တာလီဘန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး အာဖဂန်သို့ ရောက်ရှိ

တာလီဘန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး အာဖဂန်သို့ ရောက်ရှိ

တာလီဘန်တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန် အမေရိကန် ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါသည် အာဖဂန်နစ္စတန်နိုင်ငံကို ရောက်ရှိနေပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးမည့် အစီအစဉ်ရပ်ဆိုင်းထားရခြင်းနှင့် လက်နက်ကိုင်အုပ်စုများက ဆက်လက် တိုက်ခိုက် နေခြင်းတို့ကြောင့် အမေရိကန်အနေဖြင့် အဆိုပါနိုင်ငံသို့ စေလွှတ်ထားသည့် တပ်ဖွဲ့ဝင်များအနက်မှ ၅၀၀၀ ကျော်ကို ပြန်လည်ခေါ်ယူရန် ကတိပြု ထားသော်လည်း မလုပ်ဆောင်နိုင်သေးခြင်းပဲ ဖြစ်ပါတယ်။

အက်စ်ပါက ၎င်းနှင့်အတူပါလာသည့် သတင်းထောက်များအား အမေရိကန်အနေဖြင့် အယ်လ်ကိုင်ဒါနှင့် အိုက်စစ် အုပ်စုများအား တိုက်ခိုက်နေမှု ကို မထိခိုက်စေဘဲ တပ်ဖွဲ့ဝင် ၈၆၀၀ အထိ သာ ကျန်ရှိအောင် လျှော့ချသွားနိုင်လိမ့် မည်ဟု ယူဆထားကြောင်း ပြောကြားပါတယ်။သို့သော် တာလီဘန်တို့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပြီးမှသာ တပ်ဖွဲ့များ လျှော့ချရေးကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားပါတယ်။အာဖဂန်ရှိ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့တွင် အမေရိကန်တပ်ဖွဲ့ဝင် ၁၄၀၀၀ ခန့် ပါဝင်ပါတယ်။ အမေရိကန်တပ်ဖွဲ့များအနေဖြင့် အာဖဂန်တပ်များကို လေ့ကျင့်ပေးခြင်းနှင့် အကြမ်းဖက်နှိမ်နှင်းရေး များကို ဆောင်ရွက်ရပါတယ်။

တာလီဘန်နှင့် နောက်ဆုံးသဘောတူညီချက်ကို ကမ့်ဒေးဗစ် အပန်းဖြေစခန်းတွင် လက်မှတ်ရေးထိုးရန် ပြီးခဲ့သည့် လအတွင်းက စီစဉ်ခဲ့သော် လည်း တာလီဘန်တို့၏ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းနှင့် အမေရိကန်စစ်သား တစ်ဦး သေဆုံးခဲ့ခြင်းတို့ကြောင့် သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးမည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့သလို ကနဦး သဘောတူညီချက်များကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ၎င်းက ကြေညာ ခဲ့ပါတယ်။

“ငြိမ်းချမ်းရေး သဘောတူညီချက်အတွက် အတိုင်းအတာတစ်ခုအထိ ရရှိအောင် လုပ်ဆောင်သွားမှာပါ” ဟု အာဖဂန်သို့ ကာကွယ်ရေးဝန်ကြီး အဖြစ် ပထမဆုံး  ရောက်ရှိလာသူ အက်စ်ပါက ပြောကြားပါတယ်။ငြိမ်းချမ်းရေး သဘောတူစာချုပ်အသစ်ရရှိရန် မည်မျှ အချိန်ကြာမြင့်မည်ကို မသိရှိသေးကြောင်းလည်း ၎င်းက ပြောပါတယ်။ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်သူ ခါလီဇက်က အောက်တိုဘာလအစောပိုင်းအတွင်း တာလီဘန်အဖွဲ့ နှင့် ပါကစ္စတန်နိုင်ငံ၊ အစ္စလာမာဘတ်၌ တွေ့ဆုံခဲ့သော်လည်း တိုးတက်မှု မည်မျှအထိရှိခဲ့ကြောင်း မပြောကြားခဲ့ပေ။

Linko
Ref: Al Jazeera
ကဘူးလ်၊အောက်တိုဘာ ၂၁

(  Zawgyi  )

 တာလီဘန္တို႔ႏွင့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲမ်ား ျပန္လည္စတင္ႏိုင္ရန္ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး မာ့ခ္အက္စ္ပါသည္ အာဖဂန္နစၥတန္ႏိုင္ငံကို ေရာက္ရွိေနပါတယ္။ၿငိမ္းခ်မ္းေရးေဆြးေႏြးမည့္ အစီအစဥ္ရပ္ဆိုင္းထားရျခင္းႏွင့္ လက္နက္ကိုင္အုပ္စုမ်ားက ဆက္လက္ တိုက္ခိုက္ ေနျခင္းတို႔ေၾကာင့္ အေမရိကန္အေနျဖင့္ အဆိုပါႏိုင္ငံသို႔ ေစလႊတ္ထားသည့္ တပ္ဖြဲ႕ဝင္မ်ားအနက္မွ ၅၀၀၀ ေက်ာ္ကို ျပန္လည္ေခၚယူရန္ ကတိျပဳ ထားေသာ္လည္း မလုပ္ေဆာင္ႏိုင္ေသးျခင္းပဲ ျဖစ္ပါတယ္။

အက္စ္ပါက ၎ႏွင့္အတူပါလာသည့္ သတင္းေထာက္မ်ားအား အေမရိကန္အေနျဖင့္ အယ္လ္ကိုင္ဒါႏွင့္ အိုက္စစ္ အုပ္စုမ်ားအား တိုက္ခိုက္ေနမႈ ကို မထိခိုက္ေစဘဲ တပ္ဖြဲ႕ဝင္ ၈၆၀၀ အထိ သာ က်န္ရွိေအာင္ ေလွ်ာ့ခ်သြားႏိုင္လိမ့္ မည္ဟု ယူဆထားေၾကာင္း ေျပာၾကားပါတယ္။သို႔ေသာ္ တာလီဘန္တို႔ႏွင့္ ၿငိမ္းခ်မ္းေရး ေဆြးေႏြးၿပီးမွသာ တပ္ဖြဲ႕မ်ား ေလွ်ာ့ခ်ေရးကို လုပ္ေဆာင္ႏိုင္မည္ျဖစ္ေၾကာင္း ၎က ေျပာၾကားပါတယ္။အာဖဂန္ရွိ အေမရိကန္ဦးေဆာင္ေသာ ၫြန႔္ေပါင္းတပ္ဖြဲ႕တြင္ အေမရိကန္တပ္ဖြဲ႕ဝင္ ၁၄၀၀၀ ခန႔္ ပါဝင္ပါတယ္။ အေမရိကန္တပ္ဖြဲ႕မ်ားအေနျဖင့္ အာဖဂန္တပ္မ်ားကို ေလ့က်င့္ေပးျခင္းႏွင့္ အၾကမ္းဖက္ႏွိမ္ႏွင္းေရး မ်ားကို ေဆာင္႐ြက္ရပါတယ္။

တာလီဘန္ႏွင့္ ေနာက္ဆုံးသေဘာတူညီခ်က္ကို ကမ့္ေဒးဗစ္ အပန္းေျဖစခန္းတြင္ လက္မွတ္ေရးထိုးရန္ ၿပီးခဲ့သည့္ လအတြင္းက စီစဥ္ခဲ့ေသာ္ လည္း တာလီဘန္တို႔၏ အၾကမ္းဖက္မႈမ်ား ျမင့္တက္လာျခင္းႏွင့္ အေမရိကန္စစ္သား တစ္ဦး ေသဆုံးခဲ့ျခင္းတို႔ေၾကာင့္ သမၼတေဒၚနယ္ထရမ့္က လက္မွတ္ေရးထိုးမည့္ အစီအစဥ္ကို ဖ်က္သိမ္းခဲ့သလို ကနဦး သေဘာတူညီခ်က္မ်ားကိုလည္း ဖ်က္သိမ္းလိုက္ေၾကာင္း ၎က ေၾကညာ ခဲ့ပါတယ္။

“ၿငိမ္းခ်မ္းေရး သေဘာတူညီခ်က္အတြက္ အတိုင္းအတာတစ္ခုအထိ ရရွိေအာင္ လုပ္ေဆာင္သြားမွာပါ” ဟု အာဖဂန္သို႔ ကာကြယ္ေရးဝန္ႀကီး အျဖစ္ ပထမဆုံး  ေရာက္ရွိလာသူ အက္စ္ပါက ေျပာၾကားပါတယ္။ၿငိမ္းခ်မ္းေရး သေဘာတူစာခ်ဳပ္အသစ္ရရွိရန္ မည္မွ် အခ်ိန္ၾကာျမင့္မည္ကို မသိရွိေသးေၾကာင္းလည္း ၎က ေျပာပါတယ္။ၿငိမ္းခ်မ္းေရးအတြက္ ၾကားဝင္ေစ့စပ္သူ ခါလီဇက္က ေအာက္တိုဘာလအေစာပိုင္းအတြင္း တာလီဘန္အဖြဲ႕ ႏွင့္ ပါကစၥတန္ႏိုင္ငံ၊ အစၥလာမာဘတ္၌ ေတြ႕ဆုံခဲ့ေသာ္လည္း တိုးတက္မႈ မည္မွ်အထိရွိခဲ့ေၾကာင္း မေျပာၾကားခဲ့ေပ။

Linko
Ref: Al Jazeera
ကဘူးလ္၊ေအာက္တိုဘာ ၂၁