တူရကီနဲ့ အပစ်ရပ်သဘောတူညီမှုရလို့ ဆီးရီးယားနယ်စပ် Ras al-Ain မြို့ကနေ SDFတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာ

တူရကီနဲ့ အပစ်ရပ်သဘောတူညီမှုရလို့ ဆီးရီးယားနယ်စပ် Ras al-Ain မြို့ကနေ SDFတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာ

တူရကီနဲ့နယ်စပ် ဆီးရီးယားအရှေ့မြောက်ပိုင်း Ras al-Ainမြို့ကနေ ဆီးရီးယားဒီမိုကရက်တပ်ဖွဲ့ဝင်(SDF) ကာ့ဒ်တိုက်ခိုက်ရေးသမားတွေ အခုလ ၂၀ ရက်နေ့မှာ ပြောင်းရွှေ့ထွက်ခွာသွားပြီလို့ သိရပါတယ်။ အမေရိကန်ကြားဝင်စေ့စပ်မှုနဲ့ အခုလ ၁၇ ရက်နေ့မှာ တူရကီနဲ့ အပစ်ရပ် သဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း အမေရိကန်ကျောထောက်နောက်ခံပေးထာတဲ့ SDF အဖွဲ့ဝင်တွေ ဆုတ်ခွာခဲ့တာ ဖြစ်ပါ တယ်။ အဲဒီမြို့မှာ သူတို့တပ်ဖွဲ့ဝင်တွေတစ်ယောက်မှ မကျန်တော့ဘူးဆိုတာကိုလည်း SDFပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့ပါတယ်။

SDF တပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ယာဉ်တွေ Ras al-Ainကနေ တောင်ဘက် ၂၄ မိုင်အကွာက Tal Tamrမြို့ဆီဦးတည်သွားနေတယ်လို့လည်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းထုတ်ပြန်ခဲ့ပါတယ်။ Ras al-Ainဒေသ SDFတပ်တွေကို တူရကီဦးဆောင်တဲ့တပ်တွေက ဝန်းရံထားခဲ့တာပါ။ ဆီးရီးယားအရှေ့မြောက်ပိုင်းမှာ တူရကီထိုးစစ်ဆင်နေပေမဲ့ ပြီးခဲ့တဲ့တစ်ပတ်အတွင်း Ras al-Ain ဒေသနယ်မြေအများစုကို တူရကီကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယားသူပုန်တပ်တွေက သိမ်းယူခဲ့တယ်လို့ ရိုက်တာက ပြောပါတယ်။

ဆီးရီးယားဒီမိုကရက်တပ်ဆုတ်ခွာမှုက အောက်တိုဘာ ၁၇ ရက်နှောင်းပိုင်း စတင်သက်ရောက်တဲ့ အပစ်ရပ်သဘောတူညီမှုကို အားပေး ရာရောက်ပေမဲ့ အဲဒီကတည်းက မငြိမ်မသက်ဖြစ်နေတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။ အပစ်ရပ်သဘောတူညီမှုကြောင့် ဒီတစ်ပတ် အနှောင်းပိုင်းအထိ တူရကီစစ်ဆင်ရေး ခေတ္တရပ်ဆိုင်းထားပေမဲ့ ရံဖန်ရံခါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိနေပါတယ်။ သဘောတူ ညီချက်မတိုင်ခင်က Ras al-Ainမြို့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး၊ သဘောတူညီချက်ရပြီးနောက်ပိုင်း မကြာခဏဆိုသလို တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ Al Jazeeraသတင်းထောက်က ပြောပါတယ်။

ရည်မွန်
Ref: Aljazeera
ဒမတ်စကပ်၊ အောက်တိုဘာ ၂၁

(  Zawgyi  )

 တူရကီနဲ႔နယ္စပ္ ဆီးရီးယားအေရွ႕ေျမာက္ပိုင္း Ras al-Ainၿမိဳ႕ကေန ဆီးရီးယားဒီမိုကရက္တပ္ဖြဲ႕ဝင္(SDF) ကာ့ဒ္တိုက္ခိုက္ေရးသမားေတြ အခုလ ၂၀ ရက္ေန႔မွာ ေျပာင္းေ႐ႊ႕ထြက္ခြာသြားၿပီလို႔ သိရပါတယ္။ အေမရိကန္ၾကားဝင္ေစ့စပ္မႈနဲ႔ အခုလ ၁၇ ရက္ေန႔မွာ တူရကီနဲ႔ အပစ္ရပ္ သေဘာတူညီခ်က္ လက္မွတ္ေရးထိုးၿပီးေနာက္ပိုင္း အေမရိကန္ေက်ာေထာက္ေနာက္ခံေပးထာတဲ့ SDF အဖြဲ႕ဝင္ေတြ ဆုတ္ခြာခဲ့တာ ျဖစ္ပါ တယ္။ အဲဒီၿမိဳ႕မွာ သူတို႔တပ္ဖြဲ႕ဝင္ေတြတစ္ေယာက္မွ မက်န္ေတာ့ဘူးဆိုတာကိုလည္း SDFေျပာေရးဆိုခြင့္ရွိသူက အတည္ျပဳခဲ့ပါတယ္။

SDF တပ္ဖြဲ႕ဝင္ေတြလိုက္ပါလာတဲ့ယာဥ္ေတြ Ras al-Ainကေန ေတာင္ဘက္ ၂၄ မိုင္အကြာက Tal Tamrၿမိဳ႕ဆီဦးတည္သြားေနတယ္လို႔လည္း တူရကီကာကြယ္ေရးဝန္ႀကီးဌာနက အေစာပိုင္းထုတ္ျပန္ခဲ့ပါတယ္။ Ras al-Ainေဒသ SDFတပ္ေတြကို တူရကီဦးေဆာင္တဲ့တပ္ေတြက ဝန္းရံထားခဲ့တာပါ။ ဆီးရီးယားအေရွ႕ေျမာက္ပိုင္းမွာ တူရကီထိုးစစ္ဆင္ေနေပမဲ့ ၿပီးခဲ့တဲ့တစ္ပတ္အတြင္း Ras al-Ain ေဒသနယ္ေျမအမ်ားစုကို တူရကီေက်ာေထာက္ေနာက္ခံေပးထားတဲ့ ဆီးရီးယားသူပုန္တပ္ေတြက သိမ္းယူခဲ့တယ္လို႔ ႐ိုက္တာက ေျပာပါတယ္။

ဆီးရီးယားဒီမိုကရက္တပ္ဆုတ္ခြာမႈက ေအာက္တိုဘာ ၁၇ ရက္ေႏွာင္းပိုင္း စတင္သက္ေရာက္တဲ့ အပစ္ရပ္သေဘာတူညီမႈကို အားေပး ရာေရာက္ေပမဲ့ အဲဒီကတည္းက မၿငိမ္မသက္ျဖစ္ေနတယ္လို႔လည္း သတင္းေတြက ဆိုပါတယ္။ အပစ္ရပ္သေဘာတူညီမႈေၾကာင့္ ဒီတစ္ပတ္ အေႏွာင္းပိုင္းအထိ တူရကီစစ္ဆင္ေရး ေခတၱရပ္ဆိုင္းထားေပမဲ့ ရံဖန္ရံခါ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေတြ ရွိေနပါတယ္။ သေဘာတူ ညီခ်က္မတိုင္ခင္က Ras al-Ainၿမိဳ႕မွာ တိုက္ပြဲေတြျပင္းထန္ေနၿပီး၊ သေဘာတူညီခ်က္ရၿပီးေနာက္ပိုင္း မၾကာခဏဆိုသလို တိုက္ပြဲေတြ ဆက္ျဖစ္ေနတယ္လို႔ Al Jazeeraသတင္းေထာက္က ေျပာပါတယ္။

ရည္မြန္
Ref: Aljazeera
ဒမတ္စကပ္၊ ေအာက္တိုဘာ ၂၁