တရုတ်နှင့် ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးမည့် နေရာအတွက် ဆွေးနွေးနေကြောင်း အမေရိကန်သမ္မတပြော

တရုတ်နှင့် ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးမည့် နေရာအတွက် ဆွေးနွေးနေကြောင်း အမေရိကန်သမ္မတပြော

အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု (အေပက်) ထိပ်သီးဆွေးနွေးပွဲ ကာလ၌  ကုန်သွယ်ရေး သဘောတူညီချက်စာချုပ် ပထမ အဆင့်ကို တရုတ်နှင့် လက်မှတ်ရေးထိုးရန် စီစဉ်ထားသော်လည်း ဆွေးနွေးပွဲကို လက်ခံကျင်းပမည့် ချီလီနိုင်ငံတွင် ဆန္ဒပြမှုများ ဖြစ်ပွားနေေ သာကြောင့် အေပက် အစည်းအဝေးကို ရွေ့ဆိုင်းလိုက်ရာ စာချုပ်ရေးထိုးမည့် နေရာအတွက် တရုတ်အစိုးရနှင့် ဆွေးနွေး ညှိနှိုင်းနေကြောင်း  အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အောက်တိုဘာ ၃၁ ရက်မှာ ပြောကြား လိုက်ပါတယ်။

မိမိနှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်းနှင့် နေရာကို မကြာမီ ထုတ်ပြန်သွားမည်ဟု ထရမ့်က ပြောကြားလိုက်ပါတယ်။“ချီလီနိုင်ငံအနေနဲ့ အခြေအနေမပေးတာကြောင့် အေပက်အစည်းအဝေးကို ဖျက်သိမ်းလိုက်တဲ့အတွက် တရုတ်နဲ့ အမေရိကန်တို့အကြား ကုန်သွယ်ရေးသဘောတူညီချက်ရဲ့ ၆၀ ရာခိုင်နှုန်းအထိ ပါဝင်တဲ့ ပထမအဆင့် သဘောတူညီချက်ကို လက်မှတ်ရေး ထိုးမယ့်နေရာကို နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ နေရာအသစ်ကို မကြာခင် ကြေညာသွားပါမယ်။ သမ္မတနှစ်ဦး လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်” ဟု  ထရမ့်က သူ၏ တွစ်တာမှာ ရေးထားပါတယ်။

အများပြည်သူ သယ်ယူပို့ဆောင်ခများကို အစိုးရက မြှင့်တင်မည့် အစီအစဉ်ကြောင့် မြို့တော် ဆန်တီယေဂိုတွင် ဆန္ဒပြမှုများ ဖြစ်ပွားနေရာ နိုဝင်ဘာ ၁၆ နှင့် ၁၇ တွင် လက်ခံကျင်းပရန် စီစဉ်ထားသည့် အေပက်အစည်းအဝေးကို ဖျက်သိမ်းလိုက်ကြောင်း ချီလီအစိုးရကက အောက်တိုဘာ ၃၀ ရက်မှာ ကြေညာလိုက်ပါတယ်။ အဆိုပါနေ့၌ပင် သမ္မတထရမ့်က ချီလီသမ္မတ ဆီဘာ စတီရန်ပင်နယ်ရာထံ ဖုန်းခေါ်ဆို၍ ဆွေးနွေးပွဲဖျက်သိမ်းသည့် ဆုံးဖြတ်ချက်ကို သဘောတူ ကြောင်း ပြောကြားခဲ့ပြီး ချီလီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဒီမိုကရေစီနှင့် လူ့အဖွဲ့အစည်းကို ပြည်ပမှ ထိပါး နှောက်ယှက်မှုများအပေါ် ရှုတ်ချကြောင်း ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံ ညှိနှိုင်းရေးအဖွဲ့များ ဝါရှင်တန်မြို့၌ တွေ့ဆုံအပြီးတွင် ကုန်သွယ်ရေးသဘောတူညီချက် ပထမအဆင့်ကို မူအားဖြင့် သဘောတူကြောင်း ထရမ့်က အောက်တိုဘာ ၁၃ ရက်မှာ ကြေညာလိုက်ပါတယ်။ ယင်းသဘောတူညီချက်တွင် တရုတ်က အမေရိကန်မှ စိုက်ပျိုးရေး ထွက်ကုန် ပစ္စည်းများအား ဒေါ်လာ ၄၀ဘီလျံမှ ၅၀ ဘီလျံအကြား ဝယ်ယူရန် ပါရှိသလို ဉာဏမူပိုင်ခွင့်နှင့် ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန် ပါဝင်ပါတယ်။

Linko
Ref:ANI
ဝါရှင်တန်၊ နိုဝင်ဘာ ၁

(  Zawgyi  )

 အာရွ-ပစိဖိတ္စီးပြားေရးပူးေပါင္း ေဆာင္႐ြက္မႈ (ေအပက္) ထိပ္သီးေဆြးေႏြးပြဲ ကာလ၌  ကုန္သြယ္ေရး သေဘာတူညီခ်က္စာခ်ဳပ္ ပထမ အဆင့္ကို တ႐ုတ္ႏွင့္ လက္မွတ္ေရးထိုးရန္ စီစဥ္ထားေသာ္လည္း ေဆြးေႏြးပြဲကို လက္ခံက်င္းပမည့္ ခ်ီလီႏိုင္ငံတြင္ ဆႏၵျပမႈမ်ား ျဖစ္ပြားေနေ သာေၾကာင့္ ေအပက္ အစည္းအေဝးကို ေ႐ြ႕ဆိုင္းလိုက္ရာ စာခ်ဳပ္ေရးထိုးမည့္ ေနရာအတြက္ တ႐ုတ္အစိုးရႏွင့္ ေဆြးေႏြး ညႇိႏႈိင္းေနေၾကာင္း  အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေအာက္တိုဘာ ၃၁ ရက္မွာ ေျပာၾကား လိုက္ပါတယ္။

မိမိႏွင့္ တ႐ုတ္သမၼတရွီက်င့္ဖ်င္တို႔ သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးမည္ျဖစ္ေၾကာင္းႏွင့္ ေနရာကို မၾကာမီ ထုတ္ျပန္သြားမည္ဟု ထရမ့္က ေျပာၾကားလိုက္ပါတယ္။“ခ်ီလီႏိုင္ငံအေနနဲ႔ အေျခအေနမေပးတာေၾကာင့္ ေအပက္အစည္းအေဝးကို ဖ်က္သိမ္းလိုက္တဲ့အတြက္ တ႐ုတ္နဲ႔ အေမရိကန္တို႔အၾကား ကုန္သြယ္ေရးသေဘာတူညီခ်က္ရဲ႕ ၆၀ ရာခိုင္ႏႈန္းအထိ ပါဝင္တဲ့ ပထမအဆင့္ သေဘာတူညီခ်က္ကို လက္မွတ္ေရး ထိုးမယ့္ေနရာကို ႏွစ္ႏိုင္ငံ ပူးေပါင္း ေဆာင္႐ြက္ေနပါတယ္။ ေနရာအသစ္ကို မၾကာခင္ ေၾကညာသြားပါမယ္။ သမၼတႏွစ္ဦး လက္မွတ္ေရးထိုးမွာ ျဖစ္ပါတယ္” ဟု  ထရမ့္က သူ၏ တြစ္တာမွာ ေရးထားပါတယ္။

အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ခမ်ားကို အစိုးရက ျမႇင့္တင္မည့္ အစီအစဥ္ေၾကာင့္ ၿမိဳ႕ေတာ္ ဆန္တီေယဂိုတြင္ ဆႏၵျပမႈမ်ား ျဖစ္ပြားေနရာ ႏိုဝင္ဘာ ၁၆ ႏွင့္ ၁၇ တြင္ လက္ခံက်င္းပရန္ စီစဥ္ထားသည့္ ေအပက္အစည္းအေဝးကို ဖ်က္သိမ္းလိုက္ေၾကာင္း ခ်ီလီအစိုးရကက ေအာက္တိုဘာ ၃၀ ရက္မွာ ေၾကညာလိုက္ပါတယ္။ အဆိုပါေန႔၌ပင္ သမၼတထရမ့္က ခ်ီလီသမၼတ ဆီဘာ စတီရန္ပင္နယ္ရာထံ ဖုန္းေခၚဆို၍ ေဆြးေႏြးပြဲဖ်က္သိမ္းသည့္ ဆုံးျဖတ္ခ်က္ကို သေဘာတူ ေၾကာင္း ေျပာၾကားခဲ့ၿပီး ခ်ီလီႏိုင္ငံ၏ ဖြဲ႕စည္းပုံအေျခခံဥပေဒ၊ ဒီမိုကေရစီႏွင့္ လူ႔အဖြဲ႕အစည္းကို ျပည္ပမွ ထိပါး ေႏွာက္ယွက္မႈမ်ားအေပၚ ရႈတ္ခ်ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ႏွစ္ႏိုင္ငံ ညႇိႏႈိင္းေရးအဖြဲ႕မ်ား ဝါရွင္တန္ၿမိဳ႕၌ ေတြ႕ဆုံအၿပီးတြင္ ကုန္သြယ္ေရးသေဘာတူညီခ်က္ ပထမအဆင့္ကို မူအားျဖင့္ သေဘာတူေၾကာင္း ထရမ့္က ေအာက္တိုဘာ ၁၃ ရက္မွာ ေၾကညာလိုက္ပါတယ္။ ယင္းသေဘာတူညီခ်က္တြင္ တ႐ုတ္က အေမရိကန္မွ စိုက္ပ်ိဳးေရး ထြက္ကုန္ ပစၥည္းမ်ားအား ေဒၚလာ ၄၀ဘီလ်ံမွ ၅၀ ဘီလ်ံအၾကား ဝယ္ယူရန္ ပါရွိသလို ဉာဏမူပိုင္ခြင့္ႏွင့္ ဘ႑ာေရး ဝန္ေဆာင္မႈလုပ္ငန္းမ်ားတြင္ ျပဳျပင္ေျပာင္းလဲေရးမ်ား လုပ္ေဆာင္ရန္ ပါဝင္ပါတယ္။

Linko
Ref:ANI
ဝါရွင္တန္၊ ႏိုဝင္ဘာ ၁