တူရကီ၏ ကာ့ဒ်ချေမှုန်းရေး လေကြောင်းတိုက်ခိုက်မှု အီရတ်အစိုးရနဲ့ ညှိနှိုင်းမှုမရှိခဲ့ဟု ဆို

တူရကီ၏ ကာ့ဒ်ချေမှုန်းရေး လေကြောင်းတိုက်ခိုက်မှု အီရတ်အစိုးရနဲ့ ညှိနှိုင်းမှုမရှိခဲ့ဟု ဆို

အီရတ်မြောက်ပိုင်း တူရကီလေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အီရတ် ဥပဒေပြုကောင်စီအဖွဲ့ဝင် Sarkawt Shamsulddin က အခုတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တူရကီဘက်က အီရတ်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်တာ လုံးဝမရှိခဲ့ဘူးလို့ ပြောပါတယ်။

"၁၉၈၀ ခုနှစ်တွေက အီရတ်နဲ့ တူရကီအကြားရှိခဲ့တဲ့ သဘောတူညီချက်အတိုင်း တူရကီက ဆက်လုပ်နေတာပါ။အခု တူရကီ ထိုးစစ်ဆင်နေတဲ့ စစ်ဆင်ရေးတွေနဲ့ ပတ်သက်ပြီး လက်ရှိ အီရတ်အစိုးရနဲ့ တိုင်ပင်ဆွေးနွေးတာ၊ ညှိနှိုင်းဆောင်ရွက်တာ မရှိပါဘူး။ဒါဟာ နှစ်နိုင်ငံဆက်ဆံရေးအတွက်လည်း ဆိုးကျိုးဖြစ်စေပြီး၊ အခက်တွေ့နိုင်တဲ့ အခြေဆိုက်လာနိုင်ပါတယ်။နောက် တူရကီရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း အီရတ်မှာ လုပ်ကိုင်ရခက်သွားလိမ့်မယ်" လို့ အဲဒီ အီရတ်ဥပဒေပြုအမတ်က ပြောပါတယ်။

အီရတ်အစိုးရနဲ့ ကာ့ဒ်တွေကြား ဆွေးနွေးပွဲတွေ အကြိမ်ကြိမ်ရှိခဲ့ပေမဲ့ အောင်မြင်မှုမရှိဘဲ ဘာမှဖြစ်မလာခဲ့ဘူးလို့လည်း မစ္စတာ Shamsulddin က ဖြေကြားခဲ့ပါတယ်။

"အခုကိစ္စဟာ အီရတ်ပြည်တွင်းရေး မဟုတ်ဘဲ တူရကီပြည်တွင်းရေး ဖြစ်တာကြောင့် ဘယ်လိုကိုယ်တွယ် ဖြေရှင်းမလဲဆိုတာနဲ့ ပတ်သက်ပြီး မဟာဗျူဟာမရှိသလို၊ အစီအစဉ်တစ်စုံတစ်ရာလည်း မရှိပါဘူး။တစ်ကမ္ဘာလုံး မှာရှိတဲ့ ကာ့ဒ်လူမျိုးတွေကို အီရတ်က စာနာပေမဲ့ နိုင်ငံရေးမှာ ကြားဝင်စွက်ဖက်ပိုင်ခွင့် မရှိပါဘူး။ပြဿနာကို သူတို့ဘာသာပဲ ဖြေရှင်းရမှာပါ။ငြိမ်းချမ်းစွာ ဖြေရှင်းလိုတယ်ဆိုရင်တော့ အီရတ်က ပါဝင်ကူညီနိုင်တယ်" လို့ Shamsulddin က ဆိုပါတယ်။

အီရတ်မြောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုအတွင်း PKK အဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့ကြောင်း တူရကီ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ကိုးကားပြီး တူရကီ Anadolu သတင်းဌာနက အခုလ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အီရတ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နေ့ကတည်းက တူရကီက Operation Claw စစ်ဆင်ရေး စတင်ခဲ့ပြီး၊ Gara ဒေသမှာရှိတဲ့ PKK စစ်သွေးကြွတွေကို လေကြောင်းတိုက်ခိုက်မှုနဲ့ ချေမှုန်းလာခဲ့တာ ဖြစ်ပါတယ်။

ကာ့ဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်လာဖို့ ကြိုးပမ်းနေတဲ့ PKK အုပ်စုကို တူရကီအစိုးရက ၁၉၈၀ ခုနှစ် အစောပိုင်းကစလို့ ချေမှုန်းတိုက်ခိုက်လာတာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ အပစ်ရပ် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပေမဲ့ ၂ နှစ်အကြာမှာ PKK စစ်သွေးကြွတွေဘက်က အကြမ်းဖက်တိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်လာတာကြောင့် စာချုပ်ပျက်ပြယ်ခဲ့ရတယ်လို့ သိရပါတယ်။

ရည်မွန်
Ref : sputniknews
ဘက်ဂ္ဂဒက်၊ သြဂုတ် - ၈

( Zawgyi )

အီရတ္ေျမာက္ပိုင္း တူရကီေလေၾကာင္းတိုက္ခိုက္မႈေတြနဲ႔ ပတ္သက္ၿပီး အီရတ္ ဥပေဒျပဳေကာင္စီအဖြဲ႕ဝင္ Sarkawt Shamsulddin က အခုတိုက္ခိုက္မႈနဲ႔ ပတ္သက္ၿပီး တူရကီဘက္က အီရတ္အစိုးရနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္တာ လုံးဝမရွိခဲ့ဘူးလို႔ ေျပာပါတယ္။

"၁၉၈၀ ခုႏွစ္ေတြက အီရတ္နဲ႔ တူရကီအၾကားရွိခဲ့တဲ့ သေဘာတူညီခ်က္အတိုင္း တူရကီက ဆက္လုပ္ေနတာပါ။အခု တူရကီ ထိုးစစ္ဆင္ေနတဲ့ စစ္ဆင္ေရးေတြနဲ႔ ပတ္သက္ၿပီး လက္ရွိ အီရတ္အစိုးရနဲ႔ တိုင္ပင္ေဆြးေႏြးတာ၊ ညႇိႏႈိင္းေဆာင္႐ြက္တာ မရွိပါဘူး။ဒါဟာ ႏွစ္ႏိုင္ငံဆက္ဆံေရးအတြက္လည္း ဆိုးက်ိဳးျဖစ္ေစၿပီး၊ အခက္ေတြ႕ႏိုင္တဲ့ အေျခဆိုက္လာႏိုင္ပါတယ္။ေနာက္ တူရကီရင္းႏွီးျမႇဳပ္ႏွံသူေတြအတြက္လည္း အီရတ္မွာ လုပ္ကိုင္ရခက္သြားလိမ့္မယ္" လို႔ အဲဒီ အီရတ္ဥပေဒျပဳအမတ္က ေျပာပါတယ္။

အီရတ္အစိုးရနဲ႔ ကာ့ဒ္ေတြၾကား ေဆြးေႏြးပြဲေတြ အႀကိမ္ႀကိမ္ရွိခဲ့ေပမဲ့ ေအာင္ျမင္မႈမရွိဘဲ ဘာမွျဖစ္မလာခဲ့ဘူးလို႔လည္း မစၥတာ Shamsulddin က ေျဖၾကားခဲ့ပါတယ္။

"အခုကိစၥဟာ အီရတ္ျပည္တြင္းေရး မဟုတ္ဘဲ တူရကီျပည္တြင္းေရး ျဖစ္တာေၾကာင့္ ဘယ္လိုကိုယ္တြယ္ ေျဖရွင္းမလဲဆိုတာနဲ႔ ပတ္သက္ၿပီး မဟာဗ်ဴဟာမရွိသလို၊ အစီအစဥ္တစ္စုံတစ္ရာလည္း မရွိပါဘူး။တစ္ကမာၻလုံး မွာရွိတဲ့ ကာ့ဒ္လူမ်ိဳးေတြကို အီရတ္က စာနာေပမဲ့ ႏိုင္ငံေရးမွာ ၾကားဝင္စြက္ဖက္ပိုင္ခြင့္ မရွိပါဘူး။ျပႆနာကို သူတို႔ဘာသာပဲ ေျဖရွင္းရမွာပါ။ၿငိမ္းခ်မ္းစြာ ေျဖရွင္းလိုတယ္ဆိုရင္ေတာ့ အီရတ္က ပါဝင္ကူညီႏိုင္တယ္" လို႔ Shamsulddin က ဆိုပါတယ္။

အီရတ္ေျမာက္ပိုင္း ေလေၾကာင္းတိုက္ခိုက္မႈအတြင္း PKK အဖြဲ႕ဝင္ ၇ ဦး ေသဆုံးခဲ့ေၾကာင္း တူရကီ ကာကြယ္ေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္ကို ကိုးကားၿပီး တူရကီ Anadolu သတင္းဌာနက အခုလ ၇ ရက္ေန႔မွာ ထုတ္ျပန္ပါတယ္။

အီရတ္ေျမာက္ပိုင္းမွာ ၿပီးခဲ့တဲ့ ေမလ ၂၇ ရက္ေန႔ကတည္းက တူရကီက Operation Claw စစ္ဆင္ေရး စတင္ခဲ့ၿပီး၊ Gara ေဒသမွာရွိတဲ့ PKK စစ္ေသြးႂကြေတြကို ေလေၾကာင္းတိုက္ခိုက္မႈနဲ႔ ေခ်မႈန္းလာခဲ့တာ ျဖစ္ပါတယ္။

ကာ့ဒ္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသျဖစ္လာဖို႔ ႀကိဳးပမ္းေနတဲ့ PKK အုပ္စုကို တူရကီအစိုးရက ၁၉၈၀ ခုႏွစ္ အေစာပိုင္းကစလို႔ ေခ်မႈန္းတိုက္ခိုက္လာတာ ျဖစ္ပါတယ္။

၂၀၁၃ ခုႏွစ္မွာ အပစ္ရပ္ သေဘာတူစာခ်ဳပ္ လက္မွတ္ေရးထိုးခဲ့ေပမဲ့ ၂ ႏွစ္အၾကာမွာ PKK စစ္ေသြးႂကြေတြဘက္က အၾကမ္းဖက္တိုက္ခိုက္မႈေတြ အႀကိမ္ႀကိမ္ျပဳလုပ္လာတာေၾကာင့္ စာခ်ဳပ္ပ်က္ျပယ္ခဲ့ရတယ္လို႔ သိရပါတယ္။

ရည္မြန္
Ref : sputniknews
ဘက္ဂၢဒက္၊ ၾသဂုတ္ - ၈