တရုတ်သွင်းကုန်အပေါ် အခွန်သစ်ကောက်ခံမှု ဒီဇင်ဘာ ၁၅ အထိ အမေရိကန် ရွှေ့ဆိုင်း

တရုတ်သွင်းကုန်အပေါ် အခွန်သစ်ကောက်ခံမှု ဒီဇင်ဘာ ၁၅ အထိ အမေရိကန် ရွှေ့ဆိုင်း

အမေရိကန်ပြည်ထောင်စုက တရုတ်မှ တင်ပို့သည့် အရေးပါသော ကုန်စည်အချို့အပေါ် စက်တင်ဘာ ၁ ရက်မှ စတင်ကာ အခွန်သစ် ၁၀ ရာခိုင်နူန်း ထပ်တိုးကောက်ခံဖို့  သမ္မတ ဒေါ်နယ်လ်ထရမ့် က ချမှတ်ထားမှုကို လာမည့် ထပ်မံရွှေ့ဆိုင်းကြောင်း အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက ပြောရာမှာ အခွန်သစ် ထပ်တိုးကောက်ခံရန် စီစဉ်ထားတဲ့ လက်တော့ပ်၊ ကွန်ပျူတာမော်နီတာ၊ ဆဲလ်ဖုန်း၊ ဗီဒီယိုဂိမ်းပစ္စည်းများ၊ အရုပ်အချို့နှင့် အဝတ်အစားတွေကို ဒီဇင်ဘာ ၁၅ ရက်မတိုင်မီအထိ ရွှေ့ဆိုင်းလိုက်တယ် ဆိုပါတယ်။အခုလို ရွှေ့ဆိုင်းလိုက်တဲ့အတွက် အမေရိကန် စားသုံးသူတွေအတွက် လာမယ့် ဒီဇင်ဘာအားလပ်ရက်မှာ မိသားစုဝင်နဲ့ သူငယ်ချင်းတွေကို လက်ဆောင်ပေးရာမှာ အကျိုးရှိစေမှာဖြစ်ပါတယ်။

အဆိုပါကိုယ်စားလှယ်ရုံးက "ကျန်းမာရေး၊ လုံခြုံစိတ်ချရမှု၊ အမျိုးသားလုံခြုံရေးနဲ့ အခြားအကြောင်းအချက်တွေအပေါ် အခြေခံပြီး သီးခြားခွဲခြားထားတဲ့ တရုတ်သွင်းကုန်တွေကို  ကင်းလွတ်ခွင့်ပေးခဲ့တာလို့" ထပ်မံဖြည့်စွက် ပြောခဲ့ပါတယ်။

ဒါပေမယ့် အမျိုးအမည်စုံတဲ့ တခြားတရုတ်သွင်းကုန်တွေအပေါ် အခွန်ကောက်ခံမှု အသစ်ရှိနေမှာဖြစ်တယ်လို့ အမေရိကန် ကုန်သွယ်ရေးရုံးကဆိုပြီး ကောက်ခံမယ့် ကုန်စည်စာရင်းတွေကို မကြာခင်ကြေညာမယ်လို့ ဆိုပါတယ်။

နယူးယောက် စတော့ဈေးကွက်မှာ ရက်ပိုင်းအတွင်း ကျဆင်းနေတဲ့ စတော့ဈေးက ယခုလို အခွန်ကောက်ခံမှုအသစ် ရွှေ့ဆိုင်းတဲ့ သတင်းကြောင့် နယူးယောက်ဈေးကွက်အတွင်း ၁ ဒသမ ၆ ရာခိုင်နူန်း ခုန်တက်သွားခဲ့ပါတယ်။

ဒီအခွန်သစ်ကောက်ခံမှု ရွှေ့ဆိုင်းတဲ့ သတင်းကို နယူးဂျာစီမှာ ပြုလုပ်တဲ့ ဂေါ့ဖ်ရိုက်ခရီးအတွင်း ကြေညာခဲ့တာဖြစ်ပြီး ဒါဟာ တရုတ်နဲ့ ကုန်သွယ်ရေးပဋိပက္ခအတွက် သူ့ရဲ့ ကုန်သွယ်ရေးအတွက် ခုခံခြင်းဘဲ ဖြစ်ပါတယ်။

Linko
Ref : VOA
ဝါရှင်တန်၊ သြဂုတ် - ၁၄

( Zawgyi )

အေမရိကန္ျပည္ေထာင္စုက တ႐ုတ္မွ တင္ပို႔သည့္ အေရးပါေသာ ကုန္စည္အခ်ိဳ႕အေပၚ စက္တင္ဘာ ၁ ရက္မွ စတင္ကာ အခြန္သစ္ ၁၀ ရာခိုင္ႏူန္း ထပ္တိုးေကာက္ခံဖို႔  သမၼတ ေဒၚနယ္လ္ထရမ့္ က ခ်မွတ္ထားမႈကို လာမည့္ ထပ္မံေ႐ႊ႕ဆိုင္းေၾကာင္း အဂၤါေန႔က ထုတ္ျပန္ခဲ့ပါတယ္။

အေမရိကန္ ကုန္သြယ္ေရးကိုယ္စားလွယ္႐ုံးက ေျပာရာမွာ အခြန္သစ္ ထပ္တိုးေကာက္ခံရန္ စီစဥ္ထားတဲ့ လက္ေတာ့ပ္၊ ကြန္ပ်ဴတာေမာ္နီတာ၊ ဆဲလ္ဖုန္း၊ ဗီဒီယိုဂိမ္းပစၥည္းမ်ား၊ အ႐ုပ္အခ်ိဳ႕ႏွင့္ အဝတ္အစားေတြကို ဒီဇင္ဘာ ၁၅ ရက္မတိုင္မီအထိ ေ႐ႊ႕ဆိုင္းလိုက္တယ္ ဆိုပါတယ္။အခုလို ေ႐ႊ႕ဆိုင္းလိုက္တဲ့အတြက္ အေမရိကန္ စားသုံးသူေတြအတြက္ လာမယ့္ ဒီဇင္ဘာအားလပ္ရက္မွာ မိသားစုဝင္နဲ႔ သူငယ္ခ်င္းေတြကို လက္ေဆာင္ေပးရာမွာ အက်ိဳးရွိေစမွာျဖစ္ပါတယ္။

အဆိုပါကိုယ္စားလွယ္႐ုံးက "က်န္းမာေရး၊ လုံၿခဳံစိတ္ခ်ရမႈ၊ အမ်ိဳးသားလုံၿခဳံေရးနဲ႔ အျခားအေၾကာင္းအခ်က္ေတြအေပၚ အေျခခံၿပီး သီးျခားခြဲျခားထားတဲ့ တ႐ုတ္သြင္းကုန္ေတြကို  ကင္းလြတ္ခြင့္ေပးခဲ့တာလို႔" ထပ္မံျဖည့္စြက္ ေျပာခဲ့ပါတယ္။

ဒါေပမယ့္ အမ်ိဳးအမည္စုံတဲ့ တျခားတ႐ုတ္သြင္းကုန္ေတြအေပၚ အခြန္ေကာက္ခံမႈ အသစ္ရွိေနမွာျဖစ္တယ္လို႔ အေမရိကန္ ကုန္သြယ္ေရး႐ုံးကဆိုၿပီး ေကာက္ခံမယ့္ ကုန္စည္စာရင္းေတြကို မၾကာခင္ေၾကညာမယ္လို႔ ဆိုပါတယ္။

နယူးေယာက္ စေတာ့ေဈးကြက္မွာ ရက္ပိုင္းအတြင္း က်ဆင္းေနတဲ့ စေတာ့ေဈးက ယခုလို အခြန္ေကာက္ခံမႈအသစ္ ေ႐ႊ႕ဆိုင္းတဲ့ သတင္းေၾကာင့္ နယူးေယာက္ေဈးကြက္အတြင္း ၁ ဒသမ ၆ ရာခိုင္ႏူန္း ခုန္တက္သြားခဲ့ပါတယ္။

ဒီအခြန္သစ္ေကာက္ခံမႈ ေ႐ႊ႕ဆိုင္းတဲ့ သတင္းကို နယူးဂ်ာစီမွာ ျပဳလုပ္တဲ့ ေဂါ့ဖ္႐ိုက္ခရီးအတြင္း ေၾကညာခဲ့တာျဖစ္ၿပီး ဒါဟာ တ႐ုတ္နဲ႔ ကုန္သြယ္ေရးပဋိပကၡအတြက္ သူ႔ရဲ႕ ကုန္သြယ္ေရးအတြက္ ခုခံျခင္းဘဲ ျဖစ္ပါတယ္။

Linko
Ref : VOA
ဝါရွင္တန္၊ ၾသဂုတ္ - ၁၄