တရုတ်သွင်းကုန်အချို့အပေါ် အခွန်ကောက်ခံမှု ၂ ပတ်ခန့် အမေရိကန် ဆိုင်းငံ့

တရုတ်သွင်းကုန်အချို့အပေါ် အခွန်ကောက်ခံမှု ၂ ပတ်ခန့် အမေရိကန် ဆိုင်းငံ့

တရုတ်နိုင်ငံမှ တင်သွင်းမည့် ကုန်ပစ္စည်းအချို့အပေါ် အောက်တိုဘာ ၁ ရက်တွင် စတင်သက်ရောက်မည့် အခွန်ကောက်ခံမှုကို ၂ ပတ်ခန့် ရပ်ဆိုင်းလိုက်ကြောင်း အမေရိကန်အစိုးရက စက်တင်ဘာ ၁၁ ရက်တွင် ကြေညာချက်အပေါ် ကိုးကား၍ Anadolu သတင်းအေဂျင်စီက ဖော်ပြလိုက်ပါတယ်။

အောက်တိုဘာလတွင် စတင်ကျင်းပမည့် ခေတ်သစ်တရုတ်နိုင်ငံထူထောင်မှု နှစ် ၇၀ ပြည့်အထိမ်း အမှတ်အတွက် ပြင်ဆင်နေသည့် ပေကျင်း အစိုးရအတွက် လိုက်လျောမှုအဖြစ် ယခုဆုံးဖြတ်ချက်ကို ချခြင်း ဖြစ်ကြောင်း သမ္မတထရမ့်က ပြောပါတယ်။“တရုတ်ဒုသမ္မတလျူဟေးရဲ့ မေတ္တာရပ်ခံချက်၊ အောက်တိုဘာ ၁ ရက်မှာ စတင်ကျင်းပမယ့် နှစ် ၇၀ ပြည့် အထိမ်းကို  တရုတ်နိုင်ငံက ကျင်းပမှာတို့ကြောင့်  တရုတ်ကုန် ပစ္စည်း ဒေါ်လာ ၂၅၀ ဘီလျံအပေါ်မှာ အခွန် ၂၅ ရာခိုင်နှုန်းကနေ ၃၀ အထိ တိုးမြှင့် ကောက်ခံမယ့် အစီအစဉ်ကို  အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်” ဟု ထရမ့်က သူ့ရဲ တွစ်တာမှာ ရေးသားထားပါတယ်။

လာမည့်လမှစတင်ပြီး လက်ရှိသတ်မှတ်ထားသည့် အခွန်အပါအဝင် ဒေါ်လာ ၅၅၀ ဘီလျံတန်ဖိုးရှိ တရုတ် သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံ မှာဖြစ်ကြောင်း ထရမ့်ကသြဂုတ်လကုန်ပိုင်းမှာ ကြေညာခဲ့ပါတယ်။ ယင်းကြေညာချက်အရ အမေရိကန်သို့ တင်သွင်းမည့် တရုတ် ကုန်ပစ္စည်း အားလုံးနီးပါးအပေါ် သက်ရောက်မှု ရှိမှာ ဖြစ်ပါတယ်။

နှစ်နိုင်ငံအကြား ဖြစ်ပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်မှုရှိလာပြီး ယင်းပြဿနာကြောင့် စီးပွားရေး တုံ့ဆိုင်း မှုလည်း ဖြစ်လာနိုင်ကြောင်း ရင်းနှီးမြှုပ်နှံသူများက ပြောပါတယ်။ နှစ်နိုင်ငံအကြား ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ထိရောက်သည့် တိုးတက်မှု၊ သဘောတူညီမှုများ မရရှိနိုင်သေးပေ။ တရုတ်နှင့် ကုန်သွယ်ရာတွင် မမျှမတဖြစ်မှု ကြောင့် အမေရိကန်အနေဖြင့် ဉာဏမူပိုင်ခွင့် ခိုးယူခြင်း၊ နည်းပညာအတင်းအဓမ္မရယူခြင်းကဲ့သို့ အကြောင်း ပြချက်များဖြင့် တရုတ်နိုင်ငံနှင့် ယခုကဲ့သို့ အငြင်းပွားမှုများ ပေါ်ပေါက်ရခြင်း ဖြစ်ပါတယ်။

တရုတ်ကုန်ပစ္စည်း ၁၇ မျိုးကို စက်တင်ဘာ ၁၇ ရက်မှ စတင်ပြီး အခွန်ကင်းလွတ်ခွင့်ပြုမည်ဟု တရုတ်အစိုးရက  စက်တင်ဘာ ၁၁ ရက် အစောပိုင်းမှာကြေညာခဲ့ပါတယ်။ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆွေးနွေးပွဲများကိုလည်း အောက်တိုဘာလအတွင်း ပြန်လည်ပြုလုပ်သွားဖွယ် ရှိနေပါတယ်။

Linko
Ref:bernama
ဝါရှင်တန်၊စက်တင်ဘာ ၁၂

(  Zawgyi  )

 တ႐ုတ္ႏိုင္ငံမွ တင္သြင္းမည့္ ကုန္ပစၥည္းအခ်ိဳ႕အေပၚ ေအာက္တိုဘာ ၁ ရက္တြင္ စတင္သက္ေရာက္မည့္ အခြန္ေကာက္ခံမႈကို ၂ ပတ္ခန႔္ ရပ္ဆိုင္းလိုက္ေၾကာင္း အေမရိကန္အစိုးရက စက္တင္ဘာ ၁၁ ရက္တြင္ ေၾကညာခ်က္အေပၚ ကိုးကား၍ Anadolu သတင္းေအဂ်င္စီက ေဖာ္ျပလိုက္ပါတယ္။

ေအာက္တိုဘာလတြင္ စတင္က်င္းပမည့္ ေခတ္သစ္တ႐ုတ္ႏိုင္ငံထူေထာင္မႈ ႏွစ္ ၇၀ ျပည့္အထိမ္း အမွတ္အတြက္ ျပင္ဆင္ေနသည့္ ေပက်င္း အစိုးရအတြက္ လိုက္ေလ်ာမႈအျဖစ္ ယခုဆုံးျဖတ္ခ်က္ကို ခ်ျခင္း ျဖစ္ေၾကာင္း သမၼတထရမ့္က ေျပာပါတယ္။“တ႐ုတ္ဒုသမၼတလ်ဴေဟးရဲ႕ ေမတၱာရပ္ခံခ်က္၊ ေအာက္တိုဘာ ၁ ရက္မွာ စတင္က်င္းပမယ့္ ႏွစ္ ၇၀ ျပည့္ အထိမ္းကို  တ႐ုတ္ႏိုင္ငံက က်င္းပမွာတို႔ေၾကာင့္  တ႐ုတ္ကုန္ ပစၥည္း ေဒၚလာ ၂၅၀ ဘီလ်ံအေပၚမွာ အခြန္ ၂၅ ရာခိုင္ႏႈန္းကေန ၃၀ အထိ တိုးျမႇင့္ ေကာက္ခံမယ့္ အစီအစဥ္ကို  ေအာက္တိုဘာ ၁ ရက္ကေန ၁၅ ရက္ကို ေ႐ႊ႕ဆိုင္းလိုက္ပါတယ္” ဟု ထရမ့္က သူ႔ရဲ တြစ္တာမွာ ေရးသားထားပါတယ္။

လာမည့္လမွစတင္ၿပီး လက္ရွိသတ္မွတ္ထားသည့္ အခြန္အပါအဝင္ ေဒၚလာ ၅၅၀ ဘီလ်ံတန္ဖိုးရွိ တ႐ုတ္ သြင္းကုန္မ်ားအေပၚ အခြန္တိုးျမႇင့္ေကာက္ခံ မွာျဖစ္ေၾကာင္း ထရမ့္ကၾသဂုတ္လကုန္ပိုင္းမွာ ေၾကညာခဲ့ပါတယ္။ ယင္းေၾကညာခ်က္အရ အေမရိကန္သို႔ တင္သြင္းမည့္ တ႐ုတ္ ကုန္ပစၥည္း အားလုံးနီးပါးအေပၚ သက္ေရာက္မႈ ရွိမွာ ျဖစ္ပါတယ္။

ႏွစ္ႏိုင္ငံအၾကား ျဖစ္ပြားေနသည့္ ကုန္သြယ္ေရးစစ္ပြဲေၾကာင့္ ကမာၻ႔စီးပြားေရးကို ထိခိုက္မႈရွိလာၿပီး ယင္းျပႆနာေၾကာင့္ စီးပြားေရး တုံ႔ဆိုင္း မႈလည္း ျဖစ္လာႏိုင္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံသူမ်ားက ေျပာပါတယ္။ ႏွစ္ႏိုင္ငံအၾကား ေဆြးေႏြးညႇိႏႈိင္းမႈမ်ား လုပ္ေဆာင္ခဲ့သည္မွာ တစ္ႏွစ္ေက်ာ္ၾကာျမင့္ခဲ့ၿပီ ျဖစ္ေသာ္လည္း ထိေရာက္သည့္ တိုးတက္မႈ၊ သေဘာတူညီမႈမ်ား မရရွိႏိုင္ေသးေပ။ တ႐ုတ္ႏွင့္ ကုန္သြယ္ရာတြင္ မမွ်မတျဖစ္မႈ ေၾကာင့္ အေမရိကန္အေနျဖင့္ ဉာဏမူပိုင္ခြင့္ ခိုးယူျခင္း၊ နည္းပညာအတင္းအဓမၼရယူျခင္းကဲ့သို႔ အေၾကာင္း ျပခ်က္မ်ားျဖင့္ တ႐ုတ္ႏိုင္ငံႏွင့္ ယခုကဲ့သို႔ အျငင္းပြားမႈမ်ား ေပၚေပါက္ရျခင္း ျဖစ္ပါတယ္။

တ႐ုတ္ကုန္ပစၥည္း ၁၇ မ်ိဳးကို စက္တင္ဘာ ၁၇ ရက္မွ စတင္ၿပီး အခြန္ကင္းလြတ္ခြင့္ျပဳမည္ဟု တ႐ုတ္အစိုးရက  စက္တင္ဘာ ၁၁ ရက္ အေစာပိုင္းမွာေၾကညာခဲ့ပါတယ္။ ႏွစ္ႏိုင္ငံအၾကား ကုန္သြယ္ေရးေဆြးေႏြးပြဲမ်ားကိုလည္း ေအာက္တိုဘာလအတြင္း ျပန္လည္ျပဳလုပ္သြားဖြယ္ ရွိေနပါတယ္။

Linko
Ref:bernama
ဝါရွင္တန္၊စက္တင္ဘာ ၁၂