တရုတ်နဲ့ ဆက်ဆံရေး လုံးဝဖြတ်တောက်ရင် အမေရိကန်အတွက် ဘီလျံ ၅၀၀ သက်သာမယ်လို့ ထရမ့်ပြော

တရုတ်နဲ့ ဆက်ဆံရေး လုံးဝဖြတ်တောက်ရင်   အမေရိကန်အတွက်  ဘီလျံ ၅၀၀ သက်သာမယ်လို့  ထရမ့်ပြော

တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အမေရိကန်ပြည်ထောင်စုလုံးဝဖြတ်တောက်နိုင်ကြောင်းနှင့် ထိုသို့ဖြတ်တောက်လိုက်ပါက အမေရိကန်နိုင်ငံအတွက် ဒေါ်လာ ၅၀၀ ဘီလျံ အကုန်အကျ သက်သာကြောင်း ကြာသပတေးနေ့က ထရမ့်ပြောကြားလိုက်သည်။

“ကျနော်တို့အနေနဲ့ လုပ်လို့ရတာတွေအများကြီးရှိတယ်။ ဆက်ဆံရေးကို လုံဝဖြတ်တောက် လိုက်လို့ရတယ်” ဟု ထရမ့်က Fox Business မှ အစီအစဉ် တင်ဆက်သူ Maria Bartiromo အား ကြာသပတေးနေ့ နံနက်တွင်ပြောသည်။

အမေရိကန်နှင့်အခြားနိုင်ငံအများအပြားတို့သည့် တရုတ်နိုင်ငံဝူဟန်တွင် စတင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံကို ပိုမိုဝေဖန်လာကြသည်။ တရုတ်နိုင်ငံ သည် ရောဂါဖြစ်ပွားမှု အတိုင်းအတာကို ဖုံးကွယ်ထားပြီး ထိုဗိုင်းရပ်ပိုးကူးစက်မှု ပြင်းထန်ခြင်းနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်ခံနေရသည်။

တရုတ်နိုင်ငံက ထိုဝေဖန်မှုများကိုပယ်ချရန်ကြိုးစားပြီး ထရမ့်အစိုးရသည် ထိုအကျပ်အတည်း အတွက် ပြစ်တင်ဝေဖန်ခံရခြင်းများကို လမ်းကြောင်းလွှဲရန် ကြိုးစာနေကြောင်း ပြန်လည် ဝေဖန် သည်။

“ခုချက်ခြင်းထလုပ်လိုက်မယ်။ ဘာဖြစ်လာမလဲ။ ဆက်ဆံရေးလုံး၀ ဖြတ်တောက်လိုက်ရင် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလျှံလောက်အကုန်အကျသက်သာသွားမယ်” ဟု ထရမ့်ပြောသည်။

ဆက်လက်ဝေဖန်ပြောကြားပေးရန်အတွက် Newsweek သည် အိမ်ဖြူတော်နှင့် ဝါရှင်တန် ဒီစီရှိ တရုတ်သံရုံးတို့သို့ ဆက်သွယ်ခဲ့သည်။

နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မတိုင်မီကပင် ထရမ့်သည် တရုတ်နိုင်ငံကို ဝေဖန်နေသူ ဖြစ် သည်။ သူသည် အိမ်ဖြူတော်သို့ မရောက်မီကလည်း တရုတ်နိုင်ငံကို ဝေဖန်သူဖြစ်သည်။ ထရမ့် က နှစ်နိုင်ငံအကြား ကုန်သွယ်ရေးလိုငွေနှင့် ပတ်သက်ပြီး မကြခဏ ပြဿနာရှာသည်။ အမေရိကန် ပြည်ထောင်စုသည် အစဉ်အလားအားဖြင့် တရုတ်နိုင်ငံမှ ပိုမိုတင်သွင်းပြီး တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ တင်သွင်းမှုထက်နည်းနေသည်။

ထို့ကြောင့် ၂၀၀၈ ခုနှစ် နှစ်လယ်မှစတင်ပြီး ထရမ့်သည် တရုတ်ကုန်စည်များအပေါ် ဒေါ်လာ ဘီလျှံရာပေါင်းများစွာ အခွန်တိုးကောက်သဖြင့် တရုတ်နိုင်ငံကလည်း အလားတူ အမေရိကန် ကုန်စည်များကို ပြန်လည် အခွန်တိုးမြှင့်လိုက်သောကြောင့် အမေရိကန် တင်သွင်းသူများမှာ အခွန်ထက် များစွာပိုမိုမြင့်မားသည့် ငွေများကို ပေးနေကြရသည်။ သို့သော် နှစ်နိုင်ငံအကြား အဆင့် ၁ ကုန်သွယ်ရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးလိုက်သောအခါ ထိုပြဿနာသည် ဇန်နဝါရီလ လယ်တွင် ပြန်လည်ပြေလည်သွားသည်။

ယခုအခါအမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုနှင့် သေဆုံးမှု အများဆုံး ဖြစ်နေပြီး ထိုအကျပ်အတည်းကို ထရမ့်အစိုးရက ကိုင်တွယ်ပုံနှင့် ပတ်သက် ပြီး ပြည်တွင်းတွင် ဝေဖန်ခံနေရသည်။ သမ္မတသည် ဖေဖေါ်ဝါရီလအထိ ထိုဗိုင်းရပ်စ်၏ ပြင်းထန် မှုကို မသိကျိုးကျွံပြုနေပြီး သူ့အလိုအလိုပျောက်ကွယ်သွားမည့် သဘောမျိုးပင်ပြောသည်။ သမ္မတကို ထောက်ခံသူများကမူ ထရမ့်သည် တရုတ်နိုင်ငံသို့သွားရောက်ဖူးသော နိုင်ငံခြားသား များကို အလျှင်အမြန် ပိတ်ပင်ခြင်းဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်းပြောသည်။

“အမေရိကန်ပြည်ထောင်စုက တချို့လူတွေက ကူးစက်ရောဂါကို သူတို့ဖာသာ သူ တိုက်မတိုက် ဖျက်ဘဲ အမေရိကန်ပြည်သူတွေကို အယုံအကြည်မရှိကြဘူး။ သူတို့အလုပ်တွေကို ဘယ်လို တိုးတက်အောင်လုပ်မလဲဆိုတာကိုလည်း မစဉ်စားကြဘူး” ဟ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Zhao Lijia က ကြာသပတေးနေ့တွင် ပြောကြောင်း ဟောင်ကောင်အခြေစိုက် South China Morning Post ကဖေါ်ပြသည်။

Linko
Ref:newsweek
ဝါရှင်တန်၊ မေ ၁၅

( Zawgyi )

 တ႐ုတ္ႏိုင္ငံႏွင့္ ဆက္ဆံေရးကို အေမရိကန္ျပည္ေထာင္စုလုံးဝျဖတ္ေတာက္ႏိုင္ေၾကာင္းႏွင့္ ထိုသို႔ျဖတ္ေတာက္လိုက္ပါက အေမရိကန္ႏိုင္ငံအတြက္ ေဒၚလာ ၅၀၀ ဘီလ်ံ အကုန္အက် သက္သာေၾကာင္း ၾကာသပေတးေန႔က ထရမ့္ေျပာၾကားလိုက္သည္။

“က်ေနာ္တို႔အေနနဲ႔ လုပ္လို႔ရတာေတြအမ်ားႀကီးရွိတယ္။ ဆက္ဆံေရးကို လုံဝျဖတ္ေတာက္ လိုက္လို႔ရတယ္” ဟု ထရမ့္က Fox Business မွ အစီအစဥ္ တင္ဆက္သူ Maria Bartiromo အား ၾကာသပေတးေန႔ နံနက္တြင္ေျပာသည္။

အေမရိကန္ႏွင့္အျခားႏိုင္ငံအမ်ားအျပားတို႔သည့္ တ႐ုတ္ႏိုင္ငံဝူဟန္တြင္ စတင္ျဖစ္ပြားသည့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈႏွင့္ ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံကို ပိုမိုေဝဖန္လာၾကသည္။ တ႐ုတ္ႏိုင္ငံ သည္ ေရာဂါျဖစ္ပြားမႈ အတိုင္းအတာကို ဖုံးကြယ္ထားၿပီး ထိုဗိုင္းရပ္ပိုးကူးစက္မႈ ျပင္းထန္ျခင္းႏွင့္ ပတ္သက္ၿပီး ပြင့္လင္းျမင္သာမႈမရွိဟု ေဝဖန္ခံေနရသည္။

တ႐ုတ္ႏိုင္ငံက ထိုေဝဖန္မႈမ်ားကိုပယ္ခ်ရန္ႀကိဳးစားၿပီး ထရမ့္အစိုးရသည္ ထိုအက်ပ္အတည္း အတြက္ ျပစ္တင္ေဝဖန္ခံရျခင္းမ်ားကို လမ္းေၾကာင္းလႊဲရန္ ႀကိဳးစာေနေၾကာင္း ျပန္လည္ ေဝဖန္ သည္။

“ခုခ်က္ျခင္းထလုပ္လိုက္မယ္။ ဘာျဖစ္လာမလဲ။ ဆက္ဆံေရးလုံး၀ ျဖတ္ေတာက္လိုက္ရင္ အေမရိကန္ေဒၚလာ ၅၀၀ ဘီလွ်ံေလာက္အကုန္အက်သက္သာသြားမယ္” ဟု ထရမ့္ေျပာသည္။

ဆက္လက္ေဝဖန္ေျပာၾကားေပးရန္အတြက္ Newsweek သည္ အိမ္ျဖဴေတာ္ႏွင့္ ဝါရွင္တန္ ဒီစီရွိ တ႐ုတ္သံ႐ုံးတို႔သို႔ ဆက္သြယ္ခဲ့သည္။

ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ မတိုင္မီကပင္ ထရမ့္သည္ တ႐ုတ္ႏိုင္ငံကို ေဝဖန္ေနသူ ျဖစ္ သည္။ သူသည္ အိမ္ျဖဴေတာ္သို႔ မေရာက္မီကလည္း တ႐ုတ္ႏိုင္ငံကို ေဝဖန္သူျဖစ္သည္။ ထရမ့္ က ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္ေရးလိုေငြႏွင့္ ပတ္သက္ၿပီး မၾကခဏ ျပႆနာရွာသည္။ အေမရိကန္ ျပည္ေထာင္စုသည္ အစဥ္အလားအားျဖင့္ တ႐ုတ္ႏိုင္ငံမွ ပိုမိုတင္သြင္းၿပီး တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔မႈမွာ တင္သြင္းမႈထက္နည္းေနသည္။

ထို႔ေၾကာင့္ ၂၀၀၈ ခုႏွစ္ ႏွစ္လယ္မွစတင္ၿပီး ထရမ့္သည္ တ႐ုတ္ကုန္စည္မ်ားအေပၚ ေဒၚလာ ဘီလွ်ံရာေပါင္းမ်ားစြာ အခြန္တိုးေကာက္သျဖင့္ တ႐ုတ္ႏိုင္ငံကလည္း အလားတူ အေမရိကန္ ကုန္စည္မ်ားကို ျပန္လည္ အခြန္တိုးျမႇင့္လိုက္ေသာေၾကာင့္ အေမရိကန္ တင္သြင္းသူမ်ားမွာ အခြန္ထက္ မ်ားစြာပိုမိုျမင့္မားသည့္ ေငြမ်ားကို ေပးေနၾကရသည္။ သို႔ေသာ္ ႏွစ္ႏိုင္ငံအၾကား အဆင့္ ၁ ကုန္သြယ္ေရးသေဘာတူညီခ်က္ကိုလက္မွတ္ေရးထိုးလိုက္ေသာအခါ ထိုျပႆနာသည္ ဇန္နဝါရီလ လယ္တြင္ ျပန္လည္ေျပလည္သြားသည္။

ယခုအခါအေမရိကန္ျပည္ေထာင္စုသည္ ကမာၻတြင္ ႏိုဗယ္ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရမႈႏွင့္ ေသဆုံးမႈ အမ်ားဆုံး ျဖစ္ေနၿပီး ထိုအက်ပ္အတည္းကို ထရမ့္အစိုးရက ကိုင္တြယ္ပုံႏွင့္ ပတ္သက္ ၿပီး ျပည္တြင္းတြင္ ေဝဖန္ခံေနရသည္။ သမၼတသည္ ေဖေဖၚဝါရီလအထိ ထိုဗိုင္းရပ္စ္၏ ျပင္းထန္ မႈကို မသိက်ိဳးကြၽံျပဳေနၿပီး သူ႔အလိုအလိုေပ်ာက္ကြယ္သြားမည့္ သေဘာမ်ိဳးပင္ေျပာသည္။ သမၼတကို ေထာက္ခံသူမ်ားကမူ ထရမ့္သည္ တ႐ုတ္ႏိုင္ငံသို႔သြားေရာက္ဖူးေသာ ႏိုင္ငံျခားသား မ်ားကို အလွ်င္အျမန္ ပိတ္ပင္ျခင္းျဖင့္ အေရးယူေဆာင္႐ြက္ခဲ့ေၾကာင္းေျပာသည္။

“အေမရိကန္ျပည္ေထာင္စုက တခ်ိဳ႕လူေတြက ကူးစက္ေရာဂါကို သူတို႔ဖာသာ သူ တိုက္မတိုက္ ဖ်က္ဘဲ အေမရိကန္ျပည္သူေတြကို အယုံအၾကည္မရွိၾကဘူး။ သူတို႔အလုပ္ေတြကို ဘယ္လို တိုးတက္ေအာင္လုပ္မလဲဆိုတာကိုလည္း မစဥ္စားၾကဘူး” ဟ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရသူ Zhao Lijia က ၾကာသပေတးေန႔တြင္ ေျပာေၾကာင္း ေဟာင္ေကာင္အေျခစိုက္ South China Morning Post ကေဖၚျပသည္။

Linko
Ref:newsweek
ဝါရွင္တန္၊ ေမ ၁၅