခဲ့သည့် ကိန်းဂဏန်းများသည် အစစ်အမှန်မဟုတ်သလို အမှန်တကယ် သေဆုံးသူနှုန်းအား လျှော့၍ ဖော်ပြခဲ့ကြောင်း ထောက်လှမ်းရေး အစီရင်ခံစာတွင် ဖော်ပြထား သည်ဟု အမည်မဖော်လိုသူ အရာရှိ ၂ ဦး၏ ပြောဆိုချက်ကို Bloomberg က ဖော်ပြခဲ့ပါတယ်။

ရောဂါဖြစ်ပွားနေစဉ်အတွင်း တရုတ်အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် ဒုတိယသမ္မတ မိုက်ပင့်စ် က စီအင်န်အင်န် သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင်  ပြစ်တင် ဝေဖန်လိုက် ပါတယ်။

“တရုတ်အစိုးရအနေနဲ့ ပိုပြီးမှန်မှန်ကန်ကန် ထုတ်ပြန်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီလောက် ဆိုးရွားဖို့ မရှိပါဘူး” ဟု ပင့်စ်က ပြောပါတယ်။“တရုတ်နိုင်ငံမှာ ဒီရောဂါ စတင်ဖြစ်ပွားနေပြီ ဆိုတာကို ဒီဇင်ဘာလကျမှ ကျန်နဲ့ နိုင်ငံတွေက သိရပါတယ်။ ဒါပေမယ့် စပြီးဖြစ်တာ ကြာပြီဆိုတဲ့ အထောက်အထားတွေကို တွေ့ရပါတယ်။ သိတာ မတိုင်ခင် တစ်လကတည်းက  ဖြစ်နိုင်ပါတယ်” ဟု ပင့်စ်က ပြောပါတယ်။

တရုတ်နိုင်ငံက တရားဝင် ထုတ်ပြန်ထားသည့် သေဆုံး သူ အရေအတွက်မှာ ၃၀၀၀ ဝန်းကျင် ဖြစ်သော်လည်း သောင်းနှင့်ချီ၍ ရှိနိုင်ကြောင်း နယူးစ်ဝိခ်၏ သတင်းတစ်ပုဒ်မှာ ယခုသတင်းပတ် အစောပိုင်းက ဖော်ပြခဲ့ပါတယ်။

တရုတ်ကျန်းမာရေးကော်မရှင်က ကိုဗစ် ၁၉ ကူးစက်ခံရသူ ၃၆ ဦး ထပ်မံတွေ့ရှိကြောင်း ဧပြီ ၂ ရက်တွင် ထုတ်ပြန် ခဲ့ပါတယ်။ တရုတ်နိုင်ငံတွင်း ရောဂါဖြစ်ပွားမှု လျော့ကျသွားသော်လည်း လက္ခဏာမပြသည့် ဖြစ်ပွားမှုများကို ထည့်သွင်း မစဉ်းစားခဲ့သောကြောင့် ကူးစက်မှု ပြန်လည် ဦးမော့နိုင်လာနိုင်မည့် အပေါ် မေးခွန်းထုတ်မှုများလည်း ရှိနေပါတယ်။

တရုတ်နိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံရသူ ၈၁၅၅၄ ဦးနှင့် သေဆုံးသူ ၃၃၁၂ ဦးရှိကြောင်း သတင်းထုတ်ပြန် ထားပါတယ်။

Linko
Ref: The Times of Israel
နယူးယောက်၊ ဧပြီ ၂

(   Zawgyi   )

 ႏိုင္ငံတြင္း ကို႐ိုနာဗိုင္ရပ္ ျဖစ္ပြားမႈႏွင့္ ပတ္သက္၍ တ႐ုတ္အစိုးရက ေသဆုံးသူႏွင့္ ေရာဂါ ကူးစက္ခံရသူ အေရအတြက္မ်ားအေပၚ စာရင္းအမွားမ်ားကို ထုတ္ျပန္ခဲ့ေၾကာင္း အေမရိကန္ ေထာက္လွမ္းေရး အစီရင္ခံစာ တစ္ခု၏ သုံးသပ္ခ်က္ကို  Bloomberg သတင္းဌာနမွ ဧၿပီ ၂ ရက္တြင္ ေဖာ္ျပခဲ့ပါတယ္။

တ႐ုတ္အစိုးရမွ ေဖာ္ျပခဲ့သည့္ ကိန္းဂဏန္းမ်ားသည္ အစစ္အမွန္မဟုတ္သလို အမွန္တကယ္ ေသဆုံးသူႏႈန္းအား ေလွ်ာ့၍ ေဖာ္ျပခဲ့ေၾကာင္း ေထာက္လွမ္းေရး အစီရင္ခံစာတြင္ ေဖာ္ျပထား သည္ဟု အမည္မေဖာ္လိုသူ အရာရွိ ၂ ဦး၏ ေျပာဆိုခ်က္ကို Bloomberg က ေဖာ္ျပခဲ့ပါတယ္။

ေရာဂါျဖစ္ပြားေနစဥ္အတြင္း တ႐ုတ္အစိုးရ၏ လုပ္ေဆာင္ခ်က္မ်ားအေပၚ ဒုတိယသမၼတ မိုက္ပင့္စ္ က စီအင္န္အင္န္ သတင္းဌာနႏွင့္ ျပဳလုပ္သည့္ အင္တာဗ်ဴးတြင္  ျပစ္တင္ ေဝဖန္လိုက္ ပါတယ္။

“တ႐ုတ္အစိုးရအေနနဲ႔ ပိုၿပီးမွန္မွန္ကန္ကန္ ထုတ္ျပန္မယ္ဆိုရင္ ကြၽန္ေတာ္တို႔အေနနဲ႔ ဒီေလာက္ ဆိုး႐ြားဖို႔ မရွိပါဘူး” ဟု ပင့္စ္က ေျပာပါတယ္။“တ႐ုတ္ႏိုင္ငံမွာ ဒီေရာဂါ စတင္ျဖစ္ပြားေနၿပီ ဆိုတာကို ဒီဇင္ဘာလက်မွ က်န္နဲ႔ ႏိုင္ငံေတြက သိရပါတယ္။ ဒါေပမယ့္ စၿပီးျဖစ္တာ ၾကာၿပီဆိုတဲ့ အေထာက္အထားေတြကို ေတြ႕ရပါတယ္။ သိတာ မတိုင္ခင္ တစ္လကတည္းက  ျဖစ္ႏိုင္ပါတယ္” ဟု ပင့္စ္က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံက တရားဝင္ ထုတ္ျပန္ထားသည့္ ေသဆုံး သူ အေရအတြက္မွာ ၃၀၀၀ ဝန္းက်င္ ျဖစ္ေသာ္လည္း ေသာင္းႏွင့္ခ်ီ၍ ရွိႏိုင္ေၾကာင္း နယူးစ္ဝိခ္၏ သတင္းတစ္ပုဒ္မွာ ယခုသတင္းပတ္ အေစာပိုင္းက ေဖာ္ျပခဲ့ပါတယ္။

တ႐ုတ္က်န္းမာေရးေကာ္မရွင္က ကိုဗစ္ ၁၉ ကူးစက္ခံရသူ ၃၆ ဦး ထပ္မံေတြ႕ရွိေၾကာင္း ဧၿပီ ၂ ရက္တြင္ ထုတ္ျပန္ ခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံတြင္း ေရာဂါျဖစ္ပြားမႈ ေလ်ာ့က်သြားေသာ္လည္း လကၡဏာမျပသည့္ ျဖစ္ပြားမႈမ်ားကို ထည့္သြင္း မစဥ္းစားခဲ့ေသာေၾကာင့္ ကူးစက္မႈ ျပန္လည္ ဦးေမာ့ႏိုင္လာႏိုင္မည့္ အေပၚ ေမးခြန္းထုတ္မႈမ်ားလည္း ရွိေနပါတယ္။

တ႐ုတ္ႏိုင္ငံတြင္ ကိုဗစ္ ၁၉ ေရာဂါ ကူးစက္ခံရသူ ၈၁၅၅၄ ဦးႏွင့္ ေသဆုံးသူ ၃၃၁၂ ဦးရွိေၾကာင္း သတင္းထုတ္ျပန္ ထားပါတယ္။

Linko
Ref: The Times of Israel
နယူးေယာက္၊ ဧၿပီ ၂