တူရကီအရှေ့ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ ၉ ဦး သေဆုံး

တူရကီအရှေ့ပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ ၉ ဦး သေဆုံး

ပြင်းအား ၇ ဒသမ၇ အဆင့်ရှိ ငလျင်တစ်ခု ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းတွင် လှုပ်ခတ်မှုကြောင့် တူရကီနိုင်ငံအရှေ့ပိုင်းတွင် လူ ၉ ဦး သေဆုံးသွားကြောင်း ကျန်းမာရေးဝန်ကြီး ဖာရက်တင်ကိုကာက ပြောကြားပါတယ်။ အီရန်အနောက်ပိုင်း ခိုယက်မြို့နှင့် နယ်နမိတ်ချင်း ကပ်နေသည့် နေရာအား ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်သည် တူရကီနိုင်ငံတွင်း ဗင်ပြည်နယ်မှ ရွာများသို့ သက်ရောက်ခဲ့ပါတယ်။

သေဆုံးသူများအနက် ၃ ဦးထက်မနည်းသည် ကလေးများဖြစ်ကြောင်း တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆိုလူက ပြောကြားပါ တယ်။ ဒဏ်ရာရသူ ၃၇ ဦးကျော်ရှိသည့်အနက် ၉ ဦးသည် ပြင်းထန်သော်လည်း အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ကျန်းမာရေး ဝန်ကြီး က ပြောပါတယ်။

အီရန် IRNA သတင်းအေဂျင်စီက နိုင်ငံတွင်း ၇၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ရာတွင် ၆ ဦးကို ဆေးရုံတင်ထားရကြောင်း ဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၂၄ နံနက်ပိုင်းကလည်း အဆိုပါ နေရာ၌ပင် ပမာဏတူပြင်းအားရှိသည့် ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း အီရန် ငလျင်ဌာနက ထုတ်ပြန်ခဲ့သော်လည်း ပျက်စီးဆုံးရှုံးမှုကို မသိရှိရသေးပေ။

၂၀၁၁ ခုနှစ်က ဗင်ပြည်နယ် မြောက်ပိုင်းတွင်လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူ ၆၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Linko
Ref: AP
အန်ကာရာ၊ ဖေဖော်ဝါရီ ၂၄

(  Zawgyi  )

 ျပင္းအား ၇ ဒသမ၇ အဆင့္ရွိ ငလ်င္တစ္ခု ေဖေဖာ္ဝါရီ ၂၃ ရက္ ညပိုင္းတြင္ လႈပ္ခတ္မႈေၾကာင့္ တူရကီႏိုင္ငံအေရွ႕ပိုင္းတြင္ လူ ၉ ဦး ေသဆုံးသြားေၾကာင္း က်န္းမာေရးဝန္ႀကီး ဖာရက္တင္ကိုကာက ေျပာၾကားပါတယ္။ အီရန္အေနာက္ပိုင္း ခိုယက္ၿမိဳ႕ႏွင့္ နယ္နမိတ္ခ်င္း ကပ္ေနသည့္ ေနရာအား ဗဟိုျပဳ၍ လႈပ္ခတ္ခဲ့သည့္ ငလ်င္သည္ တူရကီႏိုင္ငံတြင္း ဗင္ျပည္နယ္မွ ႐ြာမ်ားသို႔ သက္ေရာက္ခဲ့ပါတယ္။

ေသဆုံးသူမ်ားအနက္ ၃ ဦးထက္မနည္းသည္ ကေလးမ်ားျဖစ္ေၾကာင္း တူရကီျပည္ထဲေရးဝန္ႀကီး ဆူေလမန္ဆိုလူက ေျပာၾကားပါ တယ္။ ဒဏ္ရာရသူ ၃၇ ဦးေက်ာ္ရွိသည့္အနက္ ၉ ဦးသည္ ျပင္းထန္ေသာ္လည္း အသက္အႏၲရာယ္မစိုးရိမ္ရေၾကာင္း က်န္းမာေရး ဝန္ႀကီး က ေျပာပါတယ္။

အီရန္ IRNA သတင္းေအဂ်င္စီက ႏိုင္ငံတြင္း ၇၅ ဦးထက္မနည္း ဒဏ္ရာရခဲ့ရာတြင္ ၆ ဦးကို ေဆး႐ုံတင္ထားရေၾကာင္း ေဖာ္ျပပါတယ္။ ေဖေဖာ္ဝါရီ ၂၄ နံနက္ပိုင္းကလည္း အဆိုပါ ေနရာ၌ပင္ ပမာဏတူျပင္းအားရွိသည့္ ငလ်င္တစ္ခု ထပ္မံ လႈပ္ခတ္ခဲ့ေၾကာင္း အီရန္ ငလ်င္ဌာနက ထုတ္ျပန္ခဲ့ေသာ္လည္း ပ်က္စီးဆုံးရႈံးမႈကို မသိရွိရေသးေပ။

၂၀၁၁ ခုႏွစ္က ဗင္ျပည္နယ္ ေျမာက္ပိုင္းတြင္လႈပ္ခတ္ခဲ့သည့္ ငလ်င္ေၾကာင့္ လူ ၆၀၀ ေက်ာ္ ေသဆုံးခဲ့ပါတယ္။

Linko
Ref: AP
အန္ကာရာ၊ ေဖေဖာ္ဝါရီ ၂၄