တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေး ဆွေးနွေးပွဲ တိုးတက်မှုများရှိ

တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေး ဆွေးနွေးပွဲ တိုးတက်မှုများရှိ

တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေး ညှိနှိုင်းမှု ထိပ်တန်းအရာရှိများအကြား အဓိကကျသည့် အကြောင်းအရာအချို့အပေါ်တွင် သဘောတူ ညီမှုများ ရရှိထားခဲ့ပြီးနောက် ယခုသီတင်းပတ်ကုန်က ထပ်မံ တွေ့ဆုံမှုများကို လုပ်ဆောင်ခဲ့ပါတယ်။ဆွေးနွေးပဲ တွင် အဓိကပါဝင်သူ တရုတ်ဒုတိယဝန်ကြီးချုပ် လျူဟေးက အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင် အမ်နျူချင်၊ ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ်လိုက် သီဇာတို့နှင့် နိုဝင်ဘာ ၁၆ ရက်က ဖုန်းပြောဆိုခဲ့ကြကြောင်း တရုတ်စီးပွားကူးသန်း ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

သဘောတူညီချက်အဆင့် ၁ တွင် ပါဝင်သည့် အရေးပါသော အကြောင်းအရာများအပေါ် အပြုသဘော ဆောင် ဆွေးနွေးခဲ့ကြကြောင်းနှင့် ဆက်လက်နီးကပ်စွာ ဆက်သွယ်ဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း အဆိုပါ ဖုန်းဆက်သွယ် ပြောဆိုမှုကို အတည်ပြုခဲ့ပါတယ်။

အမေရိကန်မှ ကြက်တင်သွင်းမှ ထိန်းချုပ်ထားခြင်းအပေါ် တရုတ်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖယ်ရှားလိုက်သလို အမေရိကန် သမ္မတဒေါ်နယ်ထရမ့် ကလည်း အမေရိကန်ကုမ္ပဏီများအနေဖြင့် ဟွာဝေး နည်းပညာကုမ္ပဏီနှင့် လုပ်ငန်းဆက်လက် လုပ်ကိုင်နိုင်ခွင့် သက်တမ်းတိုးပေးခဲ့ကြောင်း နယူးယောက်တိုင်းမ် တင်းမှာ နိုဝင်ဘာ ၁၆ ရက်က ဖော်ပြခဲ့ပါတယ်။

ကုန်သွယ်ရေး သဘောတူညီချက် ပထမအဆင့် ဆွေးနွေးပွဲ၏ နောက်ဆုံးအပိုင်းကို ရောက်ရှိလာပြီဟု အမေရိကန်အစိုးရက အချက်ပြထားသော် လည်း နောက်ထပ်တစ်ဆင့်အတွက် ဆွေးနွေးမှုကို အာမခံထားခြင်း မရှိသေးပေ။အိမ်ဖြူတော်စီးပွားရေး အကြံပေး လာရီကာ့ဒ်လိုက ဆွေးနွေးမှု များကို ခပ်စိပ်စိပ် လုပ်ဆောင်လာကြောင်းနှင့် နေ့စဉ် ဆက်သွယ်မှုများ ရှိနေကြောင်း ပြီးခဲ့သည့် သီတင်းပတ်အတွင်းက သတင်းထောက် များအား ဝါရှင်တန် တွင် ပြောကြားခဲ့သော်လည်း သဘောတူညီချက် လုပ်ဆောင်ရန် အခြေအနေ နီးစပ်ခြင်း ရှိ၊မရှိကို ပြောကြားခဲ့ခြင်း မရှိပေ။ကုန်သွယ်ရေးသဘောတူညီချက်များ၏ နောက်ဆုံးအဆင့်များကို ဆက်လက် လုပ်ဆောင်နိုင်ခြင်းမရှိသေးသလို သမ္မတထရမ့်ကလည်း သဘော တူညီချက် အား လူသိရှင်ကြား ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

နှစ်နိုင်ငံအကြား ဗီဒီယိုမှ လုပ်ငန်းအဆင့် ဆွေးနွေးမှုများတွင် တရုတ်နိုင်ငံက အမေရိကန်၏ စိုက်ပျိုးရေး ကုန်ပစ္စည်းများ ဝယ်ယူရေး အသေးစိတ် အချက်အလက်နှင့် ကာလသတ်မှတ်ချက်အပါအဝင် ထရမ့်က တရုတ်နိုငငံအား တောင်းဆိုထားသည့် ဉာဏမူပိုင်ခွင့် ခိုးယူမှုများကို ထိန်းချုပ်ရေး ကတိကဝတ်ပြုရေး အကြောင်းအရာများ ပါဝင်ကြောင်း ဆွေးနွေးပွဲများနှင့် နီးစပ်သူများက ပြောကြားပါတယ်။

Linko
Ref: Bloomberg
ဝါရှင်တန်၊နိုဝင်ဘာ ၁၈

(  Zawgyi  )

 တ႐ုတ္ႏွင့္ အေမရိကန္ ကုန္သြယ္ေရး ညႇိႏႈိင္းမႈ ထိပ္တန္းအရာရွိမ်ားအၾကား အဓိကက်သည့္ အေၾကာင္းအရာအခ်ိဳ႕အေပၚတြင္ သေဘာတူ ညီမႈမ်ား ရရွိထားခဲ့ၿပီးေနာက္ ယခုသီတင္းပတ္ကုန္က ထပ္မံ ေတြ႕ဆုံမႈမ်ားကို လုပ္ေဆာင္ခဲ့ပါတယ္။ေဆြးေႏြးပဲ တြင္ အဓိကပါဝင္သူ တ႐ုတ္ဒုတိယဝန္ႀကီးခ်ဳပ္ လ်ဴေဟးက အေမရိကန္ဘ႑ာေရးဝန္ႀကီး စတီဗင္ အမ္န်ဴခ်င္၊ ကုန္သြယ္ေရး ကိုယ္စားလွယ္ ေရာဘတ္လိုက္ သီဇာတို႔ႏွင့္ ႏိုဝင္ဘာ ၁၆ ရက္က ဖုန္းေျပာဆိုခဲ့ၾကေၾကာင္း တ႐ုတ္စီးပြားကူးသန္း ဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ပါတယ္။

သေဘာတူညီခ်က္အဆင့္ ၁ တြင္ ပါဝင္သည့္ အေရးပါေသာ အေၾကာင္းအရာမ်ားအေပၚ အျပဳသေဘာ ေဆာင္ ေဆြးေႏြးခဲ့ၾကေၾကာင္းႏွင့္ ဆက္လက္နီးကပ္စြာ ဆက္သြယ္ေဆာင္႐ြက္သြားၾကရန္ သေဘာတူညီခဲ့ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။ အေမရိကန္ ဘ႑ာေရး ဝန္ႀကီးဌာနကလည္း အဆိုပါ ဖုန္းဆက္သြယ္ ေျပာဆိုမႈကို အတည္ျပဳခဲ့ပါတယ္။

အေမရိကန္မွ ၾကက္တင္သြင္းမွ ထိန္းခ်ဳပ္ထားျခင္းအေပၚ တ႐ုတ္က ၿပီးခဲ့သည့္ သီတင္းပတ္အတြင္း ဖယ္ရွားလိုက္သလို အေမရိကန္ သမၼတေဒၚနယ္ထရမ့္ ကလည္း အေမရိကန္ကုမၸဏီမ်ားအေနျဖင့္ ဟြာေဝး နည္းပညာကုမၸဏီႏွင့္ လုပ္ငန္းဆက္လက္ လုပ္ကိုင္ႏိုင္ခြင့္ သက္တမ္းတိုးေပးခဲ့ေၾကာင္း နယူးေယာက္တိုင္းမ္ တင္းမွာ ႏိုဝင္ဘာ ၁၆ ရက္က ေဖာ္ျပခဲ့ပါတယ္။

ကုန္သြယ္ေရး သေဘာတူညီခ်က္ ပထမအဆင့္ ေဆြးေႏြးပြဲ၏ ေနာက္ဆုံးအပိုင္းကို ေရာက္ရွိလာၿပီဟု အေမရိကန္အစိုးရက အခ်က္ျပထားေသာ္ လည္း ေနာက္ထပ္တစ္ဆင့္အတြက္ ေဆြးေႏြးမႈကို အာမခံထားျခင္း မရွိေသးေပ။အိမ္ျဖဴေတာ္စီးပြားေရး အႀကံေပး လာရီကာ့ဒ္လိုက ေဆြးေႏြးမႈ မ်ားကို ခပ္စိပ္စိပ္ လုပ္ေဆာင္လာေၾကာင္းႏွင့္ ေန႔စဥ္ ဆက္သြယ္မႈမ်ား ရွိေနေၾကာင္း ၿပီးခဲ့သည့္ သီတင္းပတ္အတြင္းက သတင္းေထာက္ မ်ားအား ဝါရွင္တန္ တြင္ ေျပာၾကားခဲ့ေသာ္လည္း သေဘာတူညီခ်က္ လုပ္ေဆာင္ရန္ အေျခအေန နီးစပ္ျခင္း ရွိ၊မရွိကို ေျပာၾကားခဲ့ျခင္း မရွိေပ။ကုန္သြယ္ေရးသေဘာတူညီခ်က္မ်ား၏ ေနာက္ဆုံးအဆင့္မ်ားကို ဆက္လက္ လုပ္ေဆာင္ႏိုင္ျခင္းမရွိေသးသလို သမၼတထရမ့္ကလည္း သေဘာ တူညီခ်က္ အား လူသိရွင္ၾကား ထုတ္ေဖာ္ေျပာၾကားျခင္း မရွိေသးေပ။

ႏွစ္ႏိုင္ငံအၾကား ဗီဒီယိုမွ လုပ္ငန္းအဆင့္ ေဆြးေႏြးမႈမ်ားတြင္ တ႐ုတ္ႏိုင္ငံက အေမရိကန္၏ စိုက္ပ်ိဳးေရး ကုန္ပစၥည္းမ်ား ဝယ္ယူေရး အေသးစိတ္ အခ်က္အလက္ႏွင့္ ကာလသတ္မွတ္ခ်က္အပါအဝင္ ထရမ့္က တ႐ုတ္ႏိုငငံအား ေတာင္းဆိုထားသည့္ ဉာဏမူပိုင္ခြင့္ ခိုးယူမႈမ်ားကို ထိန္းခ်ဳပ္ေရး ကတိကဝတ္ျပဳေရး အေၾကာင္းအရာမ်ား ပါဝင္ေၾကာင္း ေဆြးေႏြးပြဲမ်ားႏွင့္ နီးစပ္သူမ်ားက ေျပာၾကားပါတယ္။

Linko
Ref: Bloomberg
ဝါရွင္တန္၊ႏိုဝင္ဘာ ၁၈