တရုတ်-ဂျပန်မဟာဗျူဟာမြောက်ဆွေးနွေးမှု ပြန်လည်စတင်

တရုတ်-ဂျပန်မဟာဗျူဟာမြောက်ဆွေးနွေးမှု ပြန်လည်စတင်

ခုနစ်နှစ်ကြာရပ်ဆိုင်းထားတဲ့ တရုတ်-ဂျပန်ဆွေးနွေးပြောဆိုမှု ပြန်စနေပြီဖြစ်တယ်လို့သိရပါတယ်။ တရုတ်နဲ့ ဂျပန်အကြား ချစ်ကြည်တဲ့ဆက်ဆံရေးရှိမှုဟာ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေသလို၊ ဒေသတွင်း အကျိုးစီးပွားလည်း ဖြစ်ထွန်းစေတယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုပါတယ်။

အခုလ ၁၀ရက်နေ့ပြန်စတဲ့ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံကိုယ်စားလှယ်အဖြစ် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Le Yuchengနဲ့ ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ Takeo Akibaတို့ ဂျပန်နိုင်ငံ နာဂါနိုစီရင်စုမှာ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ တွေ့ဆုံစဉ်မှာ နှစ်နိုင်ငံဆက်ဆံရေး၊ ဒေသတွင်း အရေးကိစ္စအပါအဝင် သမ္မတရှီကျင်းပင်နဲ့ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးတို့ ဂျီ၂၀ ထိပ်သီး အစည်းအဝေး မှာရရှိခဲ့တဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ကိစ္စရပ်တွေကို ဆွေးနွေးပြောဆိုခဲ့ကြ ပါတယ်။

တရုတ်နဲ့ ဂျပန်အကြားဆွေးနွေးပွဲတွေပြန်စတာနဲ့ပတ်သက်လို့ တရုတ်လူမှုရေးသိပ္ပံအင်စတီကျူ၊ ဂျပန်ရေးရာသုတေသနဌာနမှ သုတသနပညာရှင် Lu Haoကလည်း အခုလိုဆွေးနွေး မှုတွေပြန်စ တာဟာ နှစ်နိုင်ငံဆက်ဆံရေးလမ်းကြောင်းမှန်ပေါ် ပြန်ရောက်နိုင်ဖို့တွန်းအားဖြစ်သလို၊ နီးကပ်တဲ့ ဆက်ဆံ ရေးဖြစ်အောင်လည်း တွန်းအားဖြစ်စေတယ်လို့ ဆိုပါတယ်။

တောင်တရုတ်ပင်လယ်အရေးကိစ္စအငြင်းပွားရာကနေ မဟာဗျူဟာမြောက်ဆွေးနွေးပွဲတွေအပါအဝင် အပြန်အလှန်ဖလှယ်ရေးနဲ့ ဆက်သွယ်ရေးတွေပါ ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။ တရုတ်နဲ့ ဂျပန် ဟာ ကမ္ဘာ့စီးပွားရေးမှာ ဒုတိယနဲ့ တတိယအကြီးဆုံးနိုင်ငံ တွေဖြစ်လို့ အခုလိုဆွေးနွေးပွဲပြန်လည်ဖြစ်မြောက် လာတာဟာ နှစ်နိုင်ငံဆက်ဆံရေးကဏ္ဍအပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးနဲ့ နိုင်ငံတကာအရေးကိစ္စမှာပါ အကျိုးရှိစေတယ်လို့ မစ္စတာ Luက ပြောပါတယ်။

အိုဆာကာဂျီ၂၀ထိပ်သီးညီလာခံမှာ သမ္မတရှီနဲ့ ဝန်ကြီးချုပ်ရှင်ဇိုအားဘေးတို့ တွေ့ဆုံခဲ့မှုက အကျိုးရှိ ပါကြောင်း၊ သမ္မတရှီအနေနဲ့ နောင်နှစ်နွေရာသီမှာ မိမိတို့ဂျပန်နိုင်ငံကိုလာရောက်ဖို့ မျှော်လင့်သလို၊ တရုတ်နိုင်ငံနဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ပြီး ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကို လက်တွဲရင်ဆိုင်ကျော်ဖြတ်မယ်လို့ သြဂုတ်လ ၉ ရက်နေ့ တရုတ်နိုင်ငံခြားရေးဒုဝန်ကြီးနဲ့တွေ့ဆုံစဉ်မှာ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးတာရိုကိုနိုက ပြောကြားခဲ့ပါတယ်။

 တရုတ်-ဂျပန်ဆက်ဆံရေးဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း နွေးထွေးမှုအရိပ်လက္ခဏာဆောင်ပြီး၊ ယှဉ်ပြိုင် မှုမှသည် ပူပေါင်းဆောင်ရွက်မှုအဆင့်အထိ ဆက်ဆံရေးကဏ္ဍသစ် အရှိန်အဟုန်မြင့် တိုးတက် လာတာ တွေ့ရတယ်လို့လည်း တရုတ်နိုင်ငံ ခြားရေးရာတက္ကသိုလ် ဂျပန်နိုင်ငံလေ့လာရေးဌာန ဒုတိယညွန်ကြားရေးမှူး ပါမောက္ခ Zhou Yongshengက သုံးသပ်ပြောကြားပါတယ်။
 
ရည်မွန်
Ref: china.org.cn
ဘေကျင်း၊ သြဂုတ် ၁၂

(  Zawgyi  )

 ခုနစ္ႏွစ္ၾကာရပ္ဆိုင္းထားတဲ့ တ႐ုတ္-ဂ်ပန္ေဆြးေႏြးေျပာဆိုမႈ ျပန္စေနၿပီျဖစ္တယ္လို႔သိရပါတယ္။ တ႐ုတ္နဲ႔ ဂ်ပန္အၾကား ခ်စ္ၾကည္တဲ့ဆက္ဆံေရးရွိမႈဟာ ႏွစ္ႏိုင္ငံအက်ိဳးျဖစ္ထြန္းေစသလို၊ ေဒသတြင္း အက်ိဳးစီးပြားလည္း ျဖစ္ထြန္းေစတယ္လို႔လည္း ကြၽမ္းက်င္သူေတြက သုံးသပ္ေျပာဆိုပါတယ္။

အခုလ ၁၀ရက္ေန႔ျပန္စတဲ့ေဆြးေႏြးပြဲမွာ တ႐ုတ္ႏိုင္ငံကိုယ္စားလွယ္အျဖစ္ ဒုတိယႏိုင္ငံျခားေရး ဝန္ႀကီး Le Yuchengနဲ႔ ဂ်ပန္ႏိုင္ငံ ဒုတိယႏိုင္ငံျခားေရးဝန္ႀကီးျဖစ္တဲ့ Takeo Akibaတို႔ ဂ်ပန္ႏိုင္ငံ နာဂါႏိုစီရင္စုမွာ ေတြ႕ဆုံေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။ ေတြ႕ဆုံစဥ္မွာ ႏွစ္ႏိုင္ငံဆက္ဆံေရး၊ ေဒသတြင္း အေရးကိစၥအပါအဝင္ သမၼတရွီက်င္းပင္နဲ႔ ဝန္ႀကီးခ်ဳပ္ရွင္ဇိုအာေဘးတို႔ ဂ်ီ၂၀ ထိပ္သီး အစည္းအေဝး မွာရရွိခဲ့တဲ့ သေဘာတူညီခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ကိစၥရပ္ေတြကို ေဆြးေႏြးေျပာဆိုခဲ့ၾက ပါတယ္။

တ႐ုတ္နဲ႔ ဂ်ပန္အၾကားေဆြးေႏြးပြဲေတြျပန္စတာနဲ႔ပတ္သက္လို႔ တ႐ုတ္လူမႈေရးသိပၸံအင္စတီက်ဴ၊ ဂ်ပန္ေရးရာသုေတသနဌာနမွ သုတသနပညာရွင္ Lu Haoကလည္း အခုလိုေဆြးေႏြး မႈေတြျပန္စ တာဟာ ႏွစ္ႏိုင္ငံဆက္ဆံေရးလမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ႏိုင္ဖို႔တြန္းအားျဖစ္သလို၊ နီးကပ္တဲ့ ဆက္ဆံ ေရးျဖစ္ေအာင္လည္း တြန္းအားျဖစ္ေစတယ္လို႔ ဆိုပါတယ္။

ေတာင္တ႐ုတ္ပင္လယ္အေရးကိစၥအျငင္းပြားရာကေန မဟာဗ်ဴဟာေျမာက္ေဆြးေႏြးပြဲေတြအပါအဝင္ အျပန္အလွန္ဖလွယ္ေရးနဲ႔ ဆက္သြယ္ေရးေတြပါ ရပ္ဆိုင္းခဲ့တာ ျဖစ္ပါတယ္။ တ႐ုတ္နဲ႔ ဂ်ပန္ ဟာ ကမာၻ႔စီးပြားေရးမွာ ဒုတိယနဲ႔ တတိယအႀကီးဆုံးႏိုင္ငံ ေတြျဖစ္လို႔ အခုလိုေဆြးေႏြးပြဲျပန္လည္ျဖစ္ေျမာက္ လာတာဟာ ႏွစ္ႏိုင္ငံဆက္ဆံေရးက႑အျပင္ ေဒသတြင္း တည္ၿငိမ္ေအးခ်မ္းေရး၊ သာယာဝေျပာေရးနဲ႔ ႏိုင္ငံတကာအေရးကိစၥမွာပါ အက်ိဳးရွိေစတယ္လို႔ မစၥတာ Luက ေျပာပါတယ္။

အိုဆာကာဂ်ီ၂၀ထိပ္သီးညီလာခံမွာ သမၼတရွီနဲ႔ ဝန္ႀကီးခ်ဳပ္ရွင္ဇိုအားေဘးတို႔ ေတြ႕ဆုံခဲ့မႈက အက်ိဳးရွိ ပါေၾကာင္း၊ သမၼတရွီအေနနဲ႔ ေနာင္ႏွစ္ေႏြရာသီမွာ မိမိတို႔ဂ်ပန္ႏိုင္ငံကိုလာေရာက္ဖို႔ ေမွ်ာ္လင့္သလို၊ တ႐ုတ္ႏိုင္ငံနဲ႔ က႑စုံ ပူးေပါင္းေဆာင္႐ြက္ၿပီး ကမာၻလုံးဆိုင္ရာစိန္ေခၚမႈေတြကို လက္တြဲရင္ဆိုင္ေက်ာ္ျဖတ္မယ္လို႔ ၾသဂုတ္လ ၉ ရက္ေန႔ တ႐ုတ္ႏိုင္ငံျခားေရးဒုဝန္ႀကီးနဲ႔ေတြ႕ဆုံစဥ္မွာ ဂ်ပန္ႏိုင္ငံျခားေရး ဝန္ႀကီးတာ႐ိုကိုႏိုက ေျပာၾကားခဲ့ပါတယ္။

 တ႐ုတ္-ဂ်ပန္ဆက္ဆံေရးဟာ ၿပီးခဲ့တဲ့ႏွစ္ပိုင္းအတြင္း ေႏြးေထြးမႈအရိပ္လကၡဏာေဆာင္ၿပီး၊ ယွဥ္ၿပိဳင္ မႈမွသည္ ပူေပါင္းေဆာင္႐ြက္မႈအဆင့္အထိ ဆက္ဆံေရးက႑သစ္ အရွိန္အဟုန္ျမင့္ တိုးတက္ လာတာ ေတြ႕ရတယ္လို႔လည္း တ႐ုတ္ႏိုင္ငံ ျခားေရးရာတကၠသိုလ္ ဂ်ပန္ႏိုင္ငံေလ့လာေရးဌာန ဒုတိယၫြန္ၾကားေရးမႉး ပါေမာကၡ Zhou Yongshengက သုံးသပ္ေျပာၾကားပါတယ္။
 
ရည္မြန္
Ref: china.org.cn
ေဘက်င္း၊ ၾသဂုတ္ ၁၂