တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရရှိဖို့အရေး အသင့်မဖြစ်သေးဟု အမေရိကန်သမ္မတဆို

တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရရှိဖို့အရေး အသင့်မဖြစ်သေးဟု အမေရိကန်သမ္မတဆို

အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေးဆွေးနွေးပွဲတွေ ပြန်စဖို့မျှော်လင့်နေပေမဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်က ပြောဆိုလိုက်ပါတယ်။     
                                                                  
‘အမေရိကန်အနေနဲ့ တရုတ်နဲ့ ဆွေးနွေးပြောဆိုနေပါတယ်။ ကုန်သွယ်ရေးသဘောတူညီချက်ရဖို့အတွက်တော့ ကျွန်တော်တို့ဘက်က အသင့်မဖြစ်သေးပါဘူး။ ဒါပေမဲ့လည်း ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်မှာပါ။  ထိခိုက်နစ်နာလာတာ  ၂၅ နှစ်၊ နှစ် ၃၀ လောက်ရှိခဲ့ပါပြီ။ ဘယ်သူမှလည်း ဒီကိစ္စ အရေးတယူမလုပ်ခဲ့ကြဘူး။ ဒါကြောင့်လည်း ကျွန်တော်တို့အခုလိုလုပ်ရုံကလွဲလို့ တခြားရွေးချယ်စရာနည်းလမ်း မရှိဘူး’လို့ သူက ဆိုပါတယ်။

သမ္မတထရမ့်ရဲ့အခုလိုပြောကြားချက်ကြောင့် ကုန်သွယ်ရေးဆွေးနွေးမှု ရှေ့မတိုးနောက်မဆုတ်ဖြစ်နေမှုကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှု ပိုမိုဆိုးရွားလာနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ ပိုပြီးမြင့်တက်လာနိုင်စရာရှိပါတယ်။

ရည်မွန်
Ref: New York Post
ဝါရှင်တန်၊ သြဂုတ် ၁၀

(  Zawgyi  )

 အေမရိကန္နဲ႔ တ႐ုတ္ကုန္သြယ္ေရးေဆြးေႏြးပြဲေတြ ျပန္စဖို႔ေမွ်ာ္လင့္ေနေပမဲ့ ကုန္သြယ္ေရးသေဘာတူညီခ်က္ရဖို႔ အဆင္သင့္မျဖစ္ေသးဘူးလို႔ အေမရိကန္သမၼတေဒၚနယ္လ္ထရမ့္က ေျပာဆိုလိုက္ပါတယ္။     
                                                                  
‘အေမရိကန္အေနနဲ႔ တ႐ုတ္နဲ႔ ေဆြးေႏြးေျပာဆိုေနပါတယ္။ ကုန္သြယ္ေရးသေဘာတူညီခ်က္ရဖို႔အတြက္ေတာ့ ကြၽန္ေတာ္တို႔ဘက္က အသင့္မျဖစ္ေသးပါဘူး။ ဒါေပမဲ့လည္း ဘာေတြျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္မွာပါ။  ထိခိုက္နစ္နာလာတာ  ၂၅ ႏွစ္၊ ႏွစ္ ၃၀ ေလာက္ရွိခဲ့ပါၿပီ။ ဘယ္သူမွလည္း ဒီကိစၥ အေရးတယူမလုပ္ခဲ့ၾကဘူး။ ဒါေၾကာင့္လည္း ကြၽန္ေတာ္တို႔အခုလိုလုပ္႐ုံကလြဲလို႔ တျခားေ႐ြးခ်ယ္စရာနည္းလမ္း မရွိဘူး’လို႔ သူက ဆိုပါတယ္။

သမၼတထရမ့္ရဲ႕အခုလိုေျပာၾကားခ်က္ေၾကာင့္ ကုန္သြယ္ေရးေဆြးေႏြးမႈ ေရွ႕မတိုးေနာက္မဆုတ္ျဖစ္ေနမႈေၾကာင့္ ကမာၻ႔စီးပြားေရးက်ဆင္းမႈ ပိုမိုဆိုး႐ြားလာႏိုင္တယ္ဆိုတဲ့ စိုးရိမ္စိတ္ေတြ ပိုၿပီးျမင့္တက္လာႏိုင္စရာရွိပါတယ္။

ရည္မြန္
Ref: New York Post
ဝါရွင္တန္၊ ၾသဂုတ္ ၁၀