တရုတ်က အမေရိကန် သံအမတ်ကို ဆင့်ခေါ်ပြီး ဟွာဝေး အမှုဆောင်အရာရှိကို ဖမ်းဆီးထိန်းသိမ်းထားမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်

တရုတ်က အမေရိကန် သံအမတ်ကို ဆင့်ခေါ်ပြီး ဟွာဝေး အမှုဆောင်အရာရှိကို ဖမ်းဆီးထိန်းသိမ်းထားမှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်

တနင်္ဂနွေနေ့ကပဲ အမေရိကန်ရဲ့ ဘေကျင်းသံအမတ်ကို တရုတ်နိုင်ငံက ဆင့်ခေါ်ပြီး ကနေဒါက တရုတ် အီလက်ထရွန်းနစ်ဘီလူးကြီး ဟွာဝေးရဲ့ အကြီးတန်းအမှုဆောင်အရာရှိကို ဝါရှင်တန်ကိုယ်စား ဖမ်းဆီးထိန်းသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်လိုက်သလို၊ သူမကို ဖမ်းဆီးဖို့ အမိန့်ကိုလည်း အမေရိကန်အနေနဲ့ ရုပ်သိမ်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီက ပြောကြားရာမှာတော့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး လီ ယူချန်း က ဟွာဝေး ဘဏ္ဍာရေးအရာရှိချုပ် မန်းဝမ်ကျိုး ကို ဖမ်းဆီးထားမှုနဲ့ ပတ်သက်ပြီး အမေရိကန် သံအမတ်ကြီး တယ်ရီ ဘရန်းစတက် ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်လိုက်တယ်လို့ ဆိုပါတယ်။

မန်း ကို အမေရိကန်ရဲ့ အီရန်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု စည်းမျဉ်းတွေကို ရှောင်လွှဲဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဒီဇင်ဘာ ၁ ရက်နေ့က ဗန်ကူးဗားမှာ လေယာဉ်ပြောင်းစီးနေတုန်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပဲ ဖြစ်ပါတယ်။

ဆင်ဟွာက ကိုးကားဖော်ပြရာမှာတော့ လီ က မန်း ကို ဖမ်းဆီးထိန်းသိမ်းမှုကို အလွန်အမင်း ဆိုးရွားတဲ့လုပ်ရပ်လို့ ပြောကြားလိုက်ပြီး သူမကို ဖမ်းဆီးမိန့်ကိုလည်း ချက်ချင်းပယ်ဖျက်ပေးဖို့ အမေရိကန်ကို တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ဒါ့အပြင် လီ က အမေရိကန်ပြည်ထောင်စုအနေနဲ့ သူ့ရဲ့ မှားယွင်းတဲ့ လုပ်ရပ်တွေကို ချက်ချင်း တည့်မတ်ပြင်ဆင်ဖို့ တိုက်တွန်းလိုက်သလို ဝါရှင်တန်ရဲ့ တုန့်ပြန်မှုအပါ်မှာ အခြေခံပြီး နောက်အဆင့်တွေကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

စနေနေ့က မန်း ဖမ်းဆီးထိန်းသိမ်းခံရမှုနဲ့ ပတ်သက်ပြီး ကနေဒါသံအမတ် ဂျွန်မက္ကလမ် ကို ဆင့်ခေါ်ပြီး သူမကို လွှတ်မပေးရင် ပြင်းထန်တဲ့ အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးပြီးနောက်မှာ အမေရိကန် သံအမတ်ကို ဆင့်ခေါ်မှု ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ကြေညာချက်ထဲမှာတော့ ကနေဒါ ဗြိတိသျှကိုလံဘီယာပြည်နယ်က မန်း ကို ဖမ်းဆီးထိန်းသိမ်းလိုက်လို့ တရုတ်နိုင်ငံသို့ ကုန်သွယ်ရေးမစ်ရှင်အဖွဲ့ စေလွှတ်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ဆိုပါတယ်။တရုတ်ကလည်း ကနေဒါနိုင်ငံသားတွေကို လက်တုန့်ပြန် ဖမ်းဆီးလာနိုင်တယ်လို့လည်း စိုးရိမ်မှုတွေ ထွက်ပေါ်လာနေပါတယ်။

NZT
အေဘီစီ
ဘေကျင်း၊ ဒီဇင်ဘာ - ၁၀

( Zawgyi )

တနဂၤေႏြေန႔ကပဲ အေမရိကန္ရဲ႕ ေဘက်င္းသံအမတ္ကို တ႐ုတ္ႏိုင္ငံက ဆင့္ေခၚၿပီး ကေနဒါက တ႐ုတ္ အီလက္ထ႐ြန္းနစ္ဘီလူးႀကီး ဟြာေဝးရဲ႕ အႀကီးတန္းအမႈေဆာင္အရာရွိကို ဝါရွင္တန္ကိုယ္စား ဖမ္းဆီးထိန္းသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္လိုက္သလို၊ သူမကို ဖမ္းဆီးဖို႔ အမိန႔္ကိုလည္း အေမရိကန္အေနနဲ႔ ႐ုပ္သိမ္းေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။

ႏိုင္ငံပိုင္ ဆင္ဟြာသတင္းေအဂ်င္စီက ေျပာၾကားရာမွာေတာ့ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီး လီ ယူခ်န္း က ဟြာေဝး ဘ႑ာေရးအရာရွိခ်ဳပ္ မန္းဝမ္က်ိဳး ကို ဖမ္းဆီးထားမႈနဲ႔ ပတ္သက္ၿပီး အေမရိကန္ သံအမတ္ႀကီး တယ္ရီ ဘရန္းစတက္ ကို ျပင္းျပင္းထန္ထန္ ဆန႔္က်င္ကန႔္ကြက္လိုက္တယ္လို႔ ဆိုပါတယ္။

မန္း ကို အေမရိကန္ရဲ႕ အီရန္အေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈ စည္းမ်ဥ္းေတြကို ေရွာင္လႊဲဖို႔ ႀကိဳးစားခဲ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ဒီဇင္ဘာ ၁ ရက္ေန႔က ဗန္ကူးဗားမွာ ေလယာဥ္ေျပာင္းစီးေနတုန္းမွာ ဖမ္းဆီးထိန္းသိမ္းခဲ့တာပဲ ျဖစ္ပါတယ္။

ဆင္ဟြာက ကိုးကားေဖာ္ျပရာမွာေတာ့ လီ က မန္း ကို ဖမ္းဆီးထိန္းသိမ္းမႈကို အလြန္အမင္း ဆိုး႐ြားတဲ့လုပ္ရပ္လို႔ ေျပာၾကားလိုက္ၿပီး သူမကို ဖမ္းဆီးမိန႔္ကိုလည္း ခ်က္ခ်င္းပယ္ဖ်က္ေပးဖို႔ အေမရိကန္ကို ေတာင္းဆိုခဲ့တယ္လို႔ ဆိုပါတယ္။ဒါ့အျပင္ လီ က အေမရိကန္ျပည္ေထာင္စုအေနနဲ႔ သူ႔ရဲ႕ မွားယြင္းတဲ့ လုပ္ရပ္ေတြကို ခ်က္ခ်င္း တည့္မတ္ျပင္ဆင္ဖို႔ တိုက္တြန္းလိုက္သလို ဝါရွင္တန္ရဲ႕ တုန႔္ျပန္မႈအပၚမွာ အေျခခံၿပီး ေနာက္အဆင့္ေတြကို ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔လည္း ေျပာၾကားခဲ့ပါတယ္။

စေနေန႔က မန္း ဖမ္းဆီးထိန္းသိမ္းခံရမႈနဲ႔ ပတ္သက္ၿပီး ကေနဒါသံအမတ္ ဂြၽန္မကၠလမ္ ကို ဆင့္ေခၚၿပီး သူမကို လႊတ္မေပးရင္ ျပင္းထန္တဲ့ အက်ိဳးဆက္ေတြကို ရင္ဆိုင္ရလိမ့္မယ္လို႔ သတိေပးၿပီးေနာက္မွာ အေမရိကန္ သံအမတ္ကို ဆင့္ေခၚမႈ ေပၚေပါက္လာခဲ့တာပဲ ျဖစ္ပါတယ္။

တနဂၤေႏြေန႔က ေၾကညာခ်က္ထဲမွာေတာ့ ကေနဒါ ၿဗိတိသွ်ကိုလံဘီယာျပည္နယ္က မန္း ကို ဖမ္းဆီးထိန္းသိမ္းလိုက္လို႔ တ႐ုတ္ႏိုင္ငံသို႔ ကုန္သြယ္ေရးမစ္ရွင္အဖြဲ႕ ေစလႊတ္မယ့္ အစီအစဥ္ကို ဖ်က္သိမ္းလိုက္တယ္လို႔ ဆိုပါတယ္။တ႐ုတ္ကလည္း ကေနဒါႏိုင္ငံသားေတြကို လက္တုန႔္ျပန္ ဖမ္းဆီးလာႏိုင္တယ္လို႔လည္း စိုးရိမ္မႈေတြ ထြက္ေပၚလာေနပါတယ္။

NZT
ေအဘီစီ
ေဘက်င္း၊ ဒီဇင္ဘာ - ၁၀