တရုတ်(တိုင်ပေ)ရှိ ထိုင်နန်မြို့မှာ ရေကြီးရေလျှံမှုဖြစ်လို့ ကျောင်းတွေနဲ့ ရုံးတွေ ပိတ်ထားရ

တရုတ်(တိုင်ပေ)ရှိ ထိုင်နန်မြို့မှာ ရေကြီးရေလျှံမှုဖြစ်လို့ ကျောင်းတွေနဲ့ ရုံးတွေ ပိတ်ထားရ

တရုတ်(တိုင်ပေ)အနောက်တောင်ပိုင်းမှာရှိတဲ့ ထိုင်နန်မြို့ရေကြီးရေလျှံမှုဖြစ်လို့ ဒီကနေ့မှာ ကျောင်းတွေနဲ့ ရုံးတွေပိတ်ထားရပါတယ်။ သြဂုတ်လ ၁၂ရက်မနက်ပိုင်းကစလို့ ဒီကနေ့မနက်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် အထူးသဖြင့်ထိုင်နန်မြို့တောင်ပိုင်းက အနိမ့်ပိုင်းနယ်မြေ တချို့ှမှာ ရေကြီးရေလျှံမှုဖြစ်နေတယ်လို့ ဆိုပါတယ်။

ရေကြီးမှုကြောင့် လမ်းတွေရေမြုပ်နေသလို၊ စတိုးဆိုင်တွေမှာလည်း ရေကြီးနေတာ တွေ့ရပါတယ်။ ‘မနက် ၃ နာရီလောက်ကတည်းက ဆိုင်ထဲ ရေတွေဝင်လာတာပါ။ ရေတားကိရိယာတွေသုံးပေမဲ့ ဒီမနက်အထိ ရေတွေအဆက်မပြတ်ဝင်နေတုန်းပဲ’လို့ စတိုးဆိုင်ပိုင်ရှင်တစ်ဦးကလည်း CNA သတင်းကို ပြောပါတယ်။ မြို့အုပ်ချုပ်ရေးပိုင်းအနေနဲ့လည်း ဒီမနက် ၅နာရီလောက်ကတည်းက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင် လုပ်ဆောင်နေ ပါတယ်။ ရေကြီးမှုကြောင့် သွားလာရေးခက်ခဲနေလို့ ကျောင်းတွေနဲ့ ရုံးတွေကိုလည်း သက်ဆိုင်ရာက ပိတ်ပေးခဲ့ပါတယ်။

အနီးတဝိုက်က Kaohsiungမြို့မှာဆိုရင်လည်း ဒီကနေ့မနက်အစောပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် Gangshan၊ Hunei ဒေသတွေမှာပါ ရေတွေကြီးနေပါတယ်။ ဒေသအများစုက အိမ်ခြေ ၃၈၀၀ နီးပါး လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေတယ်လို့ သိရပါတယ်။ အလားတူ Pingtungကောင်တီမှာလည်း မိုးသည်းမုန်တိုင်းကြောင့် ဓာတ်အားလိုင်တွေပျက်စီးခဲ့ရပြီး၊ လျှပ်စစ်မီးပြတ်တောက်မှုတွေရှိနေပါတယ်။ တောင်ထူထပ်တဲ့ဒေသဖြစ်တဲ့ Chunri မြို့နယ်မှာလည်း တောင်ပတ်လမ်းတချို့ မြေပြိုတာတွေရှိလို့ ကျောင်းတွေနဲ့ ရုံးတွေပိတ်ထားရပါတယ်။ တရုတ်(တိုင်ပေ)အလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ ဒီကနေ့နှောင်းပိုင်းအထိ မိုးဆက်လက်ရွာသွန်းနိုင်ပြီး၊ တဖြည်းဖြည်း အားပျော့လာနိုင်တယ်လို့ ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။

ရည်မွန်
Ref: Focus Taiwan
တရုတ်(တိုင်ပေ)၊ သြဂုတ် ၁၃

(  Zawgyi  )

 တ႐ုတ္(တိုင္ေပ)အေနာက္ေတာင္ပိုင္းမွာရွိတဲ့ ထိုင္နန္ၿမိဳ႕ေရႀကီးေရလွ်ံမႈျဖစ္လို႔ ဒီကေန႔မွာ ေက်ာင္းေတြနဲ႔ ႐ုံးေတြပိတ္ထားရပါတယ္။ ၾသဂုတ္လ ၁၂ရက္မနက္ပိုင္းကစလို႔ ဒီကေန႔မနက္အထိ မိုးသည္းထန္စြာ႐ြာသြန္းခဲ့မႈေၾကာင့္ အထူးသျဖင့္ထိုင္နန္ၿမိဳ႕ေတာင္ပိုင္းက အနိမ့္ပိုင္းနယ္ေျမ တခ်ိဳ႕ွမွာ ေရႀကီးေရလွ်ံမႈျဖစ္ေနတယ္လို႔ ဆိုပါတယ္။

ေရႀကီးမႈေၾကာင့္ လမ္းေတြေရျမဳပ္ေနသလို၊ စတိုးဆိုင္ေတြမွာလည္း ေရႀကီးေနတာ ေတြ႕ရပါတယ္။ ‘မနက္ ၃ နာရီေလာက္ကတည္းက ဆိုင္ထဲ ေရေတြဝင္လာတာပါ။ ေရတားကိရိယာေတြသုံးေပမဲ့ ဒီမနက္အထိ ေရေတြအဆက္မျပတ္ဝင္ေနတုန္းပဲ’လို႔ စတိုးဆိုင္ပိုင္ရွင္တစ္ဦးကလည္း CNA သတင္းကို ေျပာပါတယ္။ ၿမိဳ႕အုပ္ခ်ဳပ္ေရးပိုင္းအေနနဲ႔လည္း ဒီမနက္ ၅နာရီေလာက္ကတည္းက အေရးေပၚကယ္ဆယ္ေရးလုပ္ငန္းေတြ စတင္ လုပ္ေဆာင္ေန ပါတယ္။ ေရႀကီးမႈေၾကာင့္ သြားလာေရးခက္ခဲေနလို႔ ေက်ာင္းေတြနဲ႔ ႐ုံးေတြကိုလည္း သက္ဆိုင္ရာက ပိတ္ေပးခဲ့ပါတယ္။

အနီးတဝိုက္က Kaohsiungၿမိဳ႕မွာဆိုရင္လည္း ဒီကေန႔မနက္အေစာပိုင္းအထိ မိုးသည္းထန္စြာ႐ြာသြန္းခဲ့တာေၾကာင့္ Gangshan၊ Hunei ေဒသေတြမွာပါ ေရေတြႀကီးေနပါတယ္။ ေဒသအမ်ားစုက အိမ္ေျခ ၃၈၀၀ နီးပါး လွ်ပ္စစ္မီးေတြလည္း ျပတ္ေတာက္ေနတယ္လို႔ သိရပါတယ္။ အလားတူ Pingtungေကာင္တီမွာလည္း မိုးသည္းမုန္တိုင္းေၾကာင့္ ဓာတ္အားလိုင္ေတြပ်က္စီးခဲ့ရၿပီး၊ လွ်ပ္စစ္မီးျပတ္ေတာက္မႈေတြရွိေနပါတယ္။ ေတာင္ထူထပ္တဲ့ေဒသျဖစ္တဲ့ Chunri ၿမိဳ႕နယ္မွာလည္း ေတာင္ပတ္လမ္းတခ်ိဳ႕ ေျမၿပိဳတာေတြရွိလို႔ ေက်ာင္းေတြနဲ႔ ႐ုံးေတြပိတ္ထားရပါတယ္။ တ႐ုတ္(တိုင္ေပ)အလယ္ပိုင္းနဲ႔ ေတာင္ပိုင္းမွာ ဒီကေန႔ေႏွာင္းပိုင္းအထိ မိုးဆက္လက္႐ြာသြန္းႏိုင္ၿပီး၊ တျဖည္းျဖည္း အားေပ်ာ့လာႏိုင္တယ္လို႔ ခန႔္မွန္းခ်က္ထုတ္ျပန္ထားပါတယ္။

ရည္မြန္
Ref: Focus Taiwan
တ႐ုတ္(တိုင္ေပ)၊ ၾသဂုတ္ ၁၃