တရုတ်တွင် ကလေးမွေးဖွားမှုနှုန်း နှစ် ၆၀ နီးပါးအတွင်း အနိမ့်ဆုံးသို့ ကျဆင်း

တရုတ်တွင် ကလေးမွေးဖွားမှုနှုန်း နှစ် ၆၀ နီးပါးအတွင်း အနိမ့်ဆုံးသို့ ကျဆင်း

တရုတ်နိုင်ငံတွင်း ၂၀၁၉ ခုနှစ်အတွင်း ကလေးငယ် မွေးဖွားမှုသည် နှစ်ပေါင်း ၆၀ နီးပါးအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ရာ ကမ္ဘာ့ လူဦးရေ အများဆုံးနိုင်ငံ၏ လူဦးရေ အခြေအနေ အပြောင်းအလဲဖြစ်သွားနိုင်သလို စီးပွားရေး ရှင်သန်ရေးအတွက်လည်း ခြိမ်းခြောက် မှုတစ်ရပ် ဖြစ်လာနိုင်ပါတယ်။

ယမန်နှစ်က ကလေးငယ် ၁၄ ဒသမ ၆ သန်းခန့် မွေးဖွားခဲ့ကြောင်း အမျိုးသားစာရင်းအင်းဗျူရို၏ ကိန်းဂဏန်းများမှာ ဖော်ပြထားရာ ၂၀၁၈ ခုနှစ်ထက် ၄ ရာခိုင်နှုန်းနီးပါး လျော့နည်းခဲ့ပြီး ၁၉၆၁ ခုနှစ် နောက်ပိုင်း အနိမ့်ဆုံးလည်း ဖြစ်ပါတယ်။  တရုတ်နိုင်ငံ တွင် လူသန်းနှင့်ချီ၍ သေဆုံးစေခဲ့သော အငတ်ဘေးဒဏ်ကြုံတွေ့ခဲ့ရသည့်ကာလ၏ နောက်ဆုံးနှစ်ဖြစ်သည့် ၁၉၆၁ ခုနှစ်တွင် မွေးဖွားသည့် ကလေးငယ် အရေအတွက် ၁၁ ဒသမ ၈ သန်းသာရှိခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ ကလေးမွေးဖွားမှုနှုန်းသည် ၃ နှစ်ဆက်တိုက် ကျဆင်းခဲ့ခြင်း ဖြစ်ကာ အစိုးရက တစ်မိသားစု ကလေးငယ်တစ်ဦးသာ ယူရမည့် မူဝါဒကို ရပ်ဆိုင်းကာ ၂ ဦးအထိ ခွင့်ပြုလိုက်သည့် နောက်တစ်နှစ် ၂၀၁၆ ခုနှစ်တွင် မွေးဖွားနှုန်း အနည်းငယ် မြင့်တက်ခဲ့ ပါတယ်။

ယင်းကဲ့သို့ တိုးမြှင့်ခွင့်ပြုလိုက်သောကြောင့် မွေးဖွားမှု ပြန်လည်မြင့်တက်လာမည်ဟု တာဝန်ရှိသူများက မျှော်လင့်ခဲ့သော်လည်း  အမှန်တကယ်ဖြစ်မလာခဲ့ပေ။ယခုကဲ့သို့ ကလေးမွေးဖွားမှု ကျဆင်းရသည့် အကြောင်းရင်းများတွင် ပညာတတ်အမျိုးသမီးများက လုပ်ငန်းခွင် သို့ ဝင်ရောက်ကြပြီး ငွေကြေးလုံလောက်ရေးအတွက် အိမ်ထောင်ပြုရန် မလိုဟု ခံယူလာသောကြောင့် ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောပါတယ်။

တရုတ်အိမ်ထောင်သည်အများအပြားအနေဖြင့် မြင့်မားလာသည့် နေထိုင်မှုစရိတ်ကို မတတ်နိုင်ခြင်းနှင့် အလုပ်အတွက် အချိန်နှင့် အင်အားများ ပိုမိုလိုအပ်လာခြင်းတို့ကြောင့် ကလေးမွေးဖွားခြင်းအတွက် သဘောထားများ ပြောင်းလဲလာခြင်း ဖြစ်ပါတယ်။သက်ကြီးရွယ်အိုများက ၎င်းတို့၏ မိသားစုများကို များစွာ မှီခိုနေရသည့် နိုင်ငံတွင် ကလေးမွေးဖွားမှု ဆက်တိုက်ကျဆင်းနေခြင်းကြောင့် လာမည့် ဆယ်စုနှစ်များတွင် ကြီးမားသည့် သက်ရောက်မှုများ ဖြစ်လာနိုင်ပါတယ်။

Linko
Ref: The New York Times

(  Zawgyi  )

 တ႐ုတ္ႏိုင္ငံတြင္း ၂၀၁၉ ခုႏွစ္အတြင္း ကေလးငယ္ ေမြးဖြားမႈသည္ ႏွစ္ေပါင္း ၆၀ နီးပါးအတြင္း အနိမ့္ဆုံးသို႔ ေရာက္ရွိခဲ့ရာ ကမာၻ႔ လူဦးေရ အမ်ားဆုံးႏိုင္ငံ၏ လူဦးေရ အေျခအေန အေျပာင္းအလဲျဖစ္သြားႏိုင္သလို စီးပြားေရး ရွင္သန္ေရးအတြက္လည္း ၿခိမ္းေျခာက္ မႈတစ္ရပ္ ျဖစ္လာႏိုင္ပါတယ္။

ယမန္ႏွစ္က ကေလးငယ္ ၁၄ ဒသမ ၆ သန္းခန႔္ ေမြးဖြားခဲ့ေၾကာင္း အမ်ိဳးသားစာရင္းအင္းဗ်ဴ႐ို၏ ကိန္းဂဏန္းမ်ားမွာ ေဖာ္ျပထားရာ ၂၀၁၈ ခုႏွစ္ထက္ ၄ ရာခိုင္ႏႈန္းနီးပါး ေလ်ာ့နည္းခဲ့ၿပီး ၁၉၆၁ ခုႏွစ္ ေနာက္ပိုင္း အနိမ့္ဆုံးလည္း ျဖစ္ပါတယ္။  တ႐ုတ္ႏိုင္ငံ တြင္ လူသန္းႏွင့္ခ်ီ၍ ေသဆုံးေစခဲ့ေသာ အငတ္ေဘးဒဏ္ႀကဳံေတြ႕ခဲ့ရသည့္ကာလ၏ ေနာက္ဆုံးႏွစ္ျဖစ္သည့္ ၁၉၆၁ ခုႏွစ္တြင္ ေမြးဖြားသည့္ ကေလးငယ္ အေရအတြက္ ၁၁ ဒသမ ၈ သန္းသာရွိခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံ၏ ကေလးေမြးဖြားမႈႏႈန္းသည္ ၃ ႏွစ္ဆက္တိုက္ က်ဆင္းခဲ့ျခင္း ျဖစ္ကာ အစိုးရက တစ္မိသားစု ကေလးငယ္တစ္ဦးသာ ယူရမည့္ မူဝါဒကို ရပ္ဆိုင္းကာ ၂ ဦးအထိ ခြင့္ျပဳလိုက္သည့္ ေနာက္တစ္ႏွစ္ ၂၀၁၆ ခုႏွစ္တြင္ ေမြးဖြားႏႈန္း အနည္းငယ္ ျမင့္တက္ခဲ့ ပါတယ္။

ယင္းကဲ့သို႔ တိုးျမႇင့္ခြင့္ျပဳလိုက္ေသာေၾကာင့္ ေမြးဖြားမႈ ျပန္လည္ျမင့္တက္လာမည္ဟု တာဝန္ရွိသူမ်ားက ေမွ်ာ္လင့္ခဲ့ေသာ္လည္း  အမွန္တကယ္ျဖစ္မလာခဲ့ေပ။ယခုကဲ့သို႔ ကေလးေမြးဖြားမႈ က်ဆင္းရသည့္ အေၾကာင္းရင္းမ်ားတြင္ ပညာတတ္အမ်ိဳးသမီးမ်ားက လုပ္ငန္းခြင္ သို႔ ဝင္ေရာက္ၾကၿပီး ေငြေၾကးလုံေလာက္ေရးအတြက္ အိမ္ေထာင္ျပဳရန္ မလိုဟု ခံယူလာေသာေၾကာင့္ ျဖစ္ေၾကာင္း ကြၽမ္းက်င္သူမ်ားက ေျပာပါတယ္။

တ႐ုတ္အိမ္ေထာင္သည္အမ်ားအျပားအေနျဖင့္ ျမင့္မားလာသည့္ ေနထိုင္မႈစရိတ္ကို မတတ္ႏိုင္ျခင္းႏွင့္ အလုပ္အတြက္ အခ်ိန္ႏွင့္ အင္အားမ်ား ပိုမိုလိုအပ္လာျခင္းတို႔ေၾကာင့္ ကေလးေမြးဖြားျခင္းအတြက္ သေဘာထားမ်ား ေျပာင္းလဲလာျခင္း ျဖစ္ပါတယ္။သက္ႀကီး႐ြယ္အိုမ်ားက ၎တို႔၏ မိသားစုမ်ားကို မ်ားစြာ မွီခိုေနရသည့္ ႏိုင္ငံတြင္ ကေလးေမြးဖြားမႈ ဆက္တိုက္က်ဆင္းေနျခင္းေၾကာင့္ လာမည့္ ဆယ္စုႏွစ္မ်ားတြင္ ႀကီးမားသည့္ သက္ေရာက္မႈမ်ား ျဖစ္လာႏိုင္ပါတယ္။

Linko
Ref: The New York Times