" တရုတ်နိုင်ငံကို သွားမေး”ဟု သတင်းထောက်ကိုငေါက်ငန်းကာ ရှင်းလင်းပွဲမှ ထရမ့်ထပြန်

" တရုတ်နိုင်ငံကို သွားမေး”ဟု သတင်းထောက်ကိုငေါက်ငန်းကာ ရှင်းလင်းပွဲမှ ထရမ့်ထပြန်

တနင်္လာနေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် သမ္မတထရမ့်သည် အာရှ နွယ်ဖွား အမေရိကန်သတင်းထောက်တဦး၏ မေးခွန်းများနှင့် ရင်ဆိုင်ရပြီးနောက် သတင်းစာ ရှင်းလင်းပွဲကို ရုတ်တရက် ရပ်ဆိုင်းလိုက်သည်။ “ကျနော့် ကို အဲဒီမေးခွန်းလာ

မမေးနဲ့ ။ တရုတ် နိုင်ငံကို သွားမေး” ဟုလည်း ထရမ့်က ထိုသတင်းထောက်ကိုပြောသည်။

ထရမ့်သည် ဧပြီလ ၂၇ ရက်နေ့နောက်ပိုင်း အိမ်ဖြူတော် နှင်းဆီဥယာဉ်တွင် သူ၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲကို အမေရိကန်အလံနောက်ခံဖြင့် ကျင်းပခဲ့သည်။ ထိုသတင်းစာ ရှင်းလင်းပွဲ တွင် ထရမ့်က ရောဂါစစ်ဆေးရေး ကိရိယာများ၊ စစ်ဆေးမှု နမူနာများနှင့် “ရောဂါ ရှာဖွေ စစ်ဆေးမှုတွင် အမေရိကက ကမ္ဘာကို ဦးဆောင်သည်” ဟူသည့် စာတန်းများကိုလည်း ချိတ်ဆွဲထားသည်။

အမေးအဖြေကဏ္ဍသို့ရောက်သောအခါ CBS သတင်းဌာနမှ အိမ်ဖြူတော်သတင်းထောက် Weijia Jiang က ရောဂါရှာဖွေစစ်ဆေးမှုနှင့်ပတ်သက်လျှင် အမေရိကန်ပြည်ထောင်စုသည် အခြားနိုင်ငံများထက်ပိုမိုကောင်းမွန်ကြောင်းကို သမ္မတက မည်သည့်အတွက် အမြဲတမ်း အလေးထား ပြောဆိုနေပါသနည်းဟု မေးသည်။

“အဲဒီလိုလုပ်ဖို့အရေးကြီးလား။ အမေရိကန်ပြည်သူတွေ နေ့စဉ် အသက်တွေဆုံးရှုံးပြီး နေ့တိုင်း ရောဂါဖြစ်ပွားမှုတိုးလာနေချိန်မှာ ဒီကိစ္စက ဘာကြောင့် သမ္မတကြီးအတွက် ကမ္ဘာ့ပြိုင်ပွဲကြီး ဖြစ်နေရတာလဲ” ဟုလည်း ထိုသတင်းထောက်ကမေးသည်။

ထရမ့်က “လူတွေကတော့ တကမ္ဘာလုံး နေရာတိုင်းမှာသေနေတာပဲ။ ဒီမေးခွန်းက ခင်များအနေနဲ့ တရုတ်နိုင်ငံကိုမေးသင့်တဲ့မေးခွန်း။ ကျနော့်ကိုလာမမေးနဲ့။ တရုတ်နိုင်ငံကိုအဲဒါသွားမေး။ တရုတ်ကို ဒီမေးခွန်းမေးရင် ခင်များအနေနဲ့ အင်မတန်ထူးခြားတဲ့ အဖြေရနိုင်တယ်” ဟု ပြောသည်။

ထိုနောက် ထရမ့်က မေးခွန်းမေးရန် CNN သတင်းဌာနမှ Kaitlan Collins ကိုအလှည့်ပေး သော်လည်း Jiang က “သမ္မတကြီး ကျမကိုမှ ဘာကြောင့်ဒီလိုပြောရတာလဲ” ဆက်မေးသည်။
သမ္မတထရမ့်က “ငါဘယ်သူ့ကိုမှ ရည်ရွယ်ပြောနေတာမဟုတ်ဘူး။ အဲဒီလိုစုတ်ပြတ်တဲ့ မေးခွန်း မေးတဲ့သူ ဘယ်သူမဆိုအတွက် ပြောနေတာ” ဟု ပြန်လည်တုံ့ပြန်သည်။ “ဒါက စုတ်ပြတ်တဲ့ မေးခွန်း မဟုတ်ပါဘူး” ဟု CBS သတင်းထောက်ကပြောသည်။

ထိုနောက် မိုက်ခရိုဖုန်းသို့ရောက်လာသော Collins က သူမ၏ မေးခွန်းများကို မေးရန် ကြိုးစား သော်လည်း ထရမ့်က သူသည်နောက်ဖက်မှ လူတယောက်ကို ရှာနေကြောင်းပြောသည်။  ထိုနောက် Collins ကကန့်ကွက်နေသည့်ကြားမှ ထရမ့်သည် ထမတ်တတ်ရပ်ပြီး စင်မြင့်မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။

ထရမ့်သည် သတင်းစာရှင်းလင်းပွဲများတွင် အမျိုသမီးများ အထူးသဖြင့် အသားရောင်နှင့် ပတ်သက်သည့် အမျိုးသမီးများအပေါ် ရိုင်းဆိုင်းခြင်း၊ ဆရာလုပ်ခြင်းများကြောင့် မကြာခဏ ဝေဖန်ခံရသူဖြစ်သည်။ Jiang သည် တရုတ်နိုင်ငံတွင် မွေးဖွားသူဖြစ်သော်လည်း နှစ်နှစ်သမီးကပင် အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ အခြေချ နေထိုင်သူဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၏ ရောဂါရှာဖွေ စမ်းသပ်နိုင်သော စွမ်းရည်သည် ကမ္ဘာတွင် ပြိုင်ဖက် မရှိကြောင်းနှင့် ခြေဖျားပင်မီသူ မရှိကြောင်း ထိုသတင်းစာရှင်းလင်းပွဲ အစောပိုင်းက ထရမ့် ပြောသည်။ ရောဂါရှာဖွေ စမ်းသပ်မှု ၉ သန်းကျော်လုပ်ခဲ့ကြောင်း၊ လွန်ခဲ့သော သုံးပါတ်က တရက်လျှင် ရောဂါရှာဖွေစစ်ဆေးမှု ၁၅၀၀၀၀ လုပ်ခဲ့ပြီး ယခုအခါ တရက်လျှင် ၃ သိန်းကျော် လုပ်ဆောင်နေကြောင်းနှင့် ထိုထက် ပိုမိုလုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ထရမ့်ပြောသည်။

ယခုအပါတ်အထိ အမေရိကန်ပြည်ထောင်စုတွင် ရောဂါရှာဖွေစစ်ဆေးမှု ၁၀ သန်းလုပ် ဆောင်ပြီး ဖြစ်ကြောင်း၊ အခြားမည်သည့်နိုင်ငံထက်မဆို နှစ်ဆပိုမိုများပြားကြောင်းနှင့် လူဦးရေ အချိုး အစားအရ တောင်ကိုရီးယား၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဆွီဒင်၊ ဖင်လန်နှင့် အခြားနိုင်ငံ အများအပြားထက်သာလွန်ကြောင်းသူပြောသည်။

သို့သော် တောင်ကိုရီးယားသည် ၎င်းတို့၏ စမ်းသပ်မှုများကို များစွာပိုမိုလျှင်မြန်စွာ ပြုလုပ် ခဲ့ကြောင်း ဝေဖန်သူများက ထောက်ပြကြသည်။ စမ်းသပ်မှု စွမ်းရည်မြှင့်တင်ရေးအတွက် သူ၏ အစိုးရသည် ပြည်နယ်များနှင့်ပိုင်နက်များသို့ အမေရိကန်ဒေါ်လာ ၁၁ ဘီလျှံပေးပို့မည် ဖြစ် ကြောင်း ပြောသော်လည်း ကျွမ်းကျင်သူအများ တောင်းဆိုနေသည့် အမျိုးသား ရောဂါရှာဖွေ စစ်ဆေးရေး သေနင်္ဂဗျူဟာကို ထုတ်ဖေါ်ပြောဆိုခြင်းမရှိပေ။

မည်သူမဆို ယခုချက်ခြင်းရောဂါရှာဖွေလိုပါက ချက်ခြင်းစစ်ဆေးပေးမည်ဟု ထရမ့်က သတင်း စာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

Linko
Ref:aa.com.tr
ဝါရှင်တန်၊မေ ၁၂

(  Zawgyi  )

 တနလၤာေန႔က က်င္းပသည့္ သတင္းစာရွင္းလင္းပြဲတြင္ အေမရိကန္ သမၼတထရမ့္သည္ အာရွ ႏြယ္ဖြား အေမရိကန္သတင္းေထာက္တဦး၏ ေမးခြန္းမ်ားႏွင့္ ရင္ဆိုင္ရၿပီးေနာက္ သတင္းစာ ရွင္းလင္းပြဲကို ႐ုတ္တရက္ ရပ္ဆိုင္းလိုက္သည္။ “က်ေနာ့္ ကို အဲဒီေမးခြန္းလာ

မေမးနဲ႔ ။ တ႐ုတ္ ႏိုင္ငံကို သြားေမး” ဟုလည္း ထရမ့္က ထိုသတင္းေထာက္ကိုေျပာသည္။

ထရမ့္သည္ ဧၿပီလ ၂၇ ရက္ေန႔ေနာက္ပိုင္း အိမ္ျဖဴေတာ္ ႏွင္းဆီဥယာဥ္တြင္ သူ၏ ပထမဆုံး သတင္းစာရွင္းလင္းပြဲကို အေမရိကန္အလံေနာက္ခံျဖင့္ က်င္းပခဲ့သည္။ ထိုသတင္းစာ ရွင္းလင္းပြဲ တြင္ ထရမ့္က ေရာဂါစစ္ေဆးေရး ကိရိယာမ်ား၊ စစ္ေဆးမႈ နမူနာမ်ားႏွင့္ “ေရာဂါ ရွာေဖြ စစ္ေဆးမႈတြင္ အေမရိကက ကမာၻကို ဦးေဆာင္သည္” ဟူသည့္ စာတန္းမ်ားကိုလည္း ခ်ိတ္ဆြဲထားသည္။

အေမးအေျဖက႑သို႔ေရာက္ေသာအခါ CBS သတင္းဌာနမွ အိမ္ျဖဴေတာ္သတင္းေထာက္ Weijia Jiang က ေရာဂါရွာေဖြစစ္ေဆးမႈႏွင့္ပတ္သက္လွ်င္ အေမရိကန္ျပည္ေထာင္စုသည္ အျခားႏိုင္ငံမ်ားထက္ပိုမိုေကာင္းမြန္ေၾကာင္းကို သမၼတက မည္သည့္အတြက္ အၿမဲတမ္း အေလးထား ေျပာဆိုေနပါသနည္းဟု ေမးသည္။

“အဲဒီလိုလုပ္ဖို႔အေရးႀကီးလား။ အေမရိကန္ျပည္သူေတြ ေန႔စဥ္ အသက္ေတြဆုံးရႈံးၿပီး ေန႔တိုင္း ေရာဂါျဖစ္ပြားမႈတိုးလာေနခ်ိန္မွာ ဒီကိစၥက ဘာေၾကာင့္ သမၼတႀကီးအတြက္ ကမာၻ႔ၿပိဳင္ပြဲႀကီး ျဖစ္ေနရတာလဲ” ဟုလည္း ထိုသတင္းေထာက္ကေမးသည္။

ထရမ့္က “လူေတြကေတာ့ တကမာၻလုံး ေနရာတိုင္းမွာေသေနတာပဲ။ ဒီေမးခြန္းက ခင္မ်ားအေနနဲ႔ တ႐ုတ္ႏိုင္ငံကိုေမးသင့္တဲ့ေမးခြန္း။ က်ေနာ့္ကိုလာမေမးနဲ႔။ တ႐ုတ္ႏိုင္ငံကိုအဲဒါသြားေမး။ တ႐ုတ္ကို ဒီေမးခြန္းေမးရင္ ခင္မ်ားအေနနဲ႔ အင္မတန္ထူးျခားတဲ့ အေျဖရႏိုင္တယ္” ဟု ေျပာသည္။

ထိုေနာက္ ထရမ့္က ေမးခြန္းေမးရန္ CNN သတင္းဌာနမွ Kaitlan Collins ကိုအလွည့္ေပး ေသာ္လည္း Jiang က “သမၼတႀကီး က်မကိုမွ ဘာေၾကာင့္ဒီလိုေျပာရတာလဲ” ဆက္ေမးသည္။
သမၼတထရမ့္က “ငါဘယ္သူ႔ကိုမွ ရည္႐ြယ္ေျပာေနတာမဟုတ္ဘူး။ အဲဒီလိုစုတ္ျပတ္တဲ့ ေမးခြန္း ေမးတဲ့သူ ဘယ္သူမဆိုအတြက္ ေျပာေနတာ” ဟု ျပန္လည္တုံ႔ျပန္သည္။ “ဒါက စုတ္ျပတ္တဲ့ ေမးခြန္း မဟုတ္ပါဘူး” ဟု CBS သတင္းေထာက္ကေျပာသည္။

ထိုေနာက္ မိုက္ခ႐ိုဖုန္းသို႔ေရာက္လာေသာ Collins က သူမ၏ ေမးခြန္းမ်ားကို ေမးရန္ ႀကိဳးစား ေသာ္လည္း ထရမ့္က သူသည္ေနာက္ဖက္မွ လူတေယာက္ကို ရွာေနေၾကာင္းေျပာသည္။  ထိုေနာက္ Collins ကကန႔္ကြက္ေနသည့္ၾကားမွ ထရမ့္သည္ ထမတ္တတ္ရပ္ၿပီး စင္ျမင့္မွ ျပန္လည္ထြက္ခြာသြားခဲ့သည္။

ထရမ့္သည္ သတင္းစာရွင္းလင္းပြဲမ်ားတြင္ အမ်ိဳသမီးမ်ား အထူးသျဖင့္ အသားေရာင္ႏွင့္ ပတ္သက္သည့္ အမ်ိဳးသမီးမ်ားအေပၚ ႐ိုင္းဆိုင္းျခင္း၊ ဆရာလုပ္ျခင္းမ်ားေၾကာင့္ မၾကာခဏ ေဝဖန္ခံရသူျဖစ္သည္။ Jiang သည္ တ႐ုတ္ႏိုင္ငံတြင္ ေမြးဖြားသူျဖစ္ေသာ္လည္း ႏွစ္ႏွစ္သမီးကပင္ အေမရိကန္ျပည္ေထာင္စုသို႔ ေျပာင္းေ႐ႊ႕ အေျခခ် ေနထိုင္သူျဖစ္သည္။

အေမရိကန္ျပည္ေထာင္စု၏ ေရာဂါရွာေဖြ စမ္းသပ္ႏိုင္ေသာ စြမ္းရည္သည္ ကမာၻတြင္ ၿပိဳင္ဖက္ မရွိေၾကာင္းႏွင့္ ေျခဖ်ားပင္မီသူ မရွိေၾကာင္း ထိုသတင္းစာရွင္းလင္းပြဲ အေစာပိုင္းက ထရမ့္ ေျပာသည္။ ေရာဂါရွာေဖြ စမ္းသပ္မႈ ၉ သန္းေက်ာ္လုပ္ခဲ့ေၾကာင္း၊ လြန္ခဲ့ေသာ သုံးပါတ္က တရက္လွ်င္ ေရာဂါရွာေဖြစစ္ေဆးမႈ ၁၅၀၀၀၀ လုပ္ခဲ့ၿပီး ယခုအခါ တရက္လွ်င္ ၃ သိန္းေက်ာ္ လုပ္ေဆာင္ေနေၾကာင္းႏွင့္ ထိုထက္ ပိုမိုလုပ္ေဆာင္မည္ျဖစ္ေၾကာင္းလည္း ထရမ့္ေျပာသည္။

ယခုအပါတ္အထိ အေမရိကန္ျပည္ေထာင္စုတြင္ ေရာဂါရွာေဖြစစ္ေဆးမႈ ၁၀ သန္းလုပ္ ေဆာင္ၿပီး ျဖစ္ေၾကာင္း၊ အျခားမည္သည့္ႏိုင္ငံထက္မဆို ႏွစ္ဆပိုမိုမ်ားျပားေၾကာင္းႏွင့္ လူဦးေရ အခ်ိဳး အစားအရ ေတာင္ကိုရီးယား၊ ၿဗိတိန္၊ ျပင္သစ္၊ ဂ်ာမဏီ၊ ဆြီဒင္၊ ဖင္လန္ႏွင့္ အျခားႏိုင္ငံ အမ်ားအျပားထက္သာလြန္ေၾကာင္းသူေျပာသည္။

သို႔ေသာ္ ေတာင္ကိုရီးယားသည္ ၎တို႔၏ စမ္းသပ္မႈမ်ားကို မ်ားစြာပိုမိုလွ်င္ျမန္စြာ ျပဳလုပ္ ခဲ့ေၾကာင္း ေဝဖန္သူမ်ားက ေထာက္ျပၾကသည္။ စမ္းသပ္မႈ စြမ္းရည္ျမႇင့္တင္ေရးအတြက္ သူ၏ အစိုးရသည္ ျပည္နယ္မ်ားႏွင့္ပိုင္နက္မ်ားသို႔ အေမရိကန္ေဒၚလာ ၁၁ ဘီလွ်ံေပးပို႔မည္ ျဖစ္ ေၾကာင္း ေျပာေသာ္လည္း ကြၽမ္းက်င္သူအမ်ား ေတာင္းဆိုေနသည့္ အမ်ိဳးသား ေရာဂါရွာေဖြ စစ္ေဆးေရး ေသနဂၤဗ်ဴဟာကို ထုတ္ေဖၚေျပာဆိုျခင္းမရွိေပ။

မည္သူမဆို ယခုခ်က္ျခင္းေရာဂါရွာေဖြလိုပါက ခ်က္ျခင္းစစ္ေဆးေပးမည္ဟု ထရမ့္က သတင္း စာ ရွင္းလင္းပြဲတြင္ ေျပာခဲ့သည္။

Linko
Ref:aa.com.tr
ဝါရွင္တန္၊ေမ ၁၂