တရုတ်နှင့် အမေရိကန်တို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာရှိနိုင်ဟု ကျွမ်းကျင်သူများပြောကြား

တရုတ်နှင့် အမေရိကန်တို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးကျေးဇူးများစွာရှိနိုင်ဟု ကျွမ်းကျင်သူများပြောကြား

တရုတ်နှင့် အမေရိကန်နိုင်ငံတို့အကြား ဆက်ဆံရေး ဖြတ်တောက်ခြင်းကြောင့် နှစ်ဖက်စလုံးအတွက် ထိခိုက်စေနိုင်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန်ယုံကြည်မှုအပေါ် အခြေခံ၍ အငြင်းပွားမှု များကို ဖြေရှင်းသင့်ကြောင်း ကျွမ်းကျင်သူများက တိုက်တွန်း လိုက်ပါတယ်။

တရုတ်နှင့် အမေရိကန်တို့အကြား ဆက်ဆံရေး ပြတ်တောက်မှုများ ဖြစ်နေသည်ဟု ပြောဆိုမှုများနှင့် ပတ်သက်၍ နားလည်ရန်ခက်ခဲကြောင်း စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်က ဘေကျင်းမြို့တွင် ပြုလုပ်ခဲ့သည့် တရုတ်ဖွံ့ဖြိုးရေးဖိုရမ်တွင် အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ကားလို့စ်ဂူတီရက်ဇ်က ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံအကြား သီးခြားစီဖြစ်နေခြင်းသည် မဖြစ်သင့်သော၊ လက်တွေ့မကျသော အရာဖြစ်ကြောင်းလည်း ၎င်းက ပြောပါတယ်။‘ကုန်သွယ်ရေး၊ ပွင့်လင်းမှုနှင့် ကြွယ်ဝချမ်းသာမှု ဝေမျှရေး’ ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အဆိုပါ ဖိုရမ်သို့ အစိုးရအရာရှိများ၊ ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြပြီး လက်ရှိဖြစ် ပွားနေသည့် တရုတ်နှင့် အမေရိကန်တို့အကြား ကုန်သွယ်ရေးတင်းမာ မှု အပေါ် အဓိကကျသည့် အကြောင်းအရာ အများအပြားကို အမြင်ချင်းဖလှယ်ကြပါတယ်။

အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟောင်း ရောဘတ်ဒီဟောမတ်စ်က ကမ္ဘာ့အင်အားအကြီးဆုံး နိုင်ငံနှစ်နိုင်ငံအကြား လက်တွဲလုပ်ဆောင်မှုမရှိခြင်းသည် နှစ်နိုင်ငံအကြား နှစ်၄၀ ကြာမြင့်ပြီဖြစ်သော ဆက်ဆံ ရေးကို ထိခိုက်စေယုံသာမက ကမ္ဘာ့စီးပွားရေးကိုပါ ထိခိုက်စေနိုင်ကြောင်း ပြောကြားပါတယ်။

အမေရိကန်နှင့် တရုတ်တို့၏ ပြဿနာသည် ကုန်သွယ်ရေးမဟုတ်ဘဲ အပြန်အလှန်ယုံကြည်မှုသာ ဖြစ်ကြောင်း ဟောမတ်စ်က ပြောကြားပါ တယ်။ တင်းမာမှုများ ပြေလျော့ရေးအတွက် ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး နှင့် အပြန်အလှန်အကျိုးစီးပွားကို ဆောင်ကြဉ်းနိုင်ရေးသည့် အရေးကြီးကြောင်းလည်း ၎င်းက ပြောကြားသွားပါတယ်။

အဆိုပါ ဖိုရမ်တွင် ဆွေးနွေးခဲ့သူများအကြား သဘောတူညီချက်တစ်ခုမှာ တရုတ်နှင့် အမေရိကန်တို့အကြား မတူညီသော ယဉ်ကျေးမှုများနှင့် စနစ်များကြောင့် ငြင်းခုန်မှုများ၊ သဘောထားကွဲလွဲမှုများ ရှိနေသော်လည်း ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ယုံကြည်မှုကို မစွန့်လွှတ် သင့်ကြောင်း လက်ခံခဲ့ကြပါတယ်။

အမေရိကန်သမ္မတဟောင်း ဟင်နရီကင်ဆင်ဂျာက အဆိုပါ ဖိုရမ်သို့ ပေးပို့သည့် ဗီဒီယို မိန့်ခွန်းတွင် “တရုတ်-အမေရိကန်ဆက်ဆံရေးနှင့် နှစ်ပေါင်း ၄၀ ခန့် ပါဝင်ခွင့်ရခဲ့တဲ့ အတွေ့အကြုံအရ နှစ်နိုင်ငံစလုံးအနေနဲ့ မျက်မှောက်မှာ  ကြုံတွေ့နေရတဲ့ အရေးကြီးဆုံး ပြဿနာတွေကို ဖြေရှင်းရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေရာမှာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို လုပ်ဆောင်ဖို့ တာဝန်ရှိကြပါတယ်” ဟု ပြောကြားသွားပါတယ်။

မကြာသေးမီက တွေ့ရှိထားသည့် အချက်အလက်များအရ တရုတ်နိုင်ငံသည် အမေရိကန်ကုမ္ပဏီများအတွက် အကြီးဆုံးဈေးကွက်နှင့် ဝင်ငွေအကောင်းဆုံးရနိုင်သည့် နေရာဖြစ်ပါတယ်။ အမေရိကန်ကုမ္ပဏီ ၉၇ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံတွင် ၂၀၁၉ ခုနှစ်က ယမန်နှစ် အတိုင်းပင် အမြတ်များ တိုးတက်ခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့ကြောင်း အမေရိကန်ကုမ္ပဏီ ၂၂၀ ပါဝင် ဖွဲ့စည်း ထားသည့် အမေရိကန်-တရုတ် စီးပွားရေးကောင်စီ (USCBC) က ပြုလုပ်ခဲ့သည့် နှစ်ပတ်လည် စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

Linko
Ref:Xinxua
ဘေကျင်း၊စက်တင်ဘာ ၉

(  Zawgyi  )

 တ႐ုတ္ႏွင့္ အေမရိကန္ႏိုင္ငံတို႔အၾကား ဆက္ဆံေရး ျဖတ္ေတာက္ျခင္းေၾကာင့္ ႏွစ္ဖက္စလုံးအတြက္ ထိခိုက္ေစႏိုင္ေၾကာင္းႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရးႏွင့္ အျပန္အလွန္ယုံၾကည္မႈအေပၚ အေျခခံ၍ အျငင္းပြားမႈ မ်ားကို ေျဖရွင္းသင့္ေၾကာင္း ကြၽမ္းက်င္သူမ်ားက တိုက္တြန္း လိုက္ပါတယ္။

တ႐ုတ္ႏွင့္ အေမရိကန္တို႔အၾကား ဆက္ဆံေရး ျပတ္ေတာက္မႈမ်ား ျဖစ္ေနသည္ဟု ေျပာဆိုမႈမ်ားႏွင့္ ပတ္သက္၍ နားလည္ရန္ခက္ခဲေၾကာင္း စက္တင္ဘာ ၆ ရက္ႏွင့္ ၇ ရက္က ေဘက်င္းၿမိဳ႕တြင္ ျပဳလုပ္ခဲ့သည့္ တ႐ုတ္ဖြံ႕ၿဖိဳးေရးဖိုရမ္တြင္ အေမရိကန္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီး ကားလို႔စ္ဂူတီရက္ဇ္က ေျပာၾကားခဲ့ပါတယ္။

ႏွစ္ႏိုင္ငံအၾကား သီးျခားစီျဖစ္ေနျခင္းသည္ မျဖစ္သင့္ေသာ၊ လက္ေတြ႕မက်ေသာ အရာျဖစ္ေၾကာင္းလည္း ၎က ေျပာပါတယ္။‘ကုန္သြယ္ေရး၊ ပြင့္လင္းမႈႏွင့္ ႂကြယ္ဝခ်မ္းသာမႈ ေဝမွ်ေရး’ ေခါင္းစဥ္ျဖင့္ ျပဳလုပ္သည့္ အဆိုပါ ဖိုရမ္သို႔ အစိုးရအရာရွိမ်ား၊ ပညာရွင္မ်ားႏွင့္ စီးပြားေရး လုပ္ငန္းရွင္စုစုေပါင္း ၂၀၀ ခန႔္ တက္ေရာက္ခဲ့ၾကၿပီး လက္ရွိျဖစ္ ပြားေနသည့္ တ႐ုတ္ႏွင့္ အေမရိကန္တို႔အၾကား ကုန္သြယ္ေရးတင္းမာ မႈ အေပၚ အဓိကက်သည့္ အေၾကာင္းအရာ အမ်ားအျပားကို အျမင္ခ်င္းဖလွယ္ၾကပါတယ္။

အေမရိကန္လက္ေထာက္ ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ေရာဘတ္ဒီေဟာမတ္စ္က ကမာၻ႔အင္အားအႀကီးဆုံး ႏိုင္ငံႏွစ္ႏိုင္ငံအၾကား လက္တြဲလုပ္ေဆာင္မႈမရွိျခင္းသည္ ႏွစ္ႏိုင္ငံအၾကား ႏွစ္၄၀ ၾကာျမင့္ၿပီျဖစ္ေသာ ဆက္ဆံ ေရးကို ထိခိုက္ေစယုံသာမက ကမာၻ႔စီးပြားေရးကိုပါ ထိခိုက္ေစႏိုင္ေၾကာင္း ေျပာၾကားပါတယ္။

အေမရိကန္ႏွင့္ တ႐ုတ္တို႔၏ ျပႆနာသည္ ကုန္သြယ္ေရးမဟုတ္ဘဲ အျပန္အလွန္ယုံၾကည္မႈသာ ျဖစ္ေၾကာင္း ေဟာမတ္စ္က ေျပာၾကားပါ တယ္။ တင္းမာမႈမ်ား ေျပေလ်ာ့ေရးအတြက္ ယုံၾကည္မႈ ျပန္လည္တည္ေဆာက္ေရး ႏွင့္ အျပန္အလွန္အက်ိဳးစီးပြားကို ေဆာင္ၾကဥ္းႏိုင္ေရးသည့္ အေရးႀကီးေၾကာင္းလည္း ၎က ေျပာၾကားသြားပါတယ္။

အဆိုပါ ဖိုရမ္တြင္ ေဆြးေႏြးခဲ့သူမ်ားအၾကား သေဘာတူညီခ်က္တစ္ခုမွာ တ႐ုတ္ႏွင့္ အေမရိကန္တို႔အၾကား မတူညီေသာ ယဥ္ေက်းမႈမ်ားႏွင့္ စနစ္မ်ားေၾကာင့္ ျငင္းခုန္မႈမ်ား၊ သေဘာထားကြဲလြဲမႈမ်ား ရွိေနေသာ္လည္း ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ အျပန္အလွန္ယုံၾကည္မႈကို မစြန႔္လႊတ္ သင့္ေၾကာင္း လက္ခံခဲ့ၾကပါတယ္။

အေမရိကန္သမၼတေဟာင္း ဟင္နရီကင္ဆင္ဂ်ာက အဆိုပါ ဖိုရမ္သို႔ ေပးပို႔သည့္ ဗီဒီယို မိန႔္ခြန္းတြင္ “တ႐ုတ္-အေမရိကန္ဆက္ဆံေရးႏွင့္ ႏွစ္ေပါင္း ၄၀ ခန႔္ ပါဝင္ခြင့္ရခဲ့တဲ့ အေတြ႕အႀကဳံအရ ႏွစ္ႏိုင္ငံစလုံးအေနနဲ႔ မ်က္ေမွာက္မွာ  ႀကဳံေတြ႕ေနရတဲ့ အေရးႀကီးဆုံး ျပႆနာေတြကို ေျဖရွင္းေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ႏိုင္မယ့္ နည္းလမ္းေတြကို ရွာေဖြရာမွာ ကမာၻ႔ၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳး တိုးတက္ေရးတို႔ကို လုပ္ေဆာင္ဖို႔ တာဝန္ရွိၾကပါတယ္” ဟု ေျပာၾကားသြားပါတယ္။

မၾကာေသးမီက ေတြ႕ရွိထားသည့္ အခ်က္အလက္မ်ားအရ တ႐ုတ္ႏိုင္ငံသည္ အေမရိကန္ကုမၸဏီမ်ားအတြက္ အႀကီးဆုံးေဈးကြက္ႏွင့္ ဝင္ေငြအေကာင္းဆုံးရႏိုင္သည့္ ေနရာျဖစ္ပါတယ္။ အေမရိကန္ကုမၸဏီ ၉၇ ရာခိုင္ႏႈန္းသည္ တ႐ုတ္ႏိုင္ငံတြင္ ၂၀၁၉ ခုႏွစ္က ယမန္ႏွစ္ အတိုင္းပင္ အျမတ္မ်ား တိုးတက္ခဲ့ၿပီး ဆယ္စုႏွစ္တစ္ခုအတြင္း အျမင့္ဆုံးကို ေရာက္ရွိခဲ့ေၾကာင္း အေမရိကန္ကုမၸဏီ ၂၂၀ ပါဝင္ ဖြဲ႕စည္း ထားသည့္ အေမရိကန္-တ႐ုတ္ စီးပြားေရးေကာင္စီ (USCBC) က ျပဳလုပ္ခဲ့သည့္ ႏွစ္ပတ္လည္ စစ္တမ္းတစ္ခုမွာ ေဖာ္ျပထားပါတယ္။

Linko
Ref:Xinxua
ေဘက်င္း၊စက္တင္ဘာ ၉