တာလီဘန်တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးတော့မည်မဟုတ်ဟု သမ္မတထရမ့်ပြော

တာလီဘန်တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးတော့မည်မဟုတ်ဟု သမ္မတထရမ့်ပြော

တာလီဘန်တို့နှင့် ညှိနှိုင်းဆွေးနွေးမှုကို လုပ်ဆောင်တော်မည်မဟုတ်ကြောင်းနှင့် အာဖဂန်နစ္စတန်စစ်ပွဲ ပြီးဆုံးရေးအတွက် ဆွေးနွေးရန် စိတ်မဝင်စားတော့ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စက်တင်ဘာ ၉ ရက်မှာ ပြောကြားလိုက်ပါတယ်။“အဲဒီကိစ္စကို ဆွေးနွေး ဖို့ မမျှော်လင့်တော့ပါဘူး။ ဘာမှမဆွေးနွေးတော့ဘူး” ဟု ထရမ့်က ပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် အပြီးသတ်ဆွေးနွေးရန် တာလီဘန်၊ အာဖဂန်နစ္စတန်ခေါင်းဆောင်များနှင့် Camp David တွင် ပြုလုပ်မည့် ဆွေးနွေးပွဲ ပျက်ပြားသွားခြင်းအပေါ် မည်ကဲ့သို့ ဆက်ဖြစ်လာမည်ကို အစိုးရအဖွဲ့အတွင်း မည်သူကမျှ အဖြေမပေးနိုင်ချိန်တွင် သမ္မတထရမ့်က ယခုကဲ့သို့ ပြတ်သားစွာ ပြောကြားလိုက်ခြင်းပဲ ဖြစ်ပါတယ်။

မြောက်ကယ်ရိုလိုင်းနားသို့ မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွက် ထွက်ခွာချိန်တွင် သမ္မတထရမ့်က ယခုကဲ့သို့ မှတ်ချက်ပြုလိုက်ခြင်း ဖြစ်ပြီး ယင်းမှတ်ချက်မထွက်ပေါ်မီ နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပိုက တာလီဘန်နှင့် ဆွေးနွေးမှုများ ဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။ တနင်္ဂနွေစကားဝိုင်း အင်တာဗျူးတွင် ပွန်ပီယိုက လက်ရှိအချိန်တွင် ဆွေးနွေးမှုများ မဖြစ်တော့သော်လည်း တိုးတက်မှုများ ရရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်အစိုးရ ညှိနှိုင်းရေးမှူး ဇယ်မေခါလီဇက်သည် လက်ရှိဖြစ်ပေါ်ခဲ့သည့် အကြောင်းအရာများနှင့် ဆက်လက်လုပ်ဆောင်မည့်အရာများကို အစိုးရထိပ်တန်းအရာရှိကြီးများနှင့် ဆွေးနွေးရန် စက်တင်ဘာ ၉ ရက်က ဝါရှင်တန်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။တာလီဘန်အရေးနှင့် ပတ်သက်၍ အစိုးရအဖွဲ့အတွင်း သဘောထား ကွဲလွဲမှုများတွင် ပွန်ပီယိုက ဆွေးနွေးမှုကို လိုလားပြီး အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန် က ဆန့်ကျင်ကာ မူဝါဒရေးရာတွင် ၎င်းတို့နှစ်ဦးကြား အသာစီးရရန် လုပ်ဆောင်နေသလို သမ္မတ၏ သဘောထားကလည်း မတူညီမှုျများ ဖြစ်နေကြောင်း အစိုးရအတွင်းရေးကို အမည်ဖော်အသိမပေးလိုသူ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားပါတယ်။

ဘော်လတန်နှင့် ပွန်ပီယိုတို့အကြား သဘောထားကွဲလွဲမှုရှိကြောင်း ပြောကြားလိုက်သည့် နောက်ထပ်အရာရှိ တစ်ဦးက သမ္မတထရမ့်သည် မြောက်ကိုရီးယားနှင့် အီရန်တို့ကို ခြိမ်းခြောက်ပြီးနောက်မှ  ဆွေးနွေးရန် လိုလား ခဲ့သလို တာလီဘန်တို့နှင့်လည်း ဆွေးနွေးမှုများ ပြန်လည် လုပ်ဆောင်လာနိုင်ကြောင်း ပြောကြားပါတယ်။

တာလီဘန်တို့နှင့် ဆွေးနွေးမှုများ မသေချာသေးသကဲ့သို့ စစ်ဘက်အရာရှိများအနေဖြင့်လည်း အမေရိကန် တပ်ဖွဲ့များ ရုပ်သိမ်းရေး ကိစ္စအပေါ် မသိရှိနိုင်သေးပေ။

Linko
Ref: Stars Stripes
ဝါရှင်တန်၊စက်တင်ဘာ ၁၀

(  Zawgyi  )

 တာလီဘန္တို႔ႏွင့္ ညႇိႏႈိင္းေဆြးေႏြးမႈကို လုပ္ေဆာင္ေတာ္မည္မဟုတ္ေၾကာင္းႏွင့္ အာဖဂန္နစၥတန္စစ္ပြဲ ၿပီးဆုံးေရးအတြက္ ေဆြးေႏြးရန္ စိတ္မဝင္စားေတာ့ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က စက္တင္ဘာ ၉ ရက္မွာ ေျပာၾကားလိုက္ပါတယ္။“အဲဒီကိစၥကို ေဆြးေႏြး ဖို႔ မေမွ်ာ္လင့္ေတာ့ပါဘူး။ ဘာမွမေဆြးေႏြးေတာ့ဘူး” ဟု ထရမ့္က ေျပာပါတယ္။

ၿငိမ္းခ်မ္းေရးအတြက္ အၿပီးသတ္ေဆြးေႏြးရန္ တာလီဘန္၊ အာဖဂန္နစၥတန္ေခါင္းေဆာင္မ်ားႏွင့္ Camp David တြင္ ျပဳလုပ္မည့္ ေဆြးေႏြးပြဲ ပ်က္ျပားသြားျခင္းအေပၚ မည္ကဲ့သို႔ ဆက္ျဖစ္လာမည္ကို အစိုးရအဖြဲ႕အတြင္း မည္သူကမွ် အေျဖမေပးႏိုင္ခ်ိန္တြင္ သမၼတထရမ့္က ယခုကဲ့သို႔ ျပတ္သားစြာ ေျပာၾကားလိုက္ျခင္းပဲ ျဖစ္ပါတယ္။

ေျမာက္ကယ္႐ိုလိုင္းနားသို႔ မဲဆြယ္စည္း႐ုံးေရးခရီးစဥ္အတြက္ ထြက္ခြာခ်ိန္တြင္ သမၼတထရမ့္က ယခုကဲ့သို႔ မွတ္ခ်က္ျပဳလိုက္ျခင္း ျဖစ္ၿပီး ယင္းမွတ္ခ်က္မထြက္ေပၚမီ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ခ္ပြန္ပိုက တာလီဘန္ႏွင့္ ေဆြးေႏြးမႈမ်ား ျဖစ္ႏိုင္ေသးေၾကာင္း ေျပာၾကားခဲ့ပါတယ္။ တနဂၤေႏြစကားဝိုင္း အင္တာဗ်ဴးတြင္ ပြန္ပီယိုက လက္ရွိအခ်ိန္တြင္ ေဆြးေႏြးမႈမ်ား မျဖစ္ေတာ့ေသာ္လည္း တိုးတက္မႈမ်ား ရရွိၿပီးျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

အေမရိကန္အစိုးရ ညႇိႏႈိင္းေရးမႉး ဇယ္ေမခါလီဇက္သည္ လက္ရွိျဖစ္ေပၚခဲ့သည့္ အေၾကာင္းအရာမ်ားႏွင့္ ဆက္လက္လုပ္ေဆာင္မည့္အရာမ်ားကို အစိုးရထိပ္တန္းအရာရွိႀကီးမ်ားႏွင့္ ေဆြးေႏြးရန္ စက္တင္ဘာ ၉ ရက္က ဝါရွင္တန္သို႔ ျပန္လည္ေရာက္ရွိလာခဲ့ပါတယ္။တာလီဘန္အေရးႏွင့္ ပတ္သက္၍ အစိုးရအဖြဲ႕အတြင္း သေဘာထား ကြဲလြဲမႈမ်ားတြင္ ပြန္ပီယိုက ေဆြးေႏြးမႈကို လိုလားၿပီး အမ်ိဳးသားလုံၿခဳံေရးအႀကံေပး ဂြၽန္ေဘာ္လ္တန္ က ဆန႔္က်င္ကာ မူဝါဒေရးရာတြင္ ၎တို႔ႏွစ္ဦးၾကား အသာစီးရရန္ လုပ္ေဆာင္ေနသလို သမၼတ၏ သေဘာထားကလည္း မတူညီမႈ်မ်ား ျဖစ္ေနေၾကာင္း အစိုးရအတြင္းေရးကို အမည္ေဖာ္အသိမေပးလိုသူ ထိပ္တန္းအရာရွိတစ္ဦးက ေျပာၾကားပါတယ္။

ေဘာ္လတန္ႏွင့္ ပြန္ပီယိုတို႔အၾကား သေဘာထားကြဲလြဲမႈရွိေၾကာင္း ေျပာၾကားလိုက္သည့္ ေနာက္ထပ္အရာရွိ တစ္ဦးက သမၼတထရမ့္သည္ ေျမာက္ကိုရီးယားႏွင့္ အီရန္တို႔ကို ၿခိမ္းေျခာက္ၿပီးေနာက္မွ  ေဆြးေႏြးရန္ လိုလား ခဲ့သလို တာလီဘန္တို႔ႏွင့္လည္း ေဆြးေႏြးမႈမ်ား ျပန္လည္ လုပ္ေဆာင္လာႏိုင္ေၾကာင္း ေျပာၾကားပါတယ္။

တာလီဘန္တို႔ႏွင့္ ေဆြးေႏြးမႈမ်ား မေသခ်ာေသးသကဲ့သို႔ စစ္ဘက္အရာရွိမ်ားအေနျဖင့္လည္း အေမရိကန္ တပ္ဖြဲ႕မ်ား ႐ုပ္သိမ္းေရး ကိစၥအေပၚ မသိရွိႏိုင္ေသးေပ။

Linko
Ref: Stars Stripes
ဝါရွင္တန္၊စက္တင္ဘာ ၁၀