တိုင်ဖွန်းလီကီမာတိုင်ခတ်မှုကြောင့် တရုတ်ပြည်တွင် အနည်းဆုံး လူ ၁၈ ဦးခန့်သေဆုံး

တိုင်ဖွန်းလီကီမာတိုင်ခတ်မှုကြောင့် တရုတ်ပြည်တွင် အနည်းဆုံး လူ ၁၈ ဦးခန့်သေဆုံး

တရုတ်နိုင်ငံအရှေ့ပိုင်း Zhejiang ပြည်နယ် မှာ စနေနေ့က တိုင်ဖွန်းမုန်တိုင်း လီကီမာဝင်ရောက် တိုက်ခတ်ခဲ့တဲ့ အတွက် ရေကြီးမှုတွေ ဖြစ်ပေါ်ပြီးအနည်းဆုံး လူ ၁၈ ဦးသေဆုံးကာ ၁၄ ဦးပျောက်ဆုံးနေ တယ် လို့ အစိုးရပိုင် မီဒီယာဖြစ်တဲ့ CCTVက ဖော်ပြခဲ့ပါတယ်။

တိုင်ဖွန်းမုန်တိင်းကြောင့် သစ်ပင်တွေထောင်နဲ့ချီပြီး ပြိုလဲခဲ့သလို သန်းနဲ့ချီတဲ့ လူနေအိမ်တွေလည်း ပြိုလဲပျက်စီးခဲ့တယ်လို့ ဒေသခံအာဏာ ပိုင်တွေက ဆိုပါတယ်။တိုင်ဖွန်းဟာ တရုတ်အရှေ့ပိုင်း Zhejiang ပြည်နယ် ဝန်လင်းမြို့ကို ပထမဆုံးဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အတွက် စနေနေ့အစောပိုင်း ကတည်းက ရေကြီးမှုတွေ ဖြစ်ခဲ့ပါတယ်။ မုန်တိုင်းဟာ ဒီနောက်မှာ အနောက်ဘက် က လူနေထူထပ် တဲ့ ရှန်ဟိုင်းကို ဦးတည်ဝင်ရောက်ခဲ့ပါတယ်။

ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ဝမ်ဇူးမြို့ မြောက်ဘက်  ကီလိုမီတာ ၁၃၀ ခန့်အကွာ Zhejiang ပြည်နယ် ယောင်ဂျီခရိုင်မှာ တောင်ပြို ကမ်းပြိုမှုတွေနဲ့ရေကြီးမှုတွေ ဖြစ်ခဲ့ပါတယ်။ မြစ်ထဲ မြေပြိုကျမှုတွေကြောင့် ရေကို ပိတ်ဆို့သလိုဖြစ်ပြီး သဘာဝတမံသဖွယ်ဖြစ်ခဲ့ပါတယ်။ ထိုသဘာဝတမံ ကျိုးပေါက်ခဲ့သဖြင့် အလုံးအရင်းဖြင့် ရေစီးဆင်းစေခဲ့သလို ဖြစ်ကာ ရေကြီးမှုတွေ ဖြစ်ခဲ့ပါတယ်။

သောကြာနေ့မှာ  တရုတ်မိုးလေဝသဌာနက တိုင်ဖွန်းမုန်တိုင်းဟာ တရုတ်အရှေ့ပင်လယ်နဲ့ ထိုင်ဝမ် မြောက် ပိုင်းကနေ တရုတ်ပြည်မကြီးဘက်ချည်းကပ်လာတဲ့ အတွက် အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အနီရောင်အဆင့် သတိ ပေးချက်ထုတ်ခဲ့ပါတယ်။ ဒီလိုချည်း ကပ်လာစဉ်မှာ မုန်တိုင်းကြောင့် လူတစ်ဦးသေဆုံးခဲ့ပါတယ်။

စနေနေ့မှာတော့ မုန်တိုင်းသတိပေးချက်ကို လိမ္မော်ရောင်အဆင့် လျော့ချခဲ့ပါတယ်။ဒါဟာ တရုတ် နိုင်ငံမှာ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး ဒုတိယအမြင့်ဆုံး သတိပေးချက်ဖြစ်ပါတယ်။

Linko
Ref: aljazeera.com
ဘေကျင်း၊သြဂုတ် ၁၀

(  Zawgyi  )

 တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း Zhejiang ျပည္နယ္ မွာ စေနေန႔က တိုင္ဖြန္းမုန္တိုင္း လီကီမာဝင္ေရာက္ တိုက္ခတ္ခဲ့တဲ့ အတြက္ ေရႀကီးမႈေတြ ျဖစ္ေပၚၿပီးအနည္းဆုံး လူ ၁၈ ဦးေသဆုံးကာ ၁၄ ဦးေပ်ာက္ဆုံးေန တယ္ လို႔ အစိုးရပိုင္ မီဒီယာျဖစ္တဲ့ CCTVက ေဖာ္ျပခဲ့ပါတယ္။

တိုင္ဖြန္းမုန္တိင္းေၾကာင့္ သစ္ပင္ေတြေထာင္နဲ႔ခ်ီၿပီး ၿပိဳလဲခဲ့သလို သန္းနဲ႔ခ်ီတဲ့ လူေနအိမ္ေတြလည္း ၿပိဳလဲပ်က္စီးခဲ့တယ္လို႔ ေဒသခံအာဏာ ပိုင္ေတြက ဆိုပါတယ္။တိုင္ဖြန္းဟာ တ႐ုတ္အေရွ႕ပိုင္း Zhejiang ျပည္နယ္ ဝန္လင္းၿမိဳ႕ကို ပထမဆုံးဝင္ေရာက္တိုက္ခတ္ခဲ့တဲ့ အတြက္ စေနေန႔အေစာပိုင္း ကတည္းက ေရႀကီးမႈေတြ ျဖစ္ခဲ့ပါတယ္။ မုန္တိုင္းဟာ ဒီေနာက္မွာ အေနာက္ဘက္ က လူေနထူထပ္ တဲ့ ရွန္ဟိုင္းကို ဦးတည္ဝင္ေရာက္ခဲ့ပါတယ္။

ကမ္း႐ိုးတန္းၿမိဳ႕ျဖစ္တဲ့ ဝမ္ဇူးၿမိဳ႕ ေျမာက္ဘက္  ကီလိုမီတာ ၁၃၀ ခန႔္အကြာ Zhejiang ျပည္နယ္ ေယာင္ဂ်ီခ႐ိုင္မွာ ေတာင္ၿပိဳ ကမ္းၿပိဳမႈေတြနဲ႔ေရႀကီးမႈေတြ ျဖစ္ခဲ့ပါတယ္။ ျမစ္ထဲ ေျမၿပိဳက်မႈေတြေၾကာင့္ ေရကို ပိတ္ဆို႔သလိုျဖစ္ၿပီး သဘာဝတမံသဖြယ္ျဖစ္ခဲ့ပါတယ္။ ထိုသဘာဝတမံ က်ိဳးေပါက္ခဲ့သျဖင့္ အလုံးအရင္းျဖင့္ ေရစီးဆင္းေစခဲ့သလို ျဖစ္ကာ ေရႀကီးမႈေတြ ျဖစ္ခဲ့ပါတယ္။

ေသာၾကာေန႔မွာ  တ႐ုတ္မိုးေလဝသဌာနက တိုင္ဖြန္းမုန္တိုင္းဟာ တ႐ုတ္အေရွ႕ပင္လယ္နဲ႔ ထိုင္ဝမ္ ေျမာက္ ပိုင္းကေန တ႐ုတ္ျပည္မႀကီးဘက္ခ်ည္းကပ္လာတဲ့ အတြက္ အျမင့္ဆုံးအဆင့္ျဖစ္တဲ့ အနီေရာင္အဆင့္ သတိ ေပးခ်က္ထုတ္ခဲ့ပါတယ္။ ဒီလိုခ်ည္း ကပ္လာစဥ္မွာ မုန္တိုင္းေၾကာင့္ လူတစ္ဦးေသဆုံးခဲ့ပါတယ္။

စေနေန႔မွာေတာ့ မုန္တိုင္းသတိေပးခ်က္ကို လိေမၼာ္ေရာင္အဆင့္ ေလ်ာ့ခ်ခဲ့ပါတယ္။ဒါဟာ တ႐ုတ္ ႏိုင္ငံမွာ သဘာဝေဘးအႏၲရာယ္နဲ႔ပတ္သက္ၿပီး ဒုတိယအျမင့္ဆုံး သတိေပးခ်က္ျဖစ္ပါတယ္။

Linko
Ref: aljazeera.com
ေဘက်င္း၊ၾသဂုတ္ ၁၀